#Local_News
Published_ 2 February 2023
တိုက်ကြီးမြို့နယ်တွင်းမှာရှိတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကို သေဆုံးချိန်အထိ တာဝန်ယူပြီး အိမ်တိုင်ရာရောက် လစဉ်စားနပ်ရိက္ခာနဲ့ငွေကြေးတွေ ထောက်ပံ့ပေးနေတယ်လို့ တိုက်ကြီးမြို့နယ်ရှိ ခိုကိုးရာမဲ့အဖိုးအဖွားများ စောင့်ရှောက်ရေးနှင့် လူမှုကူညီရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_2 February 2023
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းရရှိထားပြီး ယမန်နှစ်ထက် တစ်သန်းကျော်ပိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၇ သန်း ပို့ကုန်ဝင်ငွေ ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၆ သန်းဝင်ငွေရရှိထားကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၂၀ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားပြီး ဒီဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခှမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်း၊ ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုမှာ မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နဲ့ ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_2 February 2023
ဗီယက်နမ်နှင့် မြန်မာပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါကလေးလူနာ ၁၃ ဦးကို ခွဲစိတ်ရန်မလိုသောနည်းဖြင့် ကုသမှုအောင်မြင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital-1 မှ ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin နှင့် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးကုသ ဆောင်မှပါမောက္ခ(ကလေးနှလုံး) ဒေါက်တာခင်မောင်ဦး တို့ ဦးဆောင်သည့် ကလေးနှလုံးကုဆရာဝန်များ ပူးပေါင်း ၍ ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၆ ရက်ထိ မွေးရာပါ နှလုံးရောဂါကလေးလူနာများအား ခွဲစိတ်ကုသရန်မလိုသော နည်းဖြင့် ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးများအား ခွဲစိတ်ကုသရန်မလိုသော နည်းဖြင့် နှလုံးပိုက်သွင်းစမ်းသပ်ကုသစက်အသုံးပြုကာ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများ ဖြင့် ကုသမှုများဆောင်ရွက်ပေးခဲ့ရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကလေးလူနာခြောက်ဦး ပြန်လည်ခေါ်ယူကြည့်ရှုရာတွင် လူနာများ၏အခြေအနေ တိုးတက်ကောင်းမွန်ကြောင်း၊ကျန်ကလေး လူနာခုနစ်ဦးအားလည်း ၂၀၂၃ခုနှစ် မတ်လအတွင်းတွင် ပြန်လည် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
မွေးရာပါနှလုံးရောဂါ ကလေးလူနာများကို နှလုံးပိုက်သွင်း၍ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကု ဆရာဝန်များ၊နိုင်ငံခြားမှ ကျွမ်းကျင်သော ကလေးနှလုံးအထူးကု ဆရာဝန်များက ကုသလျက် ရှိရာ ၂၀၁၅ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ထိ ကလေးလူနာ ၁၄၀၃ ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် Faw ကားက Suzuki ကားကိုတိုက်၍ မောင်းပြေးသွားသည့်အတွက် နှစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ် ယနေ့ ဖေဖော်ဝါင်္ရလ ၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မနက် ၈ နာရီခွဲလောက်ကဖြစ်တာ၊ အုတ်ဖိုစု နားလေးမှာပါ။လမ်းက ခြောက်လမ်းသွားလမ်းမကြီးလေ၊ ကားက မြေသယ်တဲ့ Faw ကား ၊ အဖြူရောင်ပဲ၊ ဝင်တိုက်တာ အတိုက်ခံရတဲ့ Suzuki ကားပေါ်က လူတွေ ဒဏ်ရာရတာပေါ့။ ကားလည်း မှောက်တယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် Suzuki ယာဉ်ပေါ်လိုက်ပါလာသော အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရသွားသည့်အတွက် ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းက သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 February 2023
ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့နယ်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄ ဒသမ ၃) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
ယနေ့ ဇန်နဝါရီ ၂ ရက် မြန်မာစံတော်ချိန် ၇ နာရီ ၃၄ မိနစ် ၅၃ စက္ကန့်တွင် စစ်တွေမြေင လျင်စခန်းမှ အရှေ့တောင်ဘက် (၈၇)မိုင်ခန့်အကွာ၊ အမ်းမြို့၏အရှေ့မြောက်ဘက် ၁၃မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ်(၉၄.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄.၂၀)ဒီဂရီ၊ အနက်(၅၇) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်
ယင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကိုမူ မသိရသေးပေ။
#ymg/mt
#Yangon _Media_Group
#Myanmar_News
Published 2 Feb 2023
ပြည်နယ်ဝန်ကြီးချုပ်(၁)ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၃)ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်(၁)ဦးနှင့် ဒုဝန်ကြီး(၁)ဦးတို့ကို တာဝန်မှအနားယူခွင့်ပြုလိုက်ပါတယ်။
Ymg/knl
#Yangon_Media_Group
#Myanmar_News
Published 2 Feb 2023
နစက ကောင်စီဝင်ဖြစ်သွားတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်(၃)ဦးနှင့် တာဝန်မှနှုတ်ထွက်ခွင့်ပြုလိုက်တဲ့ ပြည်နယ်ဝန်ကြီးချုပ်(၁)ဦးနေရာမှာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်(၄)ဦးကို အသစ်ခန့်အပ်လိုက်ပါတယ်။
Ymg/knl
#Yangon_Media_Group
Page 1141 of 1894