Published-26 December 2023

ယခုဒီဇင်ဘာလအတွင်း တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ်ဖြင့်လုပ်သား၄၂၀ကျော်စေလွှတ်ထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှသိရသည်။

ထိုသို့စေလွတ်ရာတွင် ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ်၁၅၀ဦးအားဒီဇင်ဘာ၁၉ရက်တွင် စေလွှတ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ယနေ့ဒီဇင်ဘာ၂၆ရက်တွင်လည်း ကုန်ထုတ်လုပ်သားသစ် (၂၀၈) ဦးနှင့် Re-entry လုပ်သား ၆၃ ဦး စုစုပေါင်း လုပ်သား ၂၇၁ ဦးကိုစေလွတ်ခဲ့ရာ၄င်းတို့သည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

ထို့ကြောင့် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group