19 December 2023

၂၀၂၃ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ (အကယ်ဒမီဆုပေးပွဲ)၌ အကယ်ဒမီရွှေကြိုမောင်မယ်အဖြစ် ပါဝင်ရန်‌ လျှောက်ထားသူများထဲမှ ပဏာမရွေးချယ်ခဲ့ပြီး ယခု ဒုတိယအဆင့်ရွေးချယ်မှုတွင်ရွှေကြိုမောင်မယ်(၅၆)ဦးကို ထပ်မံရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။

ရွှေကြိုမောင်မယ်ပါဝင်ယှဉ်ပြိုင်သည့်ပဏာမရွေးချယ်ခံရသူ(၉၇)ဦးရှိထဲမှ ဒုတိယအဆင့်ရွေးချယ်အနေဖြင့် ရွှေကြိုမောင်(၂၄)ဦး၊ရွှေကြိုမယ်(၃၂)ဦးကို ရွှေကြိုရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထပ်မံရွေးချယ်ခံရသူများထဲတွင် မေ့ချစ်သက်နှင့်မျိုးမမ(ကျော်ကျော်အိန္ဒြာ)နှင့်အိန္ဒြာမိုးမြင့်တို့လည်းထပ်မံပါဝင် လာကြောင်း သိရသည်။

ယခုရွေးချယ်ခံရသည့်ရွှေကြိုမောင်မယ်(၅၆)ဦးသည် ဒီဇင်ဘာလ၂၈ရက်တွင် နောက်ဆုံးအဆင့်ရွေးချယ်မှုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ရွှေကြိုမောင်မယ်ရွေးချယ်ခြင်းနှင့်အတူ သရုပ်ဆောင် ရွေးချယ်ခြင်းအစီအစဉ်ကိုတစ်ပါတည်း ဆောင်ရွက်ရန်ရှိသဖြင့် ပြိုင်ပွဲဝင်များသေသပ်စွာဝတ်စားဆင်ယင် ပြီး ကြိုတင်လေ့ကျင့်ပြင်ဆင်ကြရန် ရုပ်ရှင်အစည်းအရုံးမှအသိပေးထားသည်။
Yangon_Time/tthl
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group