အဘဘိုးမင်းခေါင်အစရှိတဲ့ ဝိဇ္ဇာပုဂ္ဂိုလ်တွေရဲ့ ပုံတူဆီလီကွန်ရုပ်တုတော်တွေကို အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူတို့မှမြန်မာလက်မှုပညာရှင်တွေထံမှာယူလာကြတယ် မြန်မာဆီလီကွန်လက်မှုပညာရှင်တစ်ဦး ကိုစိုးသူဝင်း
#Local_News
Published 27 February 2024
#ဝိဇ္ဇာလိုင်းပုံတူ ဆီလီကွန်ရုပ်တုတော် #မြန်မာဆီလီကွန်လက်မှုပညာရှင်တစ်ဦး
#Yangon_Times #YMG_News #Yangon_Media_Group
#Local_News
Published 27 February 2024
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှမ်းစုကျေးရွာ တွင် ပျောက်ဆုံးနေသည့် ၃နှစ်အရွယ်က-လေး- ငယ် ကို ယနေ့ နံနက်ပိုင်းက ေ-သ ဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။
ဖေဖေါ်ဝါရီ (၂၄) ရက် ညနေပိုင်းက စတင်ပျောက်ဆုံးခဲ့ပြီး က-လေးငယ်၏ ရုပ်အလေ-ာင်းအား (၄) ရက်မြောက်နေ့ဖြစ်သည့် ယနေ့ဖေဖေါ်ဝါရီ (၂၇) ရက်တွင် ပြန်လည်တွေ့ရှိ ခြင်းဖြစ်ကြောင်း သိရသည်။
"က-လေးကိုပြန်တွေ့တဲ့နေရာက သူတို့နေတဲ့အိမ်နဲ့ဆို ၁၅မိနစ်လောက်သွားရသေးတယ်။ နောက်ပြီး ကားလမ်း မကြီး ကိုလဲကူးရသေးတယ်။ က-လေး ပြန်တွေ့တော့ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေတွေ့တယ်လို့ ကြားတယ်။ အခုကိစ္စ ဖြစ်တော့ ရွာထဲကသူတွေအနေနဲ့ မိသားစုနဲ့ ထပ်တူစိတ်မကောင်းလဲဖြစ်ရတယ်။ အခြားက-လေးမိဘတွေ စိုးရိမ် စိတ်တွေဖြစ်ကျတာပေါ့"ဟု အဆိုပါရှမ်းစုကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ကလေးငယ်၏ ဖခင် မှာလည်းသူ၏ လူမှုကွန်ယက်စာမျက်နှာတွင် "မချိမဆန့် dead body ဒီအရွယ်နဲ့ ဒီဒဏ်ရာမျှတရဲ့လားကွာ နောက်ဆုံးခရီး ဒီနေ့ဘဲစီစဥ်လိုက်ရတော့တယ်။ ရှမ်းစုသုဿာန်"ဆိုပြီး ရေးသားထားသည်ကို တွေ့ရသည်။
ပျောက်ဆုံးရာမှ ေ-သဆုံးခဲ့ရသည့် က-လေးငယ်မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းတွင် နေထိုင်သည့် ဦးအေးဇော်မြင့်၊ ဒေါ်နွယ်နွယ်စိုးတို့၏ သားဖြစ်သူ (၃) နှစ်အရွယ် မောင်ဇွဲမာန်သစ်ဖြစ်ကာ ပျောက်ဆုံးခဲ့သည့်နေမှစ၍ မိသားစုဝင်များ က လူမှုကွန်ယက်မှတဆင့် အကူညီတောင်းသဖြင့် လူမှုကွန်ယက်ပေါ်တွင် ရှဲပေးသူများ အမြန်ဆုံးပြန်တွေ့ရန် ဆုတောင်းပေးသူများ၊ က-လေးနှင့် ပတ်သက်ပြီး ဗေဒင်တွက်ပေးတာတွေ ပြုလုပ်ပေးကျသည်ကို တွေ့ရသည်။
#Local_News #၃နှစ်အရွယ်က-လေး-ငယ် #ေ-သဆုံးလျက်တွေ့ရှိ #YMG/LW #Yangon_Times
#Local_News
Published 27 February 2024
Bank of Chinaမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူ(၁၀၀)ဦးကို ယခုနှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
Bank of China ၏ ပညာသင်ထောက်ပံ့ကြေးမံကိန်းကို ၂၀၂၂ ခုနှစ်တွင်စတင်ဖော်ဆောင်ခဲ့ပြီး နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ကျောင်း သူပေါင်းအယောက်(၁၀၀)ကို ပညာသင်ထောက်ပံ့ ကြေး ချီးမြှင့်ပေးခဲ့သည်။
ယခုနှစ်အတွက် Bank of China၏ ရန်ကုန်တက္က သိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရန်ကုန်မြိုတွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာ ငွေရေးကြေးရေးအဖွဲအစည်းနှင့် ကုမ္ပဏီများသည် ဆက်လက် နက်ရှိင်းစွာပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုး စီးပွားမြှင့်တင်ရေးတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်း၊ လူငယ်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော် ဖွံဖြိုးတိုးတက်မှုတည်ဆောက်ရာတွင် လူတော်လူချွန်များဖြစ်လာစေရန် ကြိုးပမ်းလေ့လာသင်ယူပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် အဓိကအားအင်သစ်ဖြစ်လာရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါက မြန်မာနိုင်ငံရှိ တရုတ်ဘဏ်များနှင့်ကုမ္ပဏီများက မြန်မာနိုင်ငံ လူမှုစီးပွားဖွံဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွအကျိုးထမ်းဆောင်ပေးမှုကို ချီးကျူးကြောင်း၊ Bank of China (ရန်ကုန်ဘဏ်ခွဲ) မှ တရုတ်ယွမ်ငွေဖြင့် ပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံသား အလုပ်သမားများ၏ လစာငွေလွဲရေးကိစ္စအား စမ်းသပ်ဖြေရှင်းပေးမှု၊ လူမှုရေးပရဟိတလုပ်ငန်းဆောင်ရွက်ရာတွင်ပါဝင်သည့် အခန်းကဏ္ဍများ စသည်တိုကို များစွာချီးကျူးကြောင်း ပြောကြားခဲ့သည်။ ထိုပြင် ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်ချိုချိုနှင့် ကျောင်းသားကျောင်းသူကိုယ်စားလှယ်တိုမှလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
#Local_News #Bank_of_China #ကျောင်းသားကျောင်းသူ(၁၀၀)ဦး #ပညာသင်ထောက်ပံ့ကြေးများချီးမြှင့် #tthl #Yangon_Times
၂၆ ဖေဖော်ဝါရီ ၂၀၂၄
၂၀၀၀၀ကျပ်တန်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ထုတ်လွှင့်နေမှု များ၊ PDFများက ကလေးတက္ကသိုလ်သို့ ဝင်ရောက်၍ ဆရာ၊ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်း သူများအား အကြမ်းဖက်ဖမ်းဆီးခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ၂၆ ရက်တွင်ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
@ymg/knl
Published 26 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၆/၂)နှင့် (၂၇၆/၃)ကြားတွင် PRADO အမျိုးအစား ယာဉ်(၁)စီးသည် တံတားဘောင်အား တိုက်မိတိမ်းမှောက်မှုဖြစ်ပွားကြောင်းပေပင်လေးအမြန်လမ်း မီးသတ်တပ်ဖွဲ့ထံ ကသိရသည်။
ဖေဖေါ်ဝါရီ ၂၆ ရက် နေ့လည် ၂နာရီ ၇မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးအနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၆ ဖေဖော်ဝါရီ ၂၀၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၇ နာရီခွဲခန့်တွင် PDF များရောက်ရှိလာပြီး ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများနှင့်ရုံးဝန်ထမ်းများအားဖမ်းဆီးထားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့များက အချိန်မီသွားရောက်ကယ်ထုတ်ခဲ့ရာ ၂၈၅ ဦးကို အချိန်မီကယ်ဆယ်နိုင်ခဲ့သော် လည်း အချို့ ကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နစကရဲ့ သတင်းထုတ်ပြန် ချက်အရသိရပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၇ နာရီခွဲခန့်တွင် PDF ၁၃၀ ဦးခန့်က ကလေး တက္ကသိုလ်အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ရူပဗေဒနှင့်သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးထားရှိကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။
ထိုသို့ကယ်ထုတ်စဉ် PDFအကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ PDF များက ဆုတ်ခွာသွားရင်း အချို့သော ဝန်ထမ်း၊ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရပါတယ်။အရေအတွက် စိစစ်ဆဲဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယင်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံ သွားခဲ့ရတဲ့သူတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းအရ သိရပါတယ်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ PDF အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။
ယခုကဲ့သို့စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမ များ၊ကျောင်းသား/သူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရည်ရွယ် ချက်အတွက် အသုံးပြုထားခြင်း မရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအားရည်ရွယ်ချက် ရှိစွာဖြင့် အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ်ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ် လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။
@ymg/knl
Published_ 26 February 2024
မြန်မာနိုင်ငံ၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ပိဋကတ် (၃) ပုံဆောင် ဆရာတော်ကြီးများအား ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
စလင်းမြို့၊ ကန်ချောင်တောရကျောင်းတိုက်၊ ဝိဇ္ဇာဝိဟာရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇသာရ၏ ပင့်ဖိတ်ချက်အရ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်တာဝန်ကျ (တတိယအဖွဲ့ခွဲ)၊ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိရောစန (ကွမ်းခြံကုန်း)၊ ပထမအဖွဲ့ခွဲ၊ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ (စလင်း)၊ မွေပွေးကုန်းဆရာတော် ဘဒ္ဒန္တ ပညာသီဟ (ကဝ) နှင့် သဘာဝရိပ်သာဆရာတော်အရှင်ဥတ္တမသာရ တို့ကို ဖေဖော်ဝါရီ ၂၀ ရက်နှင့် မြန်မာနိုင်ငံ၏ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ပိဋကတ် (၃) ပုံဆောင် ဆရာတော်များဖြစ်တဲ့ သတ္တမတိပိဋကဓရ မော်ကျွန်းဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ အဋ္ဌမတိပိဋကဓရမြင်းမူဆရာတော်ဘဒ္ဒန္တဝံသပါလာ လင်္ကာရ၊ ဧကာဒသမတိပိဋကဓရ ရမ္မာဝတီ ဆရာတော်ဘဒ္ဒန္တဣန္ဒပါလ၊ တေရသမတိပိဋကဓရ ဘုတလင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ၊ သောဠသမတိပိဋကဓရ မြင်းမူစိန်ရတုဆရာတော် ဘန္ဒန္တပညာသီရိ လင်္ကာရ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တစန္ဒိမာဝံသနှင့် ဗီယက်နမ် ဆရာတော်ဘဒ္ဒန္တဝိမလတို့အား ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ကြီးများအား မြန်မာသံရုံးသို့ ပင့်ဖိတ်၍ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြတ်ထွန်းနိုင်၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး မိသားစုများမှ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်များ ထံမှ ငါးပါးသီလခံယူ၍ ပရိတ်တရားတော်များ နာယူခဲ့ကြကာ ဗီယက်နမ်နိုင်ငံရောက် မြန်မာအစိုးရပညာတော်သင်များနှင့် မြန်မာအသိုင်းအဝန်းများမှလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group


Page 1025 of 2480