#Local_News
Published 31 July 2023
မြန်မာနိုင်ငံတွင်အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းစုစုပေါင်း(၃၀၄၃)ဖွဲ့ ကို တရားဝင်အသိအမှတ်ပြုကာ ဖွဲ့စည်းခွင့်ပြုထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၁ ခုနှစ်အလုပ်သမားအဖွဲ့အစည်းဥပဒေပြဌာန်းပြီးချိန်မှ ၂၀၂၃ခုနှစ်ဇူလိုင်လ၃၀ရက်အထိ အဆိုပါ အလုပ်သမားအဖွဲ့ အစည်းများ၊အလုပ်ရှင်အဖွဲ့အစည်းများကို အလုပ်သမားဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးပြီး ဖွဲ့စည်းခွင့်ပြုထားသည်ဟုဆိုသည်။
ယင်းခွင့်ပြုထားသည့် အဖွဲ့အစည်းများစွာအနက် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(CTUM)၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)၊မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်(IWFM)၊မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (MICF-TUsF)၊မြန်မာနိုင်ငံတောင်သူလယ်သမား၊စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM-IUF)များအပါအဝင် အဖွဲ့(၁၁)ဖွဲ့ပါဝင်ကြောင်းဖော်ပြထားသည်။
အဆိုပါအဖွဲ့အစည်းများအပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင်အလုပ်သမားအဖွဲ့အစည်း(၂၅)ဖွဲ့၊မြို့နယ်အလုပ်ရှင် အဖွဲ့အစည်း(၁)ဖွဲ့၊မြို့နယ်အလုပ်သမားအဖွဲ့အစည်း(၁၅၆)ဖွဲ့၊အခြေခံအလုပ်ရှင်အဖွဲ့အစည်း(၂၆)ဖွဲ့၊အခြေခံ အလုပ်သမားအဖွဲ့ (၂၈၂၄)ဖွဲ့တို့ကိုလည်း အသိအမှတ်ပြုလက်မှတ်များထုတ်ပေးထားကြောင်းနှင့် ၂၀၁၁ခုနှစ်မှ ယနေ့ချိန်အထိ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းစုစုပေါင်း(၃၀၄၃)ဖွဲ့ကိုအသိအမှတ်ပြု လက်မှတ်များထုတ်ပေးပြီးဖြစ်ကြောင်းထုတ်ပြန်ဖော်ပြထားသည်။
#tthl #Local_News #အလုပ်သမားအဖွဲ့အစည်း #အလုပ်ရှင်အဖွဲ့အစည်း
#Yangon_Times
အမှိုက်ကတစ်ဆင့် မြေဆွေးထုတ်လုပ်တာကို မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သန့်ရှင်းရေးဌာနက လှိုင်သာယာမြို့နယ် ထိန်ပင်စွန့်ပစ်အမှိုက်ပုံရုံးမှာထုတ်လုပ်
Published 31 July 2023
#စွန့်ပစ်အမှိုက်မှ မြေဆွေး
#YMG/my
#Yangon_Times
သင်္ဘောဟာ စတင်နစ်မြှုပ်ချိန်ကစလို ဆယ်ယူနိုင်တဲ့ အချိန်ထိ (၁၀)ကြာနစ်မြှုပ်ခဲ့တာဖြစ်
Published 31 July 2023
#ကုန်တင်သင်္ဘောပြန်လည်ဆယ်ယူနိုင်
#YMG/my #Yangon_Times
‘ရန်ကုန်မြစ်ကြောင်းသွားလာနေတဲ့သဗ္ဗာန်တွေ၊ စက်လှေ၊ သင်္ဘောတွေနဲ့ ခရီးသွားတွေအနေနဲ့ မြစ်ကြောင်းအတွင်း မိုးသည်းထန်တာနဲ့အတူ လေပြင်းပါတိုက်နိုင်လို့ သတိထားသွားလာကြဖို့လိုတယ်’ ဦးလှထွန်း၊ညွှန်ကြားရေးမှူး (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published 31 July 2023
#ရန်ကုန်တွင် မိုးဆက်တိုက်သည်းမည်
#tthl
#Yangon_Times
#Local_News
Published- 31 July 2023
မြန်မာ့မျှစ်ခြောက်ကို ဂျပန်နိုင်ငံမှ နှစ်စဉ် မျှစ်ခြောက်တန်ချိန် (၂၀၀)ခန့် အထိအမှာရှိနေကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှာ မျှစ်ကို ပြည်တွင်းစားသုံးမှုသာမက မျှစ်ခြောက်ပြုလုပ်ကာ ပြည်ပသို တင်ပိုမှုတွေ ရှိနေပြီးဂျပန်နိုင်ငံမှ နှစ်စဉ် မျှစ်ခြောက်တန်ချိန် (၂၀၀) အမှာ ရှိနေသော်လည်း ကုန်ကြမ်းရှားပါးမှုကြောင့် (၇) တန် လောက်သာ တင်ပိုနိုင်ပြီးဈေးကွက်လိုသလောက် တင်ပိုနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းအစုအဖွဲမှ ဥက္ကဋ္ဌ ဒေါ်နန်းခင်အုန်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မျှစ်ကို သဘာဝဝါးတောတွေကနေသာ ခူးယူနေရခြင်းဖြစ်ပြီး၊ ဝါးစိုက်ခင်းအဖြစ် စိုက်ပျိုးလာမှသာ ကုန်ကြမ်းရရှိမှု လုံလောက်ကာ နိုင်ငံခြားပိုကုန်အဖြစ်လည်း တင်ပိုနိုင်မည် ဖြစ်၍ယခုလက်ရှိ စိုက်ခင်းများ လုပ်ဆောင်သွားရန်အတွက် ကြိုးပမ်းနေကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံအတွက် မျှစ်ခြောက်ဈေးကွက်သည် အလားအလာကောင်းနေပြီး၊ မဲခေါင်-လန်ချန်း အစီအစဉ်အရ ဝါးတောတွေပျိုးထောင်ရန် လုပ်ဆောင်နေပြီးနိုင်ငံတော်အနေနဲ့လည်း ဝါးစိုက်ခင်းများထူထောင်ရန်အတွက် မြေလျှောက်ထားခွင့်တွေကိုလည်း ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
#Yangon_Times/PP
Published_30 July 2023
ဧရာဝတီတိုင်း၊ငွေဆောင်ကမ်းခြေတွင် မိုးရာသီကာလအတွင်း ရေဝဲများဖြစ်ပေါ်တတ်သည့်နေရာများတွင် ရေဆင်းမကူးရန် သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူခဲ့ကြောင်းသိရသည်။
ငွေဆောင်မြို့အမှတ်(၃)ရပ်ကွက်ရှိ ချစ်သူများကျွန်းကမ်းခြေတစ်လျှောက်တွင် မိုးရာသီကာလ ပင်လယ်ပြင်အတွင်း ရေဝဲများဖြစ်ပေါ်နေသည့်အတွက် အန္တရာယ်ရှိသောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့်ရေဆင်းမကူးရန် သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူခဲ့သည်။
ယင်းသတိပေးချက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ငွေဆောင်မြို့ ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ငွေဆောင်ဟိုတယ်ဇုန်မှတာဝန်ရှိသူများ၊ကမ်းခြေလုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊အခြားတာဝန်ရှိသူများနှင့်ဒေသခံပြည်သူများပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်။
ငွေဆောင်ကမ်းခြေတွင် လိုင်စင်ရဟိုတယ်နှင့်တည်းခိုခန်း(၃၇)လုံးရှိပြီး ၂၀၂၃ခုနှစ်ဇန်နဝါရီမှဇွန်လအထိ လာရောက်တည်းခိုသူစုစုပေါင်း(၂၄၆၀၉၇)ဦးရှိခဲ့ကြောင်းနှင့်ယခင်နှစ်ကထက်တည်းခိုသူဦးရေ၆၄ရာခိုင်နှုန်း
ပိုမိုတိုးတက်ခဲ့ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_30 July 2023
ရပ်ကွက်အတွင်းရောင်းချနေသော ကျပ်(၂)သိန်းကျော်တန်ဖိုးရှိသည့်ဆေးဝါးနှစ်မျိုးကို FDAထောက်ခံချက်ရှိမရှိစစ်ဆေးပေးရန်တိုင်ကြားလာသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါဆေးဝါးများသည်FDAခွင့်ပြုချက်ရှိမရှိနှင့် တရားဝင်ဆေးဝါးများဖြစ်မဖြစ်စစ်ဆေးပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေစားသုံးသူတစ်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint Systemမှတစ်ဆင့်တိုင်ကြားလာခြင်းဖြစ်သည်။
စားသုံးသူဦးစီးဌာန(DOCA)အနေဖြင့် ယင်းဆေးဝါးနှစ်မျိုးအားအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဆေးဝါးတစ်မျိုးမှာ FDAတွင်မှတ်ပုံတင်ဆောင်ရွက်ထားမှုမရှိကြောင်းနှင့် ကျန်တစ်မျိုးကတော့ အစားအသောက်ဌာနခွဲတွင်သွင်းကုန်ကျန်းမာရေးထောက်ခံချက်ရရှိထားကြောင်း စစ်ဆေး တွေ့ရှိသည်ဟုဆိုသည်။
FDAထောက်ခံချက်မရှိသောဆေးဝါးတင်သွင်းမှုများကို ဆက်လက်အရေးယူပေးပါရန်တိုင်ကြားသူမှ ဆက်လက် တိုင်ကြားသဖြင့်FDAဌာန(ရန်ကုန်)သို့အမှုလွှဲပြောင်းပေးပို့ကာစားသုံးသူရေးရာဦးစီးဌာနမှဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Page 1097 of 2165