မြင်းခြံ မြို့နယ်က မြင်း သိန်း၅၀နဲ့ လေလံပွဲအောင်မြင်
ပထမဆုံး မြင်းလေလံပွဲ ကြမ်းခင်းဈေး ကျပ်၃၅သိန်းဖြင့်ပြုလုပ် ' မြင်းခြံက မြင်းကြမ်းခင်းဈေး ၃၅သိန်းခေါ်ပြီး သိန်း၅၀နဲ့ လေလံပွဲ အောင်သွားပါတယ်၊ လာမယ့်နှစ် တံခွန်စိုက်ဖလား မြင်းစီးပြိုင်ပွဲမှာလည်း မြင်းလေလံပွဲ ပြုလုပ်သွားပါမယ် '
Yangon Times/NN
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကိုရီးယားနိုင်ငံမှာ တက္ကသိုလ်တွေ ဘာသာစကားသင်တန်းတွေ တတ်ရောက်ဖို့ သင်တန်းကြေး ကျောင်းဝင်ကြေးကို ကြားခံကတစ်ဆင့် ပေးသွင်းတဲ့သူအချို့မှာ ပေးသွင်းခိုင်းတဲ့ အသိမိတ်ဆွေတွေ ပညာရေးဝန်ဆောင်မှု ကုမ္ပဏီအချို့က သက်ဆိုင်ရာကျောင်းတွေကို ပေးသွင်းမှုမရှိတဲ့အတွက် မြန်မာနိုင်ငံကနေ ကျောင်းလာတတ်ဖို့ စီစဉ်ထားတဲ့သူတွေအနေနဲ့ ဆုံးရှုးနစ်နာမှုတွေ ဖြစ်ပေါ်နေပြီး မြန်မာသံရုံးကိုလည်း အထောက်အထား အပြည့်စုံနဲ့ တိုင်ကြားထားတာတွေ ရှိတယ်လို့ သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကိုဗစ်ကာကွယ်ဆေးကို သင်္ဘောသားတွေနဲ့ မိသားစုဝင်တွေ အသက် (၁၈) နှစ် နှင့် (၆၀)နှစ် အကြား ရှိသူတွေကတော့ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ် (၅)ရက်ထိုးနှံနိုင်တယ်။
အသက် (၆၀) နှင့် (၆၀) အထက် ထိုးနှံလိုသူတွေအနေနဲ့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့ တစ်ပတ် (၃) ရက် ထိုးနှံနိုင်မှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၀ ဖေဖော်ဝါရီ ၂၀၂၃
ပြည်သူ့စစ်မှုထမ်းများကို ခေါ်ယူတဲ့နေရာမှာ အမျိုးသမီးများကို ခေါ်ယူဖို့ လတ်တလော အစီအစဉ်မရှိသေး ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ဖေဖော်ဝါရီ ၂၀ရက်တွင်ပြောကြားရာ၌ ယင်းကဲ့သို့ အသိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
၂၀ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံ၏ ရေအားနှင့်နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများတွင် ရုရှားနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenkoတို့ ဆွေးနွေးခဲ့ကြပါတယ်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးMr. Andrey Rudenko ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကယနေ့ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြားရှည်ကြာခိုင်မြဲသည့် သံတမန်ဆက်ဆံမှုများ ချစ်ကြည် ရင်းနှီးမှု နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း များနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှုအခြေအနေ များကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင်နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတို့တွင်ပူးပေါင်း ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့်ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးနှင့်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီး
ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြ Mr. Iskander Azizov နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။
@ymg/knl
၂၀ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေ ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယ ပါတီ အတွင်းရေးမှူးနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံစဉ် ဆွေးနွေးပြောဆိုခဲ့ကြခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးနှင့်ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများအပြန် အလှန်သွားရောက်ခဲ့မှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်စေရေး ဆက်လက်၍လည်းအပြန်အလှန်သွားရောက်မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေးပိုင်းဆိုင်ရာယုံကြည်မှု ပိုမိုတိုးတက်လာစေရေးနှင့် စီးပွားရေးဆိုင်ရာဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေး အစိုးရချင်း ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရှိရသည်။
ယင်းအပြင်မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား နယ်နိ မိတ်ထိစပ်မှုအများဆုံးဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများပြန်လည်ကောင်းမွန်လာ စေရေးဆောင်ရွက်ရမည့်အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆက်လက်ဆွေး နွေးခဲ့ကြသည်ဟုသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



ဗိုလ်ချုပ်မှူးကြီးသည် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးအတွက် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များတိုးတက်စေရေးအတွက် ယူနန်ပြည်နယ်အနေဖြင့် နည်းပညာအကူအညီများပေးအပ်သွားမည့် အခြေအနေ များ၊နယ်စပ်ဒေသကုန်သွယ်မှုများ ဆောင်ရွက်ရာတွင်မြန်မာကျပ်ငွေနှင့် တရုတ်ယွမ် တို့အား တိုက်ရိုက်ပေးချေ ခြင်းကြောင့် ကုန်သွယ်မှုများပိုမိုအဆင်ပြေချောမွေ့သည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုအတွက် အဓိက အရေးပါသည့် ရထားလမ်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် မော်တော်ကားလမ်းများ လမ်းပန်း ဆက်သွယ်မှုချောမွေ့စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပန်းမန်စိုက်ပျိုးရေးကဏ္ဍနှင့် အခြားကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးMr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
@ymg/knl
#Daily_News
Published_ 20 February 2024
၁။ ချင်းရိုးရာချည်ထည်နှင့် ရိုးရာဆွဲကြိုးများကို မလေးရှား၊ စင်ကာပူနှင့် USAနိုင်ငံတို့မှ စိတ်ဝင်စားပြီးမှာယူနေ
၂။ ပြည်ထောင်စုတံခွန်စိုက်ဖလား မြန်မာ့ရိုးရာမြင်းစီးပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုပေးပွဲနှင့် မြင်းလေလံပွဲပြုလုပ်
၃။ ကြက်သွန်နီဈေး မြင့်တတ်သော်လည်း ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ် အနည်းငယ် သွက်နေဟုဆို
၄။ တောင်အာဖရိက သတ္တုတူးဖော်ရေးလုပ်ငန်း၏ ဘေးကင်းစိတ်ချရေးကို တိုးတက်လာစေသည့် AIနည်းပညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 1036 of 2480