#TV Yangon Times Matters အစီအစဉ်
Published_ 9 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Ko Phue (Founder Artistic Space Art Gallery)နှင့်အတူ...
-အသက် (၅)နှစ်အရွယ်မှာ အပျော်တမ်းပန်းချီစတင်ရေးဆွဲခဲ့ပြီး ပန်းချီကို ထဲထဲဝင်ဝင်လေ့လာဖြစ်ခဲ့ကြောင်း ယခုဆို "Artistic Space Art Gallery" ဆိုပြီးဖွင့်လှစ်ခဲ့တာဖြစ်ပြီး အပတ်စဉ်ပန်းချီပြပွဲများ ပြသလျှက်ရှိကြောင်း
-ပန်းချီနဲ့ Music နှစ်ခုဇောက်ချလုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ခဲ့ဖူးကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 9 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Shwe Sin Tint (T9 collector gallery bar Collector/Founder)နှင့်အတူ...
- "၂ဝ၁၉/၂၀၂၀ခုနှစ်မှာ "Art Garden "အမည်ရှိပန်းချီပြခန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီးပန်းချီလောကတွင် လက်ရည်ကောင်းပြီးစန်းမရှိသေးတဲ့လူငယ်ပန်းချီဆရာတွေကိုလက်တွဲခေါ်ပေးရန်ရည်ရွယ်၍ ပန်းချီပြပွဲများကို စီစဉ်ပြသပေးလျှက်ရှိကြောင်း
- အသက် ၅၀ပြည့်နှစ်အထိမ်းအမှတ်အနေဖြင့် " Prowess of women at 50"အမည်ရှိ ကိုယ်တိုင်စုဆောင်းထားသော ပန်းချီကား (၃၀)ကျော်ကို Artistic Space Art Gallery တွင် ပြသရန်ရှိကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG #Yangon_Media_Group
Published 9 April 2023
မြန်မာနိုင်ငံရဲ့ အသားအရေအလှအပထိန်းသိမ်းရေး ဈေးကွက်ဟာ ၂၀၁၉ခုနှစ်မှာ ဒေါ်လာ ၂၇၂.၃ သန်းရှိလာခဲ့ရာမှ ၂၀၂၇ ခုနှစ် အရောက်မှာ ဒေါ်လာ ၅၀၁.၆သန်းအထိတိုးတက်လာမယ်လို့ နိုင်ငံတကာ ဈေးကွက်သုတေသအဖွဲ့အစည်းတစ်ခုကခန့်မှန်း လိုက်ပါတယ်။
လူဦးရေ၅၄သန်းခန့်ရှိနေတဲ့ မြန်မာနိုင်ငံမှာ လူငယ်အချိုးအစားဟာ မျှတတဲ့ အနေအထားမှာရှိနေတဲ့အတွက် လှုပ်ရှားတက်ကြွမှုရှိတဲ့ စားသုံးသူ အခြေခံကို ဖန်တီးပေးထားတယ်လို့ အဆိုပါ Allied Market Research ရဲ့ သုတေသတွေ့ရှိချက်ထဲမှာဖော်ပြထားပါတယ်။
မြန်မာအသားအရေအလှအပထိန်းသိမ်းရေးထုတ်ကုန်ဈေးကွက်ဟာ ယှဉ်ပြိုင်ရမှု မျှမျှတတရှိနေပြီး နိုင်ငံတကာထုတ်ကုန်ရော ပြည်တွင်းထုတ်ကုန်တွေရော နေရာရနေတာဖြစ်တယ်လို့လည်း အဆိုပါအစီရင်ခံစာကဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ စားသုံးသူတွေဟာ လျှော့ဈေးပေးတဲ့အပေါ် ကြီးမားစွာ မှီခိုထားပြီး အရည်အသွေးကောင်းတဲ့ အသားအရေအလှအပ ထုတ်ကုန်တွေကို လျှော့ဈေးနှင့်ရတာကို ပိုသဘောကျကြတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက သုံးစွဲသူတွေဟာ အယ်ကိုဟောနှင့် တိရစ္ဆာန်တွေသတ်ဖြတ်ရာကနေရရှိတဲ့ အရေပြားအလှထုတ်ကုန်တွေကို မကြိုက်ကြဘူးလို့လည်း ပြောပါတယ်။ မြန်မာ့ဈေးကွက်မှာ Dove၊ Neutrogenaနှင့် Panteneအမှတ်တံဆိပ်တွေ နေရာ ကောင်းကောင်းယူထားကြပြီး ဈေးကြီးတဲ့ထုတ်ကုန်တွေကို နိုင်ငံခြားသားတွေ၊ အထက်တန်းလွှာတွေနှင့် အလယ်အလတ်အထက်လူတန်းစားတွေက နှစ်သက်ကြတယ်လို့လည်း အဆိုပါအစီရင်ခံစာကပြောပါတယ်။
မြန်မာ့ဈေးကွက်မှာ ခရင်မ် cream အရေပြားအလှကုန်ပစ္စည်းတွေဟာ ၂၀၁၉ခုနှစ်မှာ ဦးဆောင်နေပြီး အခြားသော ပစ္စည်းအမျိုးအစားတွေလည်း နေရာတိုးပြီးယူလာနိုင်မယ့် အခြေအနေရှိနေပါတယ်။
၂၀၁၉ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံ အရေပြားအလှကုန်တွေရဲ့ သုံးပုံနှစ်ပုံဟဟာ အမျိုးသမီးတွေအတွက်ဖြစ်ကြပြီး အမျိုးသားသုံးအရေပြားအလှကုန်အချိုးအစားကလည်း တိုးလာနေဖို့ရှိနေပါတယ်။
ဖြန့်ချိရေးမှာ စူပါမားကက်တွေနှင့် ဟိုက်ပါမားကက်တွေမှာ အရောင်းရဆုံဖြစ်ပြီး အွန်လိုင်းကနေရောင်းတာတွေလည်း တိုးတက်လာဖို့ရှိနေပါတယ်။
အဆိုပါ မြန်မာ့အသားအရေအလှကုန်ဈေးကွက်နှစ်စဉ်တိုးတက်မှုအစီရင်ခံစာ ၂၀၂၁-၂၀၂၇ အတွက် အချက်အလက်တွေကို L’Oréal S.A၊ Kao Corporation၊ Estee Lauder ၊Revlon Inc၊ ၊ Unilever Group ၊Shiseido Company Limited၊ Procter & Gamble ၊ Frenzo Myanmar Company Limited ၊Beiersdorf AG နှင့် ရွှေပြည်နန်းတို့ကနေရရှိတယ်လို့လည်း ဖော်ပြ ထားပါတယ်။
Photo Credit: The Skin District 9
-ymg/knl
#မြန်မာနိုင်ငံအသားအရေထိန်းသိမ်းရေးအလှကုန်ဈေးကွက်
#မြန်မာ့အသားအရေအလှကုန်ဈေးကွက်
#YangonMediaGroup
#Local_News
Published_ 9 April 2023
မန္တလေး-လာရှိုး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၁/၆)နှင့်(၇၁/၇)ကြားတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်ခေါင်းခန်းတွင် ညှပ်မိနေသော အမျိုးသား နှစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ နောင်ချိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ခေါင်းခန်းတွင် ညှပ်မိနေသော အမျိုးသား နှစ်ဦးကို မီးသတ်တပ်ဖွဲ့ပိုင် Hydraulic Rescue Tool များအသုံးပြု၍ ကယ်ဆယ်ရွှေ့ထုတ်ခဲ့ကြရကြောင်း သိရသည်။
အဆိုပါ နှစ်ဦးကို ဖြူစင်မေတ္တာလူမှုရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ymg/mt
#Local_News #မန္တလေး-လာရှိုးလမ်းမကြီး # ယာဉ်တိမ်းမှောက်မှု
#YMG #Yangon_Media_Group
#Local_News
Published_ 9 April 2023
သင်္ကြန်ကာလအတွင်းညောင်ရွှေမြို့၊ အင်းလေးရေပေါ်သင်္ကြန်တွင် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်လျက်ရှိသူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဧပြီလ ၅ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့၊ မိုင်းလီ(၅)ရပ်ကွက်၌ အင်းလေး PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် လေးလွင်မျိုး(ခ) ကိုမျိုး(ခ)ပူတူးနှင့် ခိုင်ဇာဝင်း တို့ကို လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ် ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ လက်လုပ်သေနတ်ပြောင်း ၂ ခု၊ လက်လုပ်ကျည်ရိုက်တံ ၁ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် PVC ပိုက် ၈ ချောင်း၊ စနက်ကြိုး ၆ ချောင်း၊ ဝရိန်စက် ၁ လုံး၊ ဖောက်စက် ၁ ခု၊ ကန့် ၁၀ ကျပ်သား၊ ယမ်း၂၅ ကျပ်သား၊ မီးသွေးမှုန့် ၁၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတို့၏ ထွက်ဆိုချက်အရ လေးလွင်မျိုး(ခ)ကိုမျိုး(ခ) ပူတူး သည် တရားခံပြေး ကျော်မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့၏ ချိတ်ဆက်ပေးမှုဖြင့်၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖယ်ခုံမြို့နယ်၊ ကာဟန့်ကျေးရွာအနီးရှိ အင်းလေး PDF. အမည်ခံ ရင်း(၁၀၀၉၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း ၁ လခန့်တက်ရောက်ခဲ့ပြီး လက်လုပ်မိုင်း ပြုလုပ်နည်းနှင့် ဖောက်ခွဲနည်းများကို သင်ယူခဲ့ကာ ညောင်ရွှေမြို့၊ မိုင်းလီ(၅)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လာခဲ့ပြီး ၎င်းနှင့် တရားမဝင်ပေါင်းသင်းနေထိုင်သူ တရားခံ ခိုင်ဇာဝင်းနှင့်အတူ လက်လုပ်မိုင်းများကို စတင်စမ်းသပ်ပြုလုပ်ခဲ့ကြောင်း ၊လက်လုပ်မိုင်း များနှင့် ရှေ့ထွက်လက်လုပ်မိုင်းများကို ကိုယ်တိုင်ပြုလုပ်ကာပေါက်ကွဲအား ပြင်းထန်သည့် ယမ်းနှင့် မိုင်းများအား ၅ ဂါလံဆံ့ အဝါရောင်ဆီပုံးများအတွင်းသို့ ထည့်သွင်း၍ အင်းလေးရေပေါ်သင်္ကြန်ပြုလုပ်မည့် နေရာများသို့ ရေမျှော၍ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်ထား ကြောင်း၊ ထို့အပြင်သင်္ကြန်ကာလအတွင်း ညောင်ရွှေမြို့ပေါ်၌ သင်္ကြန်မတိုင်မီကာလတွင် မြို့နယ်လဝကရုံး၊ မြို့နယ်သမဝါယမရုံးနှင့် မြို့နယ်စည်ပင်ရုံးတို့ကိုလည်း မိုင်းထောင်ဖောက်ခွဲရန် စီစဉ်ထားကြောင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ အောင်မြင်ပါက တရာခံပြေး ကိုစိုင်း(ခ)အင်းဆားကူးမှ ငွေကျပ် ၅ သိန်းပေးမည်ဟု ညှိနှိုင်းသဘောတူထားခဲ့ကြောင်း သိရသည်။
ဖမ်းမိသူများ၏ထွက်ဆိုချက်အရ တရားခံပြေး ကျော်မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)PDF အမည်ခံအကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်း အပါအဝင် အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံ ခဲ့ရသည့်ဖြစ်စဉ်၊ အဖွဲ့ဝင် ၄ ဦးသေဆုံးပြီးလက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းခံရမှုဖြစ်စဉ် စသည်တို့အပေါ်မကျေနပ်၍ ရေပေါ်သင်္ကြန်ပြု လုပ်မည့်နေရာများကို ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန်ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News #သင်္ကြန်ကာလ #ညောင်ရွှေမြို့ # အင်းလေးရေပေါ်သင်္ကြန်ဖောက်ခွဲဖျက်ဆီးရန်စီစဉ်သူများ #YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
မီးပြတ်၍ သုံးရေ ရရှိရန်ခက်ခဲနေသည့် ရန်ကုန်မြို့ရှိ တိုက်ခန်းများအတွက် ရေတင်နိုင်ရန် ပုဇွန်တောင်မြို့နယ်ရှိ မီးစက်အရောင်းဆိုင်တစ်ဆိုင်မှ မီးစက်အခမဲ့ ငှားရမ်းပေးနေသည်ဟု သိရပါတယ်။
#Local_News #ရေအခက်အခဲဖြစ် #မီးစက်အခမဲ့ငှါးရမ်းပေးနေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
ကမ္ဘာ့ရွှေဈေး နူန်းဟာ ဧပြီလ ၅ရက်နေ့နဲ့ ၆ရက်နေ့တွေမှ ဈေးပြန်တက်လာပြီး ဒီနေ့မနက်ပိုင်းမှာ တစ်အောင်စကို ၂၀၁၁ ဒေါ်လာပေါက်ဈေးရှိနေတယ်လို့ ရန်ကုန်တိုင်း ရွှေအသင်းက သိရပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
Page 1027 of 1897