#Local_News
Published_ 6 April 2023
မွန်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်းအရေးပေါ်လူနာတွေ၊အစုလိုက်ထိခိုက်ဒဏ်ရာရသူတွေကိုတစ်ပြိုင်နက်ထဲအမြန်ဆုံးကုသပေးနိုင်ဖိုစီမံချက်ရေးဆွဲပြီးအသင့်ပြင်ဆင်ထားတယ်လိုမွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #ထိခိုက်ဒဏ်ရာရသူများ #ကုသပေးနိုင်ရန်အသင့်ပြင်ဆင်ထား #YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
မြဝတီမြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့် စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီး ကျောင်းတွေမှာ ခိုလုံနေကြရတာဖြစ်ပါတယ်။
#Local_News #စစ်ဘေးရှောင်စခန်း #မြဝတီမြို့ #အခက်အခဲဖြစ် # YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ကမ္ဘာ့ရွှေဈေး နူန်းဟာ ဧပြီလ ၅ရက်နေ့နဲ့၆ရက်နေ့တွေမှဈေးပြန်တက်လာပြီး ဒီနေ့မနက်ပိုင်းမှာ တစ်အောင်စကို ၂၀၁၁ ဒေါ်လာပေါက်ဈေးရှိနေတယ်လို ရန်ကုန်တိုင်းရွှေအသင်းကသိရပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ဂျပန်နိုင်ငံကို သွားရောက်ကြမယ့် သူတွေအနေနဲ့ မသမာတဲ့ ဘာသာစကားသင်တန်းကျောင်းတွေ နဲ့ ပွဲစားတွေကို သတိထားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ အခုရက်ပိုင်းအတွင်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #မသမာသောဘာသာစကားသင်တန်း #ကာလရှည်နေထိုင်ခွင့်ဗီဇာ #YMG #Yangon_Media_Group
#Daily_News
Published_ 6 April 2023
၁။မသမာသော ဘာသာစကားသင်တန်းကျောင်းများ နှင့် ပွဲစားများကြောင့် ဂျပန်တွင် ကာလရှည်နေထိုင်ခွင့် ဗီဇာရရှိမည့်အခွင့်အရေးများ ဆုံးရှုးနေ
၂။ကမ္ဘာ့ရွှေစျေး ၂၀၁၁ဒေါ်လာ ပေါက်စျေးရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်စျေး ၂၃သိန်း ကျော်စျေးရှိနေ
၃။မြဝတီမြို့ စစ်ဘေးရှောင်စခန်းများတွင် အလှူရှင်များနည်းပါးတာကြောင့် အခက်အခဲဖြစ်နေ
၄။ကိုလံဘီယာလက်မှုပညာရှင်မှ စွန့်ပစ်တာယာများဖြင့် ပန်းပုရုပ်တုများ ဖန်တီးကာ ပြတိုက်တွင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 6 April 2023
၂၀၂၃ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှ ပို့ကုန် သွင်းကုန် ပမာဏ ယွမ် ၂ ဘီလီယံကျော် ကုန်သွယ်ခဲ့တယ်လို့ မြန်မာရှိ တရုတ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
#Local_News #တရုတ်-မြန်မာနယ်စပ် #ပို့ကုန်သွင်းကုန် # YMG #Yangon_Media_Group
Published 6 April 2023
လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
အဆိုပါအခမ်းအနားကို ဧပြီလ(၅)ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ခဲ့ရာ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ရာမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။
“လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါတယ်၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေဟာ အများပြည်သူနှင့်ဆက်ဆံရေး၊ မိမိပတ်ဝန်းကျင်အသိုက်အဝန်းနှင့် ဆက်ဆံရေးအစရှိသည့် ဆက်ဆံ ရေးအမျိုးမျိုးပါဝင်ကြပါတယ်။ အဲသလို ဆောင်ရွက်ရာမှာ နိုင်ငံတကာ၌လည်း ပြည်သူ့ဆက်ဆံရေး လုပ်ငန်းနယ်ပယ်များအနက် မီဒီယာဆက်ဆံရေးကို တွင်ကျယ်စွာ အသုံးချဆောင်ရွက်နေသည်ကို တွေ့ရှိရပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ ဟန်ချက်ညီရန် အရေးကြီးတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
မြဝတီရုပ်မြင်သံကြားဟာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၃၅ မြို့၌ ဒစ်ဂျစ်တယ်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးနိုင်ခဲ့ပြီး မြို့ပေါင်း ၁၄၅ မြို့၌ မြဝတီရုပ်မြင်သံကြား ဒစ်ဂျစ် တယ်လိုင်းများကို ကြည့်ရှုနိုင်ကြပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခမ်းအနားမှာ နစက ဥက္ကဋ္ဌက မြဝတီရုပ်မြင်သံကြားမှ အရာရှိ၊ စစ်သည်၊ ဝန်ထမ်းမိသားစုများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဗိုလ်ချူပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြတယ်လို့သိရှိရပါတယ်။
-ymg/knl
#မြဝတီရုပ်မြင်သံကြား ၂၈နှစ်မြောက်နှစ်ပတ်လည်
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup
Page 1032 of 1897