25 February 2024
ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် "ဘိလိယက်နှင့် စနူကာပြိုင်ပွဲ"ကို ဖေဖော်ဝါရီ(၂၄)ရက်မှ မတ် (၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီး အသင်း ၁၀ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
ဖေဖော်ဝါရီလ(၂၅)ရက်တွင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများ မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်ကြသည့် အားကစားမောင်/မယ်များသည် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်း အနိုင်ရရှိရေးအတွက် မိမိတို့၏ အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားရန် လိုအပ်ကြောင်း၊
ထို့ပြင် အားကစားသမားကောင်းများ ပီသစွာ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာကြစေလိုကြောင်း၊ ယခု ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားရင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 February 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နှင့်လောင်းလုံးမြို့တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် သည့် ဖေဖော်ဝါရီလ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်များအဖြစ်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထားဝယ်တွင် ယခင်က အမြင့်ဆုံးအပူချိန်စံချိန် ၃၈ ဒီဂရီစင်တီဂရိတ်ပဲရှိခဲ့ရာမှ ဖေဖော်ဝါရီလ၂၄ရက်တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၃၈.၃ ဒီဂရီစင်တီဂရိတ်အထိရှိကာ စခန်းဖွင့်သည့်နှစ်မှစပြီး နှစ်ပေါင်း(၇၈)နှစ်အတွင်းအပူဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
လောင်းလုံးတွင် ယခင်က အမြင့်ဆုံးအပူချိန်စံချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ပဲရှိခဲ့ရာမှ ဖေဖော်ဝါရီ လ၂၄ရက်တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၃၇.၈ ဒီဂရီစင်တီဂရိတ်အထိရှိကာ စခန်းဖွင့်သည့်နှစ်မှစပြီး နှစ်ပေါင်း(၄၁)နှစ်အတွင်းအပူဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးသည်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင်ပါဝင်ပြီးယခုနှစ်တွင် အယ်နီညိုသက်ရောက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
တပိုတွဲလပြည့်နေ့၌ မန်းရွှေစက်တော်ဘုရားဖူးများ တည်းခိုဆောင်အားလုံး ပြည့်လုနီးပါးဖြစ်နေ
'ပွဲတော်အစမှတော့ ဘုရားဖူးပါးတယ်၊ အခု ကျောင်းစာမေးပွဲ တော်တော်များများပြီးသွားတော့ ဘုရားဖူးများလာတယ်၊ တပိုတွဲလပြည့်နေ့လည်းဖြစ်လို့ ကျွန်တော့်ဆီမှာတော့ အခန်းတွေ ပြည့်သွားပြီ၊ မတ်လ၊ တပေါင်းလထဲမှာလည်း ခရီးသွားအများဆုံးပါ။ '
Yangon Times/NN
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 February 2024
SKY EXPO ဗီယက်နမ် နိုင်ငံတကာပြပွဲဗဟိုဌာန၏
(၁၅)ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲအခမ်း အနားကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ကြမည်ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကုန်စည်ပြပွဲသို့ တက်ရောက်ပြီး ဗီယက်နမ်နိုင်ငံရှိ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့မှု အခြေအနေများကို လေ့လာကာ စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်။
ယင်းပြပွဲသည် နိုင်ငံတကာမှ ပရိဘောဂပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဝယ်ယူသူအစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ရရှိကာ မြန်မာ့ပရိဘောဂထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်တင်ပို့နိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်မည်ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်လုပ်ငန်းရှင်များ လိုက်ပါသွားကြောင်း သိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published 25 February 2024
(၉၂)ကြိမ်မြောက် မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲများကို(၄)ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း မော်လမြိုင်မြို့ရှိလူမှုကူညီရေးအဖွဲ့များထံမှသိရသည်။
လှည့်လည်ပူဇော်ခံပွဲကို မော်လမြိုင်မြို့တွင်း၌
ပထမရက် ဖေဖော်ဝါရီလ၂၁ရက်တွင်ကျောက် တန်းရပ်ကွက်မှ မုပွန်၊သီရိမြိုင်၊မောင်ငံ၊အောက် လမ်းမကြီးတစ်လျှောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိ လည်းကောင်း၊
ဒုတိယရက်ဖေဖော်ဝါရီလ၂၂ရက်တွင် ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက် လမ်းအတိုင်းတက္ကသိုလ်လမ်းမကြီးအတိုင်း စျေးကြိုအဝိုင်းအထိ လည်းကောင်း၊
တတိယရက်ဖေဖော်ဝါရီလ၂၃ရက်တွင် ဇေယျာသီရီရပ်ကွက် လမ်းမကြီးမှ ဒေါ်လန်းရပ်အနီးအထိ လည်းကောင်း၊
စတုတ္ထရက်ဖေဖော်ဝါရီလ၂၄ရက်တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိ လည်း ကောင်းလှည့်လည် အပူဇော်ခံခဲ့သည်။
ဖေဖော်ဝါရီလ(၂၄)ရက်တွင် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူဘုရားရှင်များဒေသစာရီကြွချီလာစဉ်နောက်ဆုံးနေ့၌ဥပ္ပဿကာများအားဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပြီး
၁။ပထမဆု- ဘုရားအမှတ်(၄)ညောင်လေးပင်ရပ်
၂။ဒုတိယဆု- ဘုရားအမှတ်(၁)ပန်းပဲတန်အပေါ်
၃။တတိယဆု-ဘုရားအမှတ်(၂၆)မုပွန်ရပ်
၄။စတုတ္ထဆု-ဘုရားအမှတ်(၂၂)အောင်ချမ်းသာရပ်
၅။ပဉွမဆု-ဘုရားအမှတ်(၇ )သီရိမြိုင်ရပ်
၆။အထူးဆု-ဘုရားအမှတ်(၅)သင်္ဘောလဲရပ်
၇။အထူးဆု-ဘုရားအမှတ်(၈)ကုန်းတန်းရပ်
၈။အထူးဆု-ဘုရားအမှတ်(၁၃)အုန်းတောရပ်
၉။အထူးဆု-ဘုရားအမှတ်(၁၄)ပန်းပဲတန်းရပ်
၁၀။အထူးဆု-ဘုရားအမှတ်(၁၉)နတ်မှော်တန်းရပ်
တို့အားဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။
မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှ စတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ကြောင်း သိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group



25 February 2024
လာမည့်မတ်လမှမေလ (၃)လတာကာလအတွင်းတွင်မြန်မာရုပ်ရှင်ကား(၁၂)ကား ရုံတင်ပြသသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
မတ်လ(၁)ရက်မှ မေလ(၂၄)ရက်အထိပြသသွားမည့်ရုပ်ရှင်ဇာတ်ကားများနှင့် ရုံတင်ပြသမည့်ရက်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး Pageတွင်ဖော်ပြထားသည်။
ပြသသွားမည့်ရုပ်ရှင်ဇာတ်ကားများကတော့ ထင်ပေါ်ကျော်ကြားရုပ်ရှင်ဇာတ်ကားကို မတ်လ(၁ )
ရက်တွင်လည်းကောင်း၊ရွှေဖူးစာရုပ်ရှင်ဇာတ်ကားကို မတ်လ(၈ )ရက်တွင်လည်းကောင်း၊ ဟန်နီကယ်ရုပ်ရှင်ဇာတ်ကားနှင့် သံယောဇဉ်တွေသာကျည်ဆန်တွေဖြစ်ရင်ကို မတ်လ(၁၅ )ရက်တွင်လည်း ကောင်း၊ ကဝေရုပ်ရှင်ဇာတ်ကားကို မတ်လ(၂၂ ) ရက်တွင်လည်း ကောင်း၊ဂျင်းထည့်တဲ့ယောက်ဖရုပ်ရှင်ဇာတ်ကားကို မတ်လ(၂၉)ရက်တွင်လည်း ကောင်းပြသသွားမည်ဖြစ်သည်။
ဆက်လက်ပြီး ချစ်လို့စတာပါရုပ်ရှင်ဇာတ်ကားကို ဧပြီလ(၄ )ရက်တွင်လည်းကောင်း၊ပြိုင်ဘက် ရုပ်ရှင်ဇာတ်ကားကို ဧပြီလ(၁၇ )ရက်တွင်လည်းကောင်း၊တခုတ်တယရုပ်ရှင်ဇာတ်ကားကို ဧပြီလ(၂၆ )ရက်တွင်လည်းကောင်း၊ဖုန်းရွှေရုပ်ရှင်ဇာတ်ကားနှင့် လူကြီးလူကောင်းရုပ်ရှင်ဇာတ်ကားကို မေလ(၃ )ရက်တွင်လည်းကောင်း၊တောဂျပွေး ရုပ်ရှင်ဇာတ်ကားကို မေလ(၁၀)ရက်တွင်လည်း ကောင်း၊လာခေါ်သူရုပ်ရှင်ဇာတ်ကားကို မေလ(၁၇ )ရက်တွင်လည်းကောင်း၊မိတင်စိန်ရုပ်ရှင်ဇာတ်ကားကို မေလ(၄ )ရက်တွင်လည်းကောင်း ပြသသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ရုပ်ရှင်ဇာတ်ကားများရုံတင်ပြသချိန်တွင်သတ်မှတ် ထားသည့်အတိုင်း ရုံပြည့်ရုံလျှံအားပေးမှုများရရှိပါက နောက်တစ်ပတ်ဆက်လက်ရုံတင်ပြသခွင့်ရရှိမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မတ်လဆန်းမှာ နွေရာသီရေကူးသင်တန်းတွေ နေပြည်တော်ဝဏ္ဏသိဒ္ဓိရေကူးကန်နဲ့ ရန်ကုန် မြို့ မြောက်ဒဂုံအမျိုးသားရေကူးကန်၊ ကုက္ကိုင်းရေကူးကန်တို့မှာဖွင့်မယ်
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 1028 of 2480