Published 26 December 2023

ကြံကြိတ်ခွဲရာသီဖြစ်သော်လည်း ကမ္ဘာ့သကြားဈေးမြင့်တက်နေသောကြောင့် မြန်မာ့သကြားဈေးနှုန်းမှာလည်း အမြင့်ပိုင်း၌သာရှိနေကြောင်း သကြားဈေးကွက်အတွင်းမှ သိရသည်။

' လက်ရှိကကြံကြိတ်ခွဲနေတဲ့ရာသီဖြစ်ပေမယ့်ကမ္ဘာ့သကြား ဈေးတက်နေတော့ ပြည်တွင်းဈေးကပါလိုက်ကောင်းနေတယ်၊ပြည်ပတင်ပို့မှာတွေလည်းရှိတယ်လေ၊ပြည်တွင်းလည်းသုံးတာကိုး၊အရောင်းအဝယ်က ဒီလိုပဲမှန်မှန်လေးပဲ ၊ဈေးကျဖို့သိပ်မရှိပါဘူး' ' ဟု ဘုရင့်နောင်မှသကြားပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။

လတ်တလော တွင် ဘုရင့်နောင်ဈေးကွက်၌သကြားတစ်ပိသာလျှင်၄၀၀၀ ကျပ် ဝန်းကျင်အထိဈေးနှုန်းရှိနေပြီး တစ်လအတွင်းကျပ်၂၀၀အထိဈေးနှုန်းပိုရလာကြောင်း သိရသည်။

ပြည်တွင်းစားသုံးမှုထက်ပိုလျှံသည့်သကြားအား ဗီယက်နမ်နိုင်ငံသို့အဓိကတင်ပို့လေ့ရှိပြီး မြန်မာ့သကြားအဓိကဝယ်လက်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာစသည့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံ ၅ ခုမှ သကြားထုတ်ကုန်များကို တင်သွင်းနေခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group