Published-26 December 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ကျောက်ရထားနှင့် သံလမ်းကူးမှာ ပျက်၍ပြုပြင်‌‌နေသည့်‌ ထော်လာဂျီတိုက်မိပျက်စီး ယမန်နေ့က ဖြစ်ပွားခဲ့‌ကြောင်း ဒေသခံများ ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက်၊ ညနေပိုင်းက သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၌ မောင်းနှင်လာသော ထော်လာဂျီတစ်စီးမှာ ရထားသံလမ်းကူးအရောက်၌ စက်ပျက်၍ ရပ်တန့်၍ပြုပြင်နေစဉ် ကျောက်များတင်ဆောင်ကာ မောင်းနှင်လာသော ကျောက်တင်ရထားက တိုက်မိခဲ့ရာယာဉ်မောင်းမှာ ထော်လာဂျီအား ပြုပြင်နေစဉ် ရထားမောင်းနှင်လာသည်ကို တွေ့ရှိ၍ အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရိြှခင်း မရှိကြောင်း သိရသည်။

သို့သော် ဖြစ်စဉ်ကြောင့် ရထားမှာ တွဲဆိုင်းအချို့ တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကားလည်း ပျက်စီးခဲ့သည့်အတွက် သက်ဆိုင်ရာ မှ ဆက်လက်စစ်ဆေးလျက် ရှိနေကြောင်း သိရသည်။
Yangon_Time/NN
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group