#Local_News
Published_ 8 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီတော်ရင်ပြင်အနီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြင့် တစ်လသားအရွယ် ကလေးငယ်တစ်ဦးအား ကမ္ဘာအေးစေတီရင်ပြင်အနီး စွန့်ပစ်ထားကြသည်ကို သွားရောက်ကူညီခဲ့ရကြောင်း မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သိရသည်။
ဧပြီလ ၇ ရက် ညနေပိုင်းအချိန် စေတီတော်ရင်ပြင်တွင် ဈေးရောင်းသူများက ကလေးငိုသံကြားသည့်အတွက် သွားကြည့်ရာ ကလေးငယ်အား ပုရွက်ဆိတ်များ ကိုက်ထားကြောင်း ၊ ယင်းကလေးငယ်မှာ သား ယောင်္ကျားလေးဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားလာတာကြောင့် ရောက်သွားတဲ့အခါ ကလေးငယ်က မွေးရာပါ နှုတ်ခမ်းကွဲပြီး တစ်ကိုယ်လုံးပုရွတ်ဆိတ်တွေကိုက်ခံထားလို့ နာကျင်နေတယ်။
ဒါကြောင့် ကျန်းမာရေး အခြေအနေကြောင့် ရန်ကင်းကလေးဆေးရုံကို ကူညီပို့ဆောင်ခဲ့ကြပါတယ်၊ပိုင်ရှင်မဲ့ကလေးဆိုတော့ ဆေးရုံက သိပ်လက်မခံချင်ဘူး၊စကားတွေအများကြီးပြောရတယ်၊လက်မှတ်တွေလဲ ထိုးရတယ်၊ဘာပဲဖြစ်ဖြစ် ကလေးအသက်အရေးကြီးလို့ လုပ်ပေးလိုက်ပါတယ်၊ကလေးငယ်ရဲ့ နာမည်ကို ဆေးရုံစာအုပ်မှာ မောင်ကြယ်ဖြူ လို့ ရေးပေးထားခဲ့ပါတယ်"ဟု အဆိုပါ အဖွဲ့၏ တာဝန်ရှိသူကပြောသည်။
ymg/mt
#Local_News #မွေးရာပါနှုတ်ခမ်းကွဲ၊အာခေါင်ကွဲ #ကလေးငယ်တစ်ဦး #ကမ္ဘာအေးစေတီအနီးစွန့်ပစ် #YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ အမှတ် (၂၂) အကြီးစားတာယာစက်ရုံအနီးတွင် ယနေ့ ဧပြီလ ၈ ရက် နံနက် ၇ နာရီခန့်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ရာတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးဖြစ်ပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိသွားကြောင်း၊အမျိုးသမီးများ ဒဏ်ရာများမှာ စိုးရိမ်ရကြောင်း ဖော်ပြထားသည်။
အခင်းဖြစ်ရာနေရာသို့ ဘီးလင်းမြို့နယ်မီးသတ်စသခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကာ ဒဏ်ရာရသူများနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို စုစည်းအားမာန်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/mt
#Local_News #ဘီးလင်းမြို့ #ယာဉ်တိုက်မှုဖြစ်ပွား
#YMG #Yangon_Media_Group
#Loca_News
Published_ 8 April 2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ရွေးမြစ်(မြောင်းမြ)မြစ်အတွင်း ရေယာဉ် (၁) စီး မီးလောင်မှု ဧပြီလ ၇ ရက်က ဖြစ်ပွားခဲ့ရာ (၃) ဦးဒဏ်ရာရသည့်ထဲတွင် အမျိုးသမီးတစ်ဦးစိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနချုပ် က သိရသည်။
မီးလောင်မှုကြောင့် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား သစ္စာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောင်းမြမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မူကို မြောင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အပေါ့စားမီးသတ်စက်(၂)လုံး၊ စက်လှေ(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ymg/ynzw
#Loca_News #ရွေးမြစ် #ရေယာဉ်မီးလောင် #အမျိုးသမီးတစ်ဦးစိုးရိမ်ရ
#YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
ရန်ကုန်ဆိပ်ကမ်းသို့ လျှပ်စစ်သုံးမော်တော်ယာဉ် အစီး ၅၀ နှင့် အားသွင်းစက် အစုံ ၂၀ ထပ်မံရောက်ရှိခဲ့ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။
အဆိုပါယာဉ်များကို ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာခြင်းဖြစ်ပြီး အမျိုးအစားမှာ Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ဖြစ်ကြောင်း သိရသည်။
အလားတူ လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက် အစုံ ၂၀ လည်း ရောက်ရှိခဲ့ကြောင်း ၊ယင်းတွင် Grand Sirius Co., Ltd. မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၁၅) စုံနှင့် Chin Dwin Shan Contruction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၅) စုံ ဖြစ်ကြောင်းသိရသည်။
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော ယင်းမော်တော်ယာဉ်များနှင့် အားသွင်းစက်များကို ဧပြီလ ၇ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊ယင်းလျှပ်စစ်သုံးမော်တော်ယာဉ်များ၊အားသွင်းစက်များ တင်သွင်းမှုများအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
ymg/mt
#Local_News #လျှပ်စစ်သုံးမော်တော်ယာဉ် #အားသွင်းစက်
#YMG #Yangon_Media_Group
Published 7 April 2023
နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံတို့ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် အစည်းအဝေးကို ယနေ့ ဧပြီ(၇)ရက်တွင် အွန်လိုင်းဖြင့် ကျင်းပခဲ့ကြောင်းနစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အစည်းအဝေးမှာ ဦးစွာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယခုကဲ့သို့တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိတို့အချင်းချင်းယုံကြည်မှု၊ နားလည်မှုများဖြင့် ဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ယခုကိစ္စသည် သုံးနိုင်ငံရှိပြည်သူများ၏ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် လက်တွဲဖြေရှင်းရမည်ဖြစ်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းအချက်အလက်များကို မျှဝေဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
အဲဒီနောက် လာအိုနိုင်ငံဝန်ကြီးချုပ်က လက်ရှိ မိမိတို့သုံးနိုင်ငံရင်ဆိုင်နေရသည့် လေထုညစ်ညမ်းမှုသည် ဘုံဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုပင်ဖြစ်ပါ ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ရည်မှန်းချက်ထားပြီး ကာကွယ်တားဆီးရေးကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ လူထုမှပါဝင်ဆောင်ရွက်နိုင်ရန်အတွက်တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ အတွေ့ အကြုံများအပေါ်မူတည်ပြီးလည်း ဆောင်ရွက်လျက်ရှိကြောင်း၊မိမိတို့အနေဖြင့် လေထုညစ်ညမ်းမှုကို တိုင်းတာသည့်ကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းအချက်အလက်မျှဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့တယ်လို့သိရှိရပါတယ်။
အစီအစဉ်အရ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောဆိုရာတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဉတုအခြေအနေသည် မဲခေါင်ဒေသခွဲနိုင်ငံများတွင်ယခုနှစ်မေလခန့်အထိ ဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု သိရှိရပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ပြီး ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ASMC မှရရှိသော Fire Hotspot အချက်အလက်များကို နေ့စဉ်စောင့်ကြည့်ပြီး တိုင်းဒေသကြီး/ပြည်နယ်များသို့ပေးပို့၍ FireHotspot လျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့်မြန်မာ၊ ထိုင်း၊ လာအို နှင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်တွင် Fire Hotspot လျော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး လုပ်ငန်းများကိုအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်ကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းနယ်စပ် ဒေသများနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါကာလများတွင်လည်း မြန်မာနိုင်ငံအတွင်း ရာသီဥတုပူပြင်းမှုကြောင့် နိုင်ငံအရှေ့ပိုင်းတစ်ခြမ်းလုံးတွင် တောမီးလောင်ကျွမ်းမှု ပိုမိုများပြားခဲ့တယ်လို့ သိရှိရပါတယ်။
ASEANSpecialized Meteorological Centre (ASMC) မှ ရရှိသော အချက်အလက်များအရလည်း မီးခိုးမြူ ငွေ့ သိပ်သည်းစွာ ဖြစ်ပေါ်မှုသည် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင်မြန်မာနိုင်ငံအရှေ့ပိုင်း၌ အနည်းငယ်ဖြစ်ပေါ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် ပိုမိုဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၂ ရက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင်အနည်းငယ်သာဖြစ်ပေါ်ပြီး လာအိုနိုင်ငံတောင်ပိုင်းတွင် ပိုမိုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါတယ်။
၊၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်တွင် မီးခိုးမြူ ငွေ့ သိပ်သည်းမှုလျော့ပါးပြီးလာအိုနိုင်ငံတောင်ပိုင်းတွင် သိပ်သည်းသော မီးခိုးမြူ ငွေ့ဖြစ်ပေါ်သည်ကို တွေ့ရှိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၄ ရက်တွင် မြန်မာနိုင်ငံအရှေ့ဖျား၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုမှာ သိပ်သည်းစွာဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
-ymg/knl
#မြန်မာ၊ထိုင်း၊လာအိုဝန်ကြီးချုပ်သုံးဦီးသုံးဖလှယ်အစည်းအဝေး
#နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ
#YangonMediaGroup
#Local_News
Published_ 7 April 2023
သင်္ကြန်ကာလ နီးကပ်လာတဲ့အတွက် ရွှေစျေးကွက်ထဲမှာ လက်၀တ်ရတနာများ အရောင်းအဝယ် အနည်းငယ်ပြန်ဖြစ်လာတယ်လို့ ရန်ကုန်ရွှေစျေးကွက်ထဲမှ သိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ရွှေလက်၀တ်ရတနာများ #ရောင်းအဝယ်
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
သင်္ကြန်ရက် နီးလာချိန်တွင် စက်သုံးဆီဈေးများ ဆက်တိုက်မြင့်တက်လာပြီးလက်လီ ၊ လက်ကားဈေး နှစ်ခုစလုံး မြင့်တက်နေပါတယ်။
#Local_News #သင်္ကြန် #စက်သုံးဆီဈေး #လက်လီ၊လက်ကားဈေးနှစ်ခုစလုံးမြင့်တက် #YMG #Yangon_Media_Group
Page 1029 of 1897