Published 26 February 2024
အထူးကုဌာနများ ဖွင့်လှစ်ထားရှိသော ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံများတွင် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ကြည့်ရှုကုသပေးသည့် အထူးကုပြင်ပလူနာဌာန ကြည့်ရှုမှုအချိန်ကို ၂၀၂၃ ခုနှစ် ဩဂုတ်မှစတင်၍ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ယခင်ကနံနက်ပိုင်းသာ ကြည့်ရှု ကုသ ပေးနိုင်ရာမှ ယခုအခါမွန်းလွဲပိုင်းအထိ တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အထူးကုဆရာဝန်ကြီးများနှင့်ပြသလိုပါက ဒေသန္တရဆေးခန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ရောဂါအမျိုးအစားအလိုက် အထူးကုပြင်ပ လူနာဌာနများသို့ ညွှန်းပို့သည့်စာ(referral letter)နှင့်အတူ ပြသနိုင်ပြီး အထူးကုပြင်ပလူနာဌာနများတွင်နေ့ရက်၊ အချိန်မှန်ကန်စွာ ပြသနိုင်ရေးအတွက် လာရောက်ပြသခြင်းမပြုမီ မိမိတို့ပြသလိုသော ဆေးရုံကြီးများ၏ အထူးကုပြင်ပလူနာ အချိန်ဇယားကို ကြိုတင်သိရှိရန် လိုအပ်ကြောင်းနှင့် ပြည်သူ့ဆေးရုံကြီးများ၏ အထူးကု ပြင်ပလူနာအချိန်ဇယားကို သက်ဆိုင်ရာဆေးရုံကြီးများတွင် အများပြည်သူ အလွယ်တကူသိရှိနိုင်အောင် Vinyl/board များဖြင့် ကြေညာထားခြင်း၊ ကုသရေးဦးစီးဌာန Website စာမျက်နှာ www.doms.gov.mm ၌ ဖော်ပြထားခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်တွင်း ဝယ်လိုအား မြင့်လာတဲ့ အတွက်ဆိတ်သားသ-တ်ဈေးကွက် မှာ ယခင် တပတ်ထက် ကျပ် ၁၀၀၀ကျော် မြင့် တတ်လာတယ်လိုh ဆိတ်မွေးမြူရေး လုပ်ငန်းရှင် များထံက သိရပါတယ်။ ပြီးခဲ့တဲ့ လ ပိုင်း တွေကဈေးကွက် အေးခဲ့ပေမယ့် ယခုတရုတ်နှစ်ကူးကာလမှာ အရောင်းဝယ် ကောင်းလာတယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မှိုအနက်မျိုးက နောက်ပိုင်းမှာ ငွေနှင်းမှိုကို လွှမ်းမိုးသွားမယ့် အနေအထားရှိတယ်
'မှိအနက်Black Oysterက ငွေနှင်းမှို အုပ်စုထဲကပဲ၊ ထိုင်းကနေ မျိူးဝင်တာသုံးလပဲရှိသေးတယ်၊ အခုနေရာအစုံလောက် မျိုးပြန့်သွားပြီ၊ ထောက်ကြံ့က တစ်ခြံလုံးအပြတ်ယူလို့ ရောင်းတာရပ်လိုက်ရတယ်'
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်မှသူတွေ အွန်လိုင်းစနစ်နဲ့Passport ကိုယ်တိုင်လျှောက်နိုင်ပြီ။ " မန္တလေး၊ ပုသိမ်၊နေပြည် တော်နဲ့ ပဲခူးမြို့တို့ရှိ ရုံးခွဲတွေမှာ လာမယ့်ဖေဖော်ဝါရီ (၂၆) ရက်မှစတင်ပြီး Online booking စနစ်ဖြင့် Passport တွေကို မိမိတို့ကိုယ်တိုင်လျှောက်ထားနိုင်တော့မှာ ဖြစ်တယ်" နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့
Yangon Times/tthl
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 February 2024
ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည် တင်ပို့မှုအများဆုံး အဆင့် အနေဖြင့်နံပါတ် ၈ ကိုချိတ် ထားကြောင်း Seasia Statsသတင်းဌာနမှ သိရသည်။
၂၀၂၃/၂၀၂၄ ခုနှစ်၌ နိုင်ငံတကာသို့ ဆန်တင်ပို့မှုအများဆုံး ၁၀နိုင်ငံစာရင်းတွင် အိန္ဒိယနိုင်ငံသည်ပထမ ၊ထိုင်းနိုင်ငံသည်ဒုတိယ ၊ဗီယက်နမ်နိုင်ငံသည် တတိယနှင့် မြန်မာနိုင်ငံသည် အဌမနေရာ၌ နေရာယူထားခြင်းဖြစ်သည်။
မြန်မာ့ဆန်များကို အိမ်နီချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်စသည့်နိုင်ငံများအပြင် ဥရောပဈေးကွက်သို့လည်းတင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ပြည်ပသို့နှစ်စဉ်တန်ချိန် ၂ ဒသမ ၁ သန်းတင်ပို့လေ့ရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သန်းကျော်သာ တင်ပို့နိုင်ရန်ခန့်မှန်းထားကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲများတင်ပို့ရာတွင် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၂) သန်းနီးပါးတင်ပို့ရန် လျာထားပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ဝင်ငွေရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။
ပြည်ပသို့ ဆန် တင်ပို့ရာတွင် တန်ချိန်များများ တင်ပို့ခြင်းထက် ဝင်ငွေပိုရသည့် ဆန်ကွဲ၊ ဆန်ဖြူနှင့်ပေါင်းဆန်အပါအဝင် တန်ဖိုးမြင့် ဆန်များကို ဦးစားပေးတင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားကြောင်းလည်း ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌကပြောကြားထားသည်။
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 26 February 2024
နိုင်ငံတော်အနေဖြင့် လျှပ်စစ်မော်တော် ယာဉ်များနှင့်ပတ်သက်၍ မူဝါဒများ ရေးဆွဲ၍ ဖွံဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိသဖြင့် လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရန် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ် ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ် သည့် အလုပ်ရုံသိုရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် Charging Station နှင့် ရွှေ့လျား Charger တို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ပါတယ်။
ထို့ပြင်ဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ရေနီမြိုရှိ စက္ကူစက်ရုံ(ရေနီ)သို ရောက်ရှိပြီး အသေးစားပျော့ဖတ်နှင့် စက္ကူထုတ်လုပ်သည့်စက်များ ပြုပြင်နေမှုနှင့် ချိန်ညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို စစ်ဆေးခဲ့ပြီး စက်အရန်ပစ္စည်းများ ထုတ်လုပ်ပေးသည့် စက်ပစ္စည်းများ ပြုပြင်မွမ်းမံပေးရသည့် စက်ပစ္စည်းများကို ကောင်းမွန်အောင် ပြုပြင်ထားဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 1027 of 2480