ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေကို တိကျစွာလိုက်နာဆောင်ရွက်ရ မှာဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါကဥပဒေအရအရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published_ 29 February 2024
#နိုင်ငံတကာလေကြောင်း #ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များ
#YMG/LW #Yangon_Times
#Local_News
Publicshed 29 February 2024
ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့အစည်းအဝေး ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့၏ (၁၀/၂၀၂၃-၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့တော်ဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးကျော်သန်းက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဘဏ်လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာငွေကြေးအခြေအနေများကို တင်ပြခဲ့ကြောင်းသိရသည်။
ယင်းတင်ပြချက်များတွင် “ရငွေသုံးငွေအခြေအနေ၊ ရငွေရရှိမှုအခြေအနေ၊ အသုံးစရိတ် သုံးစွဲမှုအခြေအနေ၊ အတိုးဝင်ငွေနှင့် အတိုးပေးငွေများအခြေအနေ၊ အပ်ငွေများ၊ ချေးငွေ၊ ချေးငွေအသစ်ထုတ်ချေးမှု၊ ရွှေပိတောက်ငါးဈေးရှိ ဆိုင်ခန်းများသို့ ချေးငွေအသစ်ထုတ်ချေးမှု၊ ဆပ်ချေးအဖြစ် ပြန်လည်ထုတ်ချေးမှု၊ ချေးငွေတစ်ချို့တစ်ဝက် ပြန်လည်ပေးဆပ်မှု၊ တရားစွဲအမှုတွဲများအခြေအနေ၊ ငွေတိုက်စာချုပ်နှင့် လက်မှတ်များ၊ စာရင်းသေအပ်ငွေ၊ ဘဏ်အချင်းချင်းချေးငွေ၊ ငွေလက်ကျန်၊ ဘဏ်ချေးငွေ၊ အပ်ငွေနှင့်ငွေသားပိုင်ဆိုင်မှု၊ ငွေပေးအမိန့်လွှာ (Payment Order-PO) ထုတ်ပေးမှုအခြေအနေ၊ AML/CFT ဆိုင်ရာညွှန်ကြားချက်များလိုက်နာဆောင်ရွက်မှု၊ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်နှင့် မတည်ငွေရင်း တိုးမြှင့်ထည့်ဝင်မှု”တို့ကို ရှင်းလင်းတင်ပြပြီး ဘဏ္ဍာရေးအချိုးများဖြင့် စိစစ်ချက်များဖြစ်သော မတည်ငွေရင်းလုံလောက်မှုအချိုး၊ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များ၊ ငွေကြေးဆပ်နိုင်အားအချိုး၊ အပ်ငွေနှင့်ချေးငွေအချိုး၊ ငွေကြေးလွယ်ကူမှုအချိုးတို့ကို တင်ပြ၍ “ငွေကြေးလွယ်ကူမှုခံနိုင်ရည် စစ်ဆေးချက် Liquidity Stress Test” အရ ငွေဖြစ်လွယ်သည့် ပိုင်ဆိုင်မှုများ လျော့နည်းကျဆင်းမှုကို ကောင်းစွာခံနိုင်ရည်ရှိပြီး ကောင်းမွန်သည့် ငွေကြေးလွယ်ကူမှု အခြေအနေရှိကြောင်း” တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ဒါရိုက်တာ ဦးသန်းထိုက်နှင့် ဒေါက်တာတိုးအောင်တို့က ချေးငွေသစ်လျှောက်ထားလာသည့် ကိစ္စများကိုလည်းကောင်း၊ အထွေထွေမန်နေဂျာ ဦးထွန်းလှက ချေးငွေအရင်းအတိုး အကြေပေးဆပ်ပြီး ချေးငွေပြန်လည်ထုတ်ချေးရန် လျှောက်ထားသည့်ကိစ္စနှင့် ချေးငွေသက်တမ်းတိုးမြှင့်ရန် လျှောက်ထားသည့်ကိစ္စများကိုလည်းကောင်း၊ အမှုဆောင်အရာရှိချုပ် ဦးကျော်သန်းက အထွေထွေကိစ္စရပ် များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက အပြန်အလှန် ဖြည့်စွက်ဆွေးနွေးကြပြီး ဘဏ်ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တင်ပြသည့် အမှာစာ(၈)စောင်အပေါ် ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
#Local_News #ရန်ကုန်မြို့တော်ဘဏ်လီမိတက် #ဒါရိုက်တာအဖွဲ့ အစည်းအဝေးပြုလုပ် #YMG/ NN #Yangon_Times
#Local_News
Published- 29 February 2024
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ယနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့မနက်၀၈နာရီ ၁၈ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ကျွန်းရွှေမြိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ပြီးနောက် ၈ နာရီ၂၄မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ကာ ၈ နာရီ ၃၄ မိနစ်အချိန်၌ မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား စုံစမ်းနေကြောင်း သိရသည်။
#Local_News #မီးလောင်မှုဖြစ်ပွား #YMG/NN #Yangon-Times
#Local_News
Published 29 February 2024
မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်ချင်ပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် C of I ကို မလေးရှားရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွင် လာရောက် လျှောက်ထားနိုင်ကြောင်း သံရုံးက အသိပေးကြေညာထားသည်။
မလေးရှား အစိုးရမှ ၂၀၂၄ခုနှစ်မတ်လ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ မလေးရှားနိုင်ငံအတွင်း တရားမဝင်ရောက်ရှိ နေကြသည့် နိုင်ငံခြားသားများ မူရင်းနိုင်ငံကို ပြန်လိုပါကပြန်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
မိခင်နိုင်ငံသို့ ပြန်လိုသည့် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် နိုင်ငံကူးလက်မှတ်သို့မဟုတ် C of I နှင့်အတူ အပြန်လေယာဉ်လက်မှတ်တို့ဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးရုံးများတွင် သတ်မှတ်ဒဏ်ကြေးဖြစ်သည့် ရင်းဂစ် ၅၀၀ ပေးဆောင်ပြီး ၁၄ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည် ထွက်ခွာနိုင်ကြောင်း သိရသည်။
ယခုကဲ့သို့ မလေးရှား အစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ နေရပ်သို့ ပြန်လိုသည့် တရားမဝင်အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ အနေနဲ့နိုင်ငံကူးလက်မှတ်မရှိပါက မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ထုတ်ပေးသွားမည်ဖြစ်သောကြောင့် မြန်မာသံရုံးတွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံသားစိစစ်မှု မှန်ကန်ပါက ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး က ထုတ်ပြန်ကြေညာထားသည်။
#Local_News #မြန်မာသံရုံး #CIလာရောက်လျှောက်ထားနိုင် #YMG/LW #Yangon_Times
#Daily_News
Published_ 28 February 2024
၁။ မတ်လထဲတွင် ပုံမှန်ထက်ပိုပူပြင်းမည့် ဒေသ(၅)ခုရှိ
၂။ မော်ဒယ်နိမ့်နှင့် လူကြိုက်နည်းကားများ ဈေးနှုန်းကျဆင်း
၃။ ဘင်္ဂလားဒေ့ရှ်ကို ဂျင်းတင်ပို့ရာမှာ ယခင်ထက်သယ်ယူစရိတ်နှစ်ဆဖြစ်နေ
၄။ ဆူဒန်ပြည်တွင်းစစ်ပဋိပက္ခကြောင့် မရှိမဖြစ်ကျန်းမာရေးဝန်ဆောင်မှုစနစ်များရပ်တန့်သွားကာ လူသန်းနှင့်ချီရောဂါကူးစက်ခံနေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 28 February 2024
ပဏာမမြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းအနေ ဖြင့်အာဆီယံချန်ပီရှစ်ပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲစဥ်များပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
အဆိုပါယူ၁၉ လူငယ်လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လနှင့် စက်တင်ဘာလတို့တွင် အာဆီယံချန်ပီရှစ်ပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲစဥ်များ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။
နိုင်ငံတကာပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် MFF လေ့ကျင့်ရေးကွင်း(၅)တွင် Training Match အဖြစ် နှစ်သင်းခွဲ လေ့ကျင့်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
ပဏာမမြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းကိုလက်ရွေးစင် ယူ-၁၈အသင်း (Junior Lions) နှင့် MFF အကယ်ဒမီတို့မှ ကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ကစားသမားများ၊ တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲများမှ ထွက်ပေါ်လာသော ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ သုဝဏ္ဏလက်ရွေးစင်ကစားသမားအဆောင်၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
#tthl #Yangon_Times #မြန်မာယူ-၁၉အသင်း #အာဆီယံချန်ပီရှစ်ပြိုင်ပွဲ
#Local_News
Published February 2024
မြန်မာ့အထည်ချုပ်လုပ်ငန်းများကို ဥရောပဈေးကွက်၌ အီတလီနှင့် စပိန်နိုင်ငံတို့ စိတ်ဝင်စားမှု အဓိကမြင့်တက်နေပြီး ဗြိတိန် (UK)နှင့် ဂျာမနီနိုင်ငံတို့မှလည်း အထိုက်အလျောက် စိတ်ဝင်စားမှု မြင့်တက်မှုရှိနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်သည့် Messe Frankfurt ၏ ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲများ မိတ်ဆက်ပွဲနှင့် Networking Dinner ပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဈေးကွက်အနေနဲ့ဆိုရင် စိတ်ဝင်စားမှုအားလုံးက အီတလီတို့၊ စပိန်တို့က အရမ်းမြင့်တက်ပါတယ်။ နောက် UK ဘက်ကလည်း၊ ဂျာမနီဘက်တို့က သူတို့က အထိုက်အလျောက် စိတ်ဝင်စားမှုရှိပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှ Brand ကုမ္ပဏီကြီးများထွက်သွားသော်လည်း အခြားသော Brand ကုမ္ပဏီအသေးများ၏ စိတ်ဝင်စားမှုနှင့် အော်ဒါမှာယူမှုများ ရရှိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ပြည်တွင်း၌ အထည်ချုပ်စက်ရုံ ၅၂ ရုံ ရပ်တန့်သွားခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရပ်တန့်သွားသော အထည်ချုပ်စက်ရုံအရေအတွက်မှာ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိစာရင်းအရ ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက်သည် အထည်ချုပ်စက်ရုံအားလုံး၏ ၃၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိတွင် ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် အထည်ချုပ်တင်ပို့မှုသည် အများဆုံးဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ် ၉ လခွဲအတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၃၈၀ ဘီလျံအထိ ရရှိထားကြောင်း သိရသည်။
#Local_News #မြန်မာ့အထည်ချုပ်လုပ်ငန်းများ #စိတ်ဝင်စားမှုအဓိကမြင့်တက် #YMG/NN #Yangon_Times
Page 1021 of 2480