Published 29 December 2023

စင်ကာပူရောက် မြန်မာများ Pay2Home Application ဖြင့် လွယ်ကူလျင်မြန် စွာဖြင့် ငွေလွှဲနိုင်ပြီဖြစ်ကြောင်း CB Bank ကသိရသည်။

အဆိုပါ Pay2Home Money Transferသည် စင်ကာပူနိုင်ငံရောက် မြန်မာများ အတွက် မိသားစုနှင့် မိတ်ဆွေများ ထံ ငွေလွှဲနိုင်ရာတွင် လွယ်ကူလျင်မြန်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

Pay2Home ဖြင့် ငွေလွှဲပါက Application မှလည်း အလွယ်တကူ လွှဲပို့နိုင်သလို Pay2Home Money Transfer Machine (MTM) ကိုလည်း အသုံးပြုပြီးလည်း CB Bank သို့ အချိန်နှောင့်နှေးကြန့်ကြာမှုမရှိဘဲ Special Account နှင့် Normal Savings Account များအတွင်းသို့ လွှဲပို့နိုင်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ လွှဲပို့ရာတွင် မှတ်ပုံတင်နှင့် လျှို့ဝှက်ကုတ် (၇) လုံးပြပြီး CB Bank ၏ ဘဏ်ခွဲတိုင်းမှာလည်း လွယ်ကူစွာ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Pay2Home Application အားhttps://onelink.to/cbpay2home မှတဆင့် download ရယူနိုင်ကြောင်းသိရသည်။
Yangon_Times/NN
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group