ရွှေတိဂုံစေတီ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှ ရရှိလာတဲ့ထမနဲတွေကို ဖေဖော်ဝါရီလ (၂၄)ရက် (တပိုတွဲလပြည့်နေ့)မှာ မြတ်စွာဘုရားနဲ့သံဃာတော်တွေကို အာရုဏ်ဆွမ်းဆက်ကပ်တာ ၊ဘုရားအမှူးပြုတဲ့ သံဃာတော် ၆၄ပါးကို ထမနဲဆွမ်းတော်ကြီးလောင်းလှူတာ ၊အလှူရှင်တွေကို ဒါနပြုတာနဲ့ ဘုရားဖူးခုနစ်ရက်သားသမီးတွေကို ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ်သွားမယ်။ ရွှေတိဂုံဂေါပကအဖွဲ့
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 February 2024
ယနေ့ တပို့တွဲလပြည့်နေ့၌ ဒေသအနှံ့အပြား၌ ထမနဲထိုးပွဲ နှင့် စတုဒီသာလှုဒါန်းပွဲများကျင်းပနေကြောင်းသိရသည်။
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သာဝက တို့အား ဩဝါဒပေးတော်မူခြင်းကို အကြောင်းပြုပြီး ဩဝါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်ပြီး ယခုကျရောက်လာသော လရာသီကို "တပို့တွဲလ. ထမနဲပွဲ"ဟုသတ်မှတ်ပြီး နိုင်ငံအနှံ့အပြား၌ ထမနဲထိုးပွဲများ ပြုလုပ်ကြခြင်းဖြစ်ကြောင်းသိရသည်။
ရှေးအခါကမူ မီးထွန်းပွဲတော်လို့ခေါ်ဆိုပြီး မီးထွန်းပွဲတော်များ ပြုလုပ်ကြပြီး ဗုဒ္ဓဘုရားရှင်ကို ချမ်းအေးတဲ့ရာသီမှာအနွေးဓာတ်ရစေရန် မီးပူဇော်ခြင်းဖြင့် ကုသိုလ်ယူကြလေ့ရှိကြောင်းသိရသည်။
ယခုခေတ်၌မူ ထမနဲပြိုင်ပွဲများပြုလုပ်သလို မိသားစုအလိုက် ထမနဲထိုးပြီးကုသိုလ် ဒါနပြုလုပ်လေ့ရှိကြောင်းသိရသည်။
တပို့တွဲလပြည့် အဖိတ်နေ့နှင့် ယနေ့လပြည့်နေ့တွင်လည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗဟိုတစ်ထောင်ဘုရားစသည့် တန်ခိုးကြီးဘုရားများအပါအဝင် ဘုရားတော်များ ၊မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံပျံလွှတ်တင်ပွဲ များကျင်းပခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထမနဲထိုးပွဲပြုလုပ်ကြပြီးနောက် မြတ်စွာဘုရားအား ဆွမ်းကပ်လှုဒါန်းခြင်းနှင့် ဒေသခံများအား စတုဒီသာလှုဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group






Published_ 24 February 2024
အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျခံခဲ့ပြီး ရက်ပြည့်၍ ပြန်လွတ်မြောက်လာသည့် အကျဉ်းသားများကို ၎င်းတို့၏နေအိမ်သို့ ပြန်ရောက်ရှိစေရန်အ တွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ခရီးစရိတ်၊စားစရိတ်နှင့် တည်းခိုစရိတ်များထောက်ပံ့ကူညီနေကြောင်း အိုင်စီအာရ်စီ ၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရန်ကုန်မြို့၌ရှိသည့်အိုင်စီအာရ်စီအဖွဲ့က ဘေးကင်းလုံခြုံစွာအိမ်ပြန်ရေးအစီအစဥ်ကနေ လွတ်မြောက်လာသူအကျဥ်းသား(၁၆၀)ကို ထောက်ပံ့ကူညီနိုင်ခဲ့သည်ဟုဆိုသည်။
“မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျွန်တော်တို့အဖွဲ့တွေက နေအိမ်နဲ့ဝေးကွာနေတဲ့လွတ်မြောက်လာသူတွေကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်စေဖို့ သူတို့ရဲ့ အိမ်ပြန်တဲ့ ခရီးစဉ်အတွင်း ခရီးစရိတ်၊ စားသောက်စရိတ်နဲ့ ယာယီတည်းခိုစရိတ်တွေ ထောက်ပံ့ကူညီနေပါတယ်။အခုလက်ရှိအခြေအနေအရ စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေကမြင့်တက်နေပြီး အမြန်လမ်းမှာသွားလာခွင့်ကန့်သတ်မှုတွေလည်းရှိနေတော့ အကျဉ်းထောင်ကလွတ်မြောက်လာသူတစ်ချို့က သူတို့အိမ်ကိုရောက်ရှိဖို့အတွက် ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေကို ဖြတ်သန်းသွားလာရမှာပါ။ဒီအသုံးစရိတ်တွေကို ကာမိစေဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံစွာအိမ်ပြန်နိုင်စေရေးအစီအစဥ်က အိမ်ပြန်နိုင်ပြီး မိသားစုနဲ့ ပြန်လည်စုံဆည်းနိုင်ဖို့ ခရီးစရိတ်နဲ့ တခြားလိုအပ်နေတဲ့အထွေထွေစရိတ်တွေ ကာမိစေနိုင်အောင် အကူအညီပေးပါတယ်"ဟု အိုင်စီအာရ်စီရဲ့ ဝန်ထမ်းတစ်ဦးကပြောပြထားသည်ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။
လတ်တလောမှာအကျဥ်းထောင်ကနေ လွတ် မြောက်လာသူတစ်ဦးက" အိမ်ကို ဘယ်လိုပြန်မလဲဆိုတာကိုပဲ တစ်ချိန်လုံးတွေးနေတာပါ၊၊ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီး အိမ်နဲ့အတော်ဝေးတဲ့ထောင်ကို ရောက်သွားတာပါ။အခုဆိုရင် အိုင်စီအာရ်စီကပေးတဲ့အကူအညီရခဲ့ပြီး ကျွန်တော်လိုတာလေးတွေသုံးလို့ရပါပြီ။ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်မှာရှိတဲ့ရွာက ကျွန်တော့်အိမ်လေးကိုပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောခဲ့ကြောင်း အိုင်စီအာရ်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 24 February 2024
ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် အနီး အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင် လှုတ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖေါ်ဝါရီ ၂၄ ရက် နံနက် ၅နာရီ ၆မိနစ် ၁၆စက္ကန့်က လှုတ်ခတ်ခဲ့ကြောင်း သိရသည်။
မြေငလျင် သတင်း ထုတ်ပြန်ချက်အရညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ညောင်ဦးမြို့၏ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း ထုတ်ပြန်ထားသည်။
Yangon Times/LW
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 24 February 2024
မလေးရှားနိုင်ငံရေပိုင်နက်သို့ ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်မည့် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့ကို လက်နက်ခဲယမ်းများဖြင့် ဇန်နဝါရီလ ၂၂ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်” စက်လှေ ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ လွှဲပြောင်း လက်ခံသယ် ဆောင် ရန် စောင့်ဆိုင်းနေသည့် ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုး နှင့် ထွန်းဦး တို့ ၅ ဦးအား တပ်မ တော်(ရေ)ကတွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် “အေးမြတ်အောင်” အမည်ရှိ ပင်လယ် ပြင်သွား စက်လှေပိုင်ရှင် တင်ရှိန် နှင့် စိုးရန်နိုင်(ခ) နောင်နောင်အား ပုသိမ်မြို့တွင်လည်း ကောင်း၊ ဇန်နဝါရီလ ၂၈ ရက်တွင် ဌေး အောင်(ခ) ပေါက်စ အား ကျောင်းကုန်းမြို့နယ် တွင်လည်းကောင်း ဖမ်းဆီးရမိခဲကြောင်းသိရသည်။
၎င်းတို့၏ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၂ ရက်၌ နိုင်ဦး(ခ) မောင်မောင်လေး(ခ) လှဝင်း အား ပုသိမ်မြို့ နယ် ကုလားချောင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီခွဲတွင် ပုသိမ်မြို့နယ် သမ္ဗန်ချိုင်ကျေးရွာရှိ တင်ထွန်း ၏ ဂိုဒေါင်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက် ဖော် ထုတ်ချက်များအရ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီတွင် ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာတွင် ထွန်း လင်းနိုင်(ခ)ငလင်း၊ ဇော်ထွေးလွင်(ခ)ငတိုလေး၊ ရဲလွင်ကို(ခ) ရခိုင်လေး၊ ကျော်ဇင်ထက်နှင့် ကျော်မင်း တို့ ၅ ဦးအား “အေးမြတ်အောင်”စက်လှေပေါ်သို့ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ တင်ဆောင်ပေး ရန် စောင့်ဆိုင်းနေသည့် ကမ်းရိုးတန်းသွား စက်လှေတစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အလယ်ကျွန်းရပ်ကွက်ရှိ “အေးမြတ်အောင်” စက်လှေပိုင်ရှင် တင်ရှိန် နှင့် မဇင်မာဌေး တို့၏နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄၅ တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည် ၂၃ တောင့်၊ မြန်မာငွေကျပ် သိန်း ၃၀၊ မော်တော်ယာဉ် ၂ စီးနှင့်လည်းကောင်း၊ တနင်္သာရီမြို့၊ ချောင်းငယ် ရပ်ကွက်ရှိ တင်ရှိန် ၏နေအိမ်မှ ပြောင်း ချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၂၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက် တမင်း)များကိုမန္တလေးမှ ပုသိမ်သို့ Dump Truck မော်တော်ယာဉ်နှင့် သယ်ဆောင်ခဲ့သည့် ကျော်ရဲမြင့်(ခ) ဖြိုးသူရ နှင့် စိုးမောင်မောင် တို့အား ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာတွင် အဆိုပါ မော်တော်ယာဉ် နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်တွင်သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်းထားသည့် ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက် ၅၉ လမ်းနှင့် ၁၄၁ လမ်းထောင့်ရှိ ခြံဝင်း အတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် Methylamine လီတာ ၁၆,၄၀၀၊ Sulphuric Acid လီတာ ၁၂၀၀ Hydrochloric Acid လီတာ ၅၆၀၊ Benzyl Cyanide လီတာ ၁၂,၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိမ်း ဆည်း ရမိ အိုက်စ် (မက်သ်အဖက်တမင်း)များနှင့် ဓာတုပစ္စည်း စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်နှင့် ပင်လယ်ပြင်သွားစက်လှေ ၁ စီး၊ ကမ်းရိုးတန်းသုံး စက်လှေ ၁ စီး၊ မော်တော်ယာဉ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ် အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးသို့သယ်ဆောင်၍ မန္တလေး တွင်သိုလှောင်ကာ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မလေးရှားနိုင်ငံရေပိုက်နက်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကား၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Yangon Times/PP
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၃ ဖေဖော်ဝါရီ ၂၀၂၄
တာချိတ်လိတ်မြို့နှင့် ရန်ကုန်မြို့တို့တွင် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုဆိုင်ရာ ဖမ်းဆီးရမိခဲ့မှုအခြေအနေများ နှင့် AA သောင်းကျန်းသူများမှ မမှန်သတင်းများ ထုတ်လွှင့်နေမှုများကို နစကသတင်းထုတ် ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားချက်အပြည့်အစုံကိုဖော်ကပြပေးအပ်ပါသည်။
@ymg/knl
Published_23 Feb 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း Online ချေးငွေလုပ်ငန်းဖြင့် လိမ်လည်နေသည့် ဂိုဏ်း ကို ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ်(၄၅၈/က) ၌နေထိုင်သူ မဆု ရည်နွယ်အနေဖြင့် အွန်လိုင်းချေးငွေကိစ္စရပ်များနှင့်ပတ် သက်၍ ဖုန်းဆက်ခြိမ်း ခြောက် ကာ ငွေကြေးတောင်းခံ နေ ရသောကြောင့်ပြီးခဲ့သော ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာက အထက် ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မဆု ရည်နွယ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလခန့်က TikTok လူမှုကွန်ရက် စာမျက်နှာပေါ်တွေ့ရှိ သည့် Mashala Tech CO.,Ltd အမည်ရှိ အွန်လိုင်းချေးငွေ ဝန်ဆောင်မှုလုပ် ငန်း၊ Team - A တွင် ချေးငွေ ကောက်ခံသူအဖြစ် တစ်လလျှင် လစာ ၃၂၀၀၀၀ ကျပ်ဖြင့် စတင်ဝင်ရောက်ခဲ့ ကြောင်း ၊ ယင်းနောက်Mashala Tech CO.,Ltd e Online ချေးငွေလုပ်ငန်းဖြင့် လိမ်လည်လုပ်ကိုင်နေသူများအား ဖေဖော်ဝါရီလ၁၅ ရက်မှ ၂၂ ရက်အထိ ဖော် ထုတ်ဖမ်းဆီးခဲ့ရာ မမြတ်စန္ဒာဝင်း(ခ)စန္ဒာ အပါအဝင် စုစုပေါင်း တရားခံ ၁၃ ဦးကို ၎င်းတို့ လိမ်လည်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သည့် Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော် ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စိစစ်ချက်များအရ Mashala Tech CO.,Ltd ကို ဦးဇေယျာမင်း တစ်ဦးတည်း အမည်ဖြင့် မှတ်ပုံတင်ထားသော် လည်း အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နေသူမှာ တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian ဖြစ်ကာ ဗိုလ် တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၄၄/၅၆) MMG Tower၊ (၆)လွှာ၊ အခန်း (၆၀၄) တွင် ဖွင့်လှစ်ထားရှိ ကြောင်း သိရသည်။
Mr. Yu Linfeng သည် ဇန်နဝါရီလ ၅ ရက်၌ ကမ္ဘောဒီးယား နိုင်ငံသို့ ထွက်ခွာသွားရာမှ မြန်မာနိုင်ငံသို့ ပြန် လည် ဝင်ရောက်ခြင်းမရှိ သေးကြောင်း၊ ကုမ္ပဏီအနေဖြင့် အွန်လိုင်းချေးငွေ လုပ်ငန်းများ လုပ်ကိုင်ရာတွင် Mr. Yu Linfeng က ဦးဆောင်ပြီး ဖမ်းဆီးရမိပြီးဖြစ်သည့် HR ဝန်ထမ်းဖြစ်သူ မြတ်စန္ဒာဝင်း၊ Assistant HR ဝန်ထမ်းများဖြစ်သူ ဖမ်းဆီးရမိပြီးဖြစ်သည့် မမို့မို့အောင် နှင့် ဖမ်းဆီးရန် ကျန် ကျော်မင်းဖြိုး တို့က ကြီးကြပ်လုပ် ကိုင် လျက်ရှိကြောင်း၊ ၎င်းတို့၏ ကြီးကြပ်မှု အောက်တွင် အွန်လိုင်း ချေးငွေ များရယူလာစေရေး ဆွဲဆောင် သည့်အဖွဲ့၊ ချေးငွေ Application Download ပြုလုပ်ရန် ခိုင်းစေသည့်အဖွဲ့၊ ချေးငွေလျှောက်လွှာစိစစ်သည့် အဖွဲ့နှင့် ချေးငွေပြန်လည် ခြိမ်းခြောက်တောင်းခံသည့် အဖွဲ့ဟူ၍ အဖွဲ့ ၄ ဖွဲ့ခွဲထားကြောင်း သိရသည်။
ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့ကို ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မလွင်မေချစ် အပါ အဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် လည်းကောင်း၊ ချေးငွေပြန်လည်ခြိမ်း ခြောက်တောင်း ခံသည့် အဖွဲ့ကို Team A, E, J, N, S, X အဖွဲ့ ၆ ဖွဲ့ ခွဲထားပြီး Team-A တွင် ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မဝေဖြိုးသွယ်နှင့် Data Analysis ဖြစ်သူ မအေးမြင့်သူ အပါ အဝင် ချေးငွေကောက်ခံသူ ၁၅ ဦး၊ Team-E တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ မောင်လဝန်းယံ အပါ အဝင် ချေးငွေကောက်ခံသူ ၁၀ ဦး၊ Team-N တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ လင်းကောင်းခန့် အပါ အဝင် ချေးငွေကောက် ခံသူ ၁၀ ဦး၊ Team-J တွင် ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မရတနာအပါ အဝင် ချေးငွေကောက်ခံသူ ၂၀ ဦး၊ Team-S တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ မနှင်းလပြည့် နှင့် မောင်ဇာနည်ဖြိုး အပါ အဝင် ချေးငွေကောက်ခံသူ ၁၆ ဦး၊ Team-X တွင် ဖမ်းဆီးရန် ကျန် Leader ဖြစ်သူ မပန်းအိမွန်နှင့် မနှင်းအိခိုင် အပါ အဝင် ချေးငွေကောက်ခံသူ ၂၀ ဦး၊ စုစုပေါင်း ၉၁ ဦး တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရန်ကျန် တရုတ်နိုင်ငံသားဖြစ်သူ Mr.Yu Linfeng(ခ) Willian နှင့် ဖမ်းဆီးရမိသူများ ဖြစ် သည့် မမြတ်စန္ဒာဝင်း(ခ)စန္ဒာ၊ မအေးမြင့်သူ(ခ) ဇူးဇူးကို၊ ဆုရည်နွယ်၊ မဝေဖြိုးသွယ်(ခ)မဝေ၊ မင်းခန့်ကျော်၊ ဇော်ထက်အောင်၊ ကျော်ဇင်ထက်၊ မရတနာ၊ မလွင်မေချစ်၊ ရဲနိုင်ဝင်း၊ မမို့မို့အောင်၊ မင်းခန့်ကျော်(ခ) ခန့်ကျော်၊ ငြိမ်းချမ်းဆွေ နှင့် မစုစုအေး တို့အား အမှုဖွင့်လှစ်၍ တရားဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သူများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mashala Tech CO.,Ltd အနေဖြင့် Morning Cash Smile Loan I Cash Loop | WA Wallet | PK Cash | AJ Cash | Morning Wallet | Sky Cash Happy Cash | Sun Bag ı Zuri Loan & Quick Cash Application များကို အများပြည်သူ မြင်သာနိုင်ရန် Wave Money Application တွင် ထည့်သွင်း ကြော်ငြာ ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ချေးငွေရယူလိုသူများအနေဖြင့် အဆိုပါ Application များကို Download ပြုလုပ်၍ ဖုန်းအတွင်း Install ပြုလုပ်ပြီးပါက Register ပြုလုပ်ရန်အတွက် ချေးငွေပုံစံဖြည့် သွင်းရာတွင် အမည်၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ ငွေလက်ခံမည့် KBZ Pay/Wave Pay အကောင့်များ၊ နိုင်ငံသားစိ စစ်ရေးကတ် (ရှေ့/နောက်)ဓာတ် ပုံနှင့် Gmail တို့ကို ဖြည့်သွင်း ပေးရကြောင်း၊ ဖုန်းတွင် Permission Access တောင်းခံပြီး ချေးယူလိုသူက Allow ပြုလုပ်ပါက Gmail ချိတ်ဆက်ထားသည့် ဖုန်း Contact များအားလုံးကို Application က တရားမဝင် ရရှိသွားကြောင်း၊ ထိုသို့ ပြုလုပ်ပြီးနောက် ချေးငွေရယူလိုသူများထံချေးယူမည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို အတိုးဖြတ်တောက်၍ KBZ Pay/ Wave Pay မှတစ်ဆင့် လွှဲပြောင်းပေးပြီး အနည်းဆုံး ငွေ ၃၀,၀၀၀ ကျပ်မှ အများဆုံး ငွေ ၃၀၀,၀၀၀ ကျပ်အထိချေးပေးကြောင်း၊ ထို့နောက် ချေးယူငွေ များကို တစ်ပတ်အတွင်း ပြန်လည်ပေးဆပ်စေပြီး ကုမ္ပဏီဝန်ထမ်းများ အနေဖြင့် ချေးငွေရယူထားသူများအား ဖုန်းဖြင့်ခေါ်ဆိုခြင်း၊ Viber သို့မဟုတ် SMS မှတစ်ဆင့် ချေးငွေပေးဆပ်ရန် ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်ကြောင်း၊ ချေးငွေ ပြန်လည်ပေးဆပ်ခြင်း မရှိသူများနှင့် ၎င်းဖုန်းအတွင်းမှ Contact Person များကို ဖုန်းဖြင့် ဆက်သွယ်၍ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည့်အပြင် လူမှု ကွန်ရက်စာမျက်နှာများတွင် အရှက်တကွဲဖြစ်စေရန် ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်ကြောင်း သိရသည်။
ငွေကြေးလိမ်လည်သူများအနေဖြင့် အဖွဲ့များဖွဲ့၍ အထက်ပါနည်းလမ်းများ အပါအဝင် အခြားနည်းလမ်းမျိုးစုံဖြင့် ငွေကြေးအမြတ်ထုတ်လျက်ရှိပြီး အများပြည်သူ များ သတိပြုမိနိုင်စေရေးအတွက် ဖြစ်စဉ်တစ်ခုအနေဖြင့် ဖော်ပြ ရ မည်ဆိုပါက အသေး စား စားသောက်ကုန်ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံသို့ ငွေကြေးလိမ်လည်သူ များအနေဖြင့် Delivery Service အသွင် ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းတို့ Service ကိုစမ်းသပ်အသုံးပြုရန် ဆက် သွယ်ခဲ့ကြောင်း၊ ထို့နောက် ဖုန်းဖြင့်ဆက်သွယ်ခြင်း၊ Viber မှ Video Call များခေါ်ဆိုခြင်းများ ပြုလုပ်ပြီး ယုံ ကြည်မှုရရှိစေရန် ဆောင် ရွက်ကာ လုပ်ငန်းနှင့်ပတ်သက်၍ စာချုပ်ချုပ်ခြင်း၊ လျှောက်လွှာတင်ခြင်းများ ဆောင် ရွက်ရန် အတွက် Application များကို Download ပြုလုပ်စေခဲ့ပြီး Permission များ တောင်းသည့် အခါတွင် Allowed ၊ Accept များ ပြုလုပ်စေခဲ့ကာ လုပ်ငန်းရှင်ဖြစ်သူ၏ဖုန်းအတွင်းမှ Contact | Call log | SMS | Photo | Video | G-Mail | K pay | Wave pay အသုံးပြုသည့် ဖုန်းနံပါတ်များ အပါအဝင် ကိုယ်ရေး ကိုယ်တာအချက်အလက်များ အား နည်းပညာဖြင့် Hack ၍ တရားမဝင်ရယူခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပြီး ရက်ပိုင်း အတွင်း၌ လုပ်ငန်းရှင်ဖြစ်သူ၏ K pay အတွင်းသို့ အကြောင်းတစ်စုံတစ်ရာမရှိဘဲ ငွေပမာဏတူ ငွေလွှဲ(၆)ကြိမ် ရောက်ရှိလာခဲ့ပြီး ဖုန်းနံပါတ်တစ်ခုဖြင့် ဆက်သွယ်ကာ ဖုန်းနံပါတ်လွဲမှား၍ ငွေပေးပို့မိသည့် အသွင်ဖြင့်ပြောဆို၍ ငွေများကိုပြန်လည်လွှဲစေခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဖုန်းနံပါတ် မျိုးစုံဖြင့် ဆက်သွယ် ၍ ၎င်းတို့ထံမှ ရယူထားသည့် Online ချေးငွေများကို ပြန်လည်ပေးဆပ်ရန် ဆက်တိုက် ပြော ဆိုခဲ့သောကြောင့် လုပ်ငန်းရှင်မှ ၎င်းအနေဖြင့် မည်သည့်ချေးငွေမျှ ရယူထားခြင်းမရှိကြောင်း၊ မသိ ကြောင်း ပြောဆိုရာတွင် ဆဲဆိုခြင်း၊ ခြိမ်းခြောက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ လုပ်ငန်းရှင်ကိုသာမက ၎င်းတို့ တရားမဝင်ရယူထားသည့် လုပ်ငန်းရှင်၏ Contact အတွင်းမှ ဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များထံသို့ လည်း ဆက်သွယ်အရှက်ခွဲခြင်းများ၊ သိက္ခာချခြင်းများ ပြုလုပ်လာသဖြင့် လုပ်ငန်းရှင် အနေဖြင့် ချေးယူထားခြင်း မရှိသည့် ငွေကြေးပမာဏတစ်ခုကိုမတတ်သာတော့ သဖြင့် လွှဲပေးလိုက်ရကြောင်း၊ ထိုသို့လွှဲပေးခဲ့ရပြီး ၂ ရက်ခန့် အကြာတွင်လည်း Viber မှတဆင့် Video Call ခေါ်ထားသည့်ပုံများ၊ ဖုန်းအတွင်းမှ ကိုယ်ရေးကိုယ် တာပုံများ၊ မှတ်ပုံတင်များဖြင့် ခြိမ်းခြောက်၍ ငွေကြေးပမာဏတစ်ခုကို ထပ်မံခြိမ်းခြောက် တောင်းဆိုခဲ့ပြီး လုပ်ငန်း ရှင်မှပေးဆောင်နိုင်ခြင်းမရှိသောအခါ အထက်တွင်ဆောင်ရွက် ခဲ့သည့်အတိုင်း လုပ်ငန်းရှင်၏ Contact အတွင်းမှ ဆွေမျိုးသားချင်းများ၊ လုပ်ဖော် ကိုင်ဖက်များထံသို့ ဆက်သွယ်အရှက်ခွဲခြင်းသာမက လူမှုကွန်ယက် စာ မျက်နှာများ၌ လုပ်ငန်းရှင်၏ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များ၊မှတ်ပုံတင်များတင်၍ အကြမ်းဖက် PDF ဖြစ်ကြောင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ပတ်ဝန်းကျင်တွင် အထက်ပါဖြစ်စဉ်များကဲ့သို့ ငွေကြေးနှင့် ပတ်သက်သည့် မသင်္ကာဖွယ်ရာ အပြုအမူများနှင့် လိမ်လည်မှု ဆောင်ရွက်နေသည်ဟု ယူဆရမှုများ အား တွေ့ရှိရပါက တာဝန်ရှိသူများထံသို့ အမြန်ဆုံး အကြောင်းကြား ရန်လည်း သက်ဆိုင်ရာက တိုက်တွန်းထားသည်။
Yangon_Times/PP






Page 1030 of 2480