#DailyNews
Published_ 8 February 2023
၁။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ပုံမှန် ပြန်ဖွင့်ထားခြင်းကို လူသိနည်းနေ၊ အခမဲ့ကြည့်နိုင်
၂။ အိုးဘိုထောင်အပါအဝင် အကျဉ်းထောင်များတွင် စာအုပ်များအခမဲ့ လှူဒါန်းပေးလိုဟုဆို
၃။ ရန်ကုန်ရွှေဈေး ၂၂ သိန်းကျော် ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်အေးနိုင်
၄။ မျိုးသုဉ်းအန္တရာယ်ရှိနေသည့် ဧကရာဇ်လိပ်ပြာမျိုးစိတ် မုန်တိုင်းအန္တရာယ်နှင့်ရင်ဆိုင်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _8 February 2023
လျှပ်စစ်ကားတွေ အတွက်အမြန်အားသွင်းစက်တွေ ပြည်တွင်းကို ရောက်ပြီလို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦး၏ ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်ကောက်ရထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်၊၊
ကောက်ရထားသည့် ပတ်စ်ပို့သည် KO HAN Passport NO MC02472 ဖြစ်ပြီး ဂျပန်နိုင်ငံ Yukuhashi ရဲစခန်းမှ ကောက်ရထားခြင်းဖြစ်သည်၊၊
အဆိုပါ နိုင်ငံကူးလက်မှတ်ကို ဂျပန်နိုင်ငံ Yukuhashiရဲစခန်းတွင် ၂၀၂၃ခုနှစ် မေလ ၃ ရက် နောက်ဆုံးထားရွေးယူရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အသိပေးထားခြင်း ဖြစ်သည်၊၊
ကာယကံရှင်အနေဖြင့် ၂၀၂၃ခုနှစ် မေလ၃ရက်မတိုင်မီ ရွေးယူရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ဌာနသို့ ဆက်သွယ်ရန် အသိပေးချက်ထုတ်ပြန် ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ညောင်ဦးမြို့နယ်ရှိ ရေနံတွင်း မီးလောင်မှုဖြစ်စဉ်အတွက် ရေနံခပ်လုပ်သားကို အမှုဖွင့်ထားကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တက်မရေနံမြေလုပ်ငန်းဧရိယာအတွင်း ဖေဖော်ဝါရီလ ၇ ရက် နံနက် ၂ နာရီ ဝန်းကျင်က ရေနံကျင်းအတွင်းမှ ရေနံစိမ်းများကို ခပ်ယူနေချိန် ရေနံငြမ်းစင်ပါ သံမူလီနှင့်ရေနံခပ်ခွက်ပါ သံကိုင်းတို့ထိခပ်မိရာမှ မီးပွားထွက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရေနံကျင်းလေးကျင်းကို ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် (၁ဝ×၁၀)ပေပတ်လည် သက်ကယ်မိုး၊ အကာမပါဆီခပ်တဲ ၃လုံး၊ ၅လုံး၊ ၂၂ ကောင်စီလင်းအင်ဂျင်ဟောင်း ၃ လုံး၊ စက်ကလပ်ခုံ ၃ လုံး၊ ၁၆ ကောင်ဂျင်ဒေါင်းအင်ဂျင်ဟောင်း ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းကြောင့် မီးလောင်မှုဖြစ်စေခဲ့သည်မှာ ပေါ့ဆမှုဖြစ်၍ ရေနံခပ် လုပ်သားအား စဉ့်ကူနယ်မြေရဲစခန်းမှ (ပ)၇/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ထိုင်းလေတပ်အဖွဲ့ဝင်များ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ဖေဖော်ဝါရီ (၇)ရက်တွင် လာရောက်ဖူးမြော်ကြကြောင်း စေတီတော်ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
အဆိုပါဘုရားဖူးအဖွဲ့သည် WING COMMANDER JIRAPONG JINAIARN ထိုင်းလေတပ်လေယာဉ် TRADING MISSION မှ အဖွဲ့ဝင်များဖြစ်ပြီး အဖွဲ့ဝင်( ၁၅ )ဦးလာရောက်ခဲ့သည်ဟုဆိုသည်၊၊
ထိုင်းလေတပ်အဖွဲ့ဝင်များသည် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးရှိ မြတ်စွာဘုရား၏ ဆံတော်မြတ်၊ နန်းဦးဘုရားကြီးနှင့် ဘိုးဘိုးကြီးတို့အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 February 2023
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပြင်ကွင်းဆင်းပြီး လူဦးရေစားရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းမှာ ၉၉ ဒဿမ ၂၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီးဖြစ်တယ်လို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌ လူဝန်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။
သို့သော် ရခိုင်ပြည်နယ်အတွင်းက အိမ်ထောင်စုစာရင်းမရှိသူများကို အလွှတ်ပုံစံများနဲ့ ကောက်ယူနေပြီ အိမ်ထောင်စုပေါင်း ၁ ဒဿမ ၄သိန်းကျော် ကောက်ယူထားပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးကောက်ယူရန် လျာထားတဲ့ အိမ်ထောင်စုများအနက် ၈၆ ဒဿမ ၇ရာခိုင်နှုန်း ပြီးစီးနေပြီလည်းဖြစ်တယ်လို့ဆိုပါတယ်။ မှန်ကန်တဲ့လူဦးရေအချက်အလက်ရမှသာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို ပြုစုနိုင်မှာဖြစ်ပြီး တရားမျှတဲ့ အထွေထွေရွေးကောက်ပွဲပြုလုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့ လူဦးရေစာရင်းတွေကိုလည် ထပ်မံကောက်ယူဖို့ လုပ်ဆောင်နေပါတယ်။
အိမ်ထောင်စု စာရင်းအချက်အလက်တွေကို e-ID Software နဲ့အချက်အလက် ပြင်ဆင်ဖြည့်ဆွက်တဲ့လုပ်ငန်းစဉ်တွေနဲ့ အတည်ပြုထားတာဖြစ်ပါတယ်။ အိမ်ထောင်စုစာရင်းကောက်ယူခြင်းကိုဇန်နဝါရီလ ၉ ရက်နေ့ကနေ ၃၁ရက်နေ့အထိ ရက်ပေါင်း၂၀ ကြာပိတ်ရက်မရှိ ကောက်ယူထားတာပါ။ ၂၀၁၄ခုနှစ်က ကောက်ထားတဲ့ သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုအကြောင်းအရာ အချက်တွေအရ မြန်မာနိုင်ငံအတွင်းမှာ အိမ်ထောင်စု စုစုပေါင်း ၁၁ သန်းကျော်ရှိတယ်လို့ အချက်အလတ်တွေအရ သိရပါတယ်။
#ymg/ynzw
#Yangon_media_group
#Local_News
Published_ 8 February 2023
ပြည်တွင်းစက္ကူလိုအပ်ချက်ကြောင့် ပြည်ပကနေတင်သွင်းနေတာပါ။ပြည်တွင်းမှာရှိတဲ့ စက္ကူစက်ရုံတွေ ပြန်လည်ပတ်ပါက နိုင်ငံခြားငွေအသုံးပြုမှုကို လျော့ချနိုင်မှာဖြစ်တယ်လို့ နစကဥက္ကဌ က ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ စက်မှုဝန်ကြီးဌာန ၊ သာပေါင်းအဆင့်မြင့် စက်က္ကူစက်ရုံကို သွားရောက်ကြည့်ရှုစဉ်က ပြောခဲ့တာပါ။
ပြည်တွင်းမှာ စက္ကလိုအပ်ချက်တွေများပြားနေပြီး ရုံး၊ ကျောင်း၊သတင်းစာတွေမှာ သုံးဖို့စက္ကူတွေကို ပြည်ပကနေတင်သွင်းနေရတာ ဖြစ်ပါတယ်။
ပြည်တွင်းစက္ကူစက်ရုံတွေ ပြန်လည်ပတ်ပါက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် စက်ရုံတွေအမြန်ဆုံးလည်ပတ်ဖို့ ဆောက်ရွက်ရမယ်လို့လည်း ဆိုပါတယ်။
စက္ကူပြုလုပ်ဖို့ လိုအပ်တဲ့ကုန်ကြမ်းတွေဖြစ်တဲ့ သစ် ဝါးစတဲ့စိုက်ခင်းတွေကိုလည်း စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်ပြီးတော့ စက်လည်ပတ်ဖို့လိုအပ်တဲ့စွမ်းအင်တွေကိုလည်း စက်ရုံပြန်လည်ပြင်ဆင်ပြီးပါက ထပ်မံတိုးချဲ့နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စက္ကူကုန်ကြမ်းဖြစ်တဲ့ ပျော့ဖတ်တွေကို ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းတွေမှာထုတ်လုပ်ပြီး စက္ကူစက်ရုံတွေကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။
#ymg/ynzw
#Yangon_media_group
Page 1130 of 1894