#Local_News
Published_ 16 April 2023
မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ(၁၆)ရက်သင်္ကြန်အတက်နေ့မှဧပြီလ(၁၈)ရက်နှစ်ဆန်း(၂)ရက်နေ့အထိ ကချင်ပြည်နယ်ဇီယာဒမ်းရွာရေခဲတောင်ခြေတွင်(၃)ရက်အဓိဌာန်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ဆရာတော်ကြီး အဓိဌာန်ဝင်နေစဥ် ရိက္ခာများကိုရဟတ်ယာဥ်ဖြင့်ပို့ဆောင်မည်ဟုတောင်တန်းသာသနာပြုဆရာတော်ဦးသုခမိန္ဒ (စဝ်ဆုခမ်း)ကရေးသားဖော်ပြထားသည်၊၊
ရဟတ်ယာဉ်ပျံသန်းမည့်အကြောင်းကို မိုင်းဖုန်းဆရာတော်၏ ရေခဲတောင်ခြေ ဇီယာဒမ်းခရီးစဉ်မှာ ဒကာကြီးဦးမဟာတေဇမှ ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့အဖြစ် ရေခဲတောင်တစ်လျှောက် ကုသိုလ်ယူ ကူးလူးပျံသန်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာများအား ကျေးဇူးတင်စွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ကြောင်း ရေးသားဖော်ပြထားသည်၊၊
မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ(၁၉)ရက်တွင်ပူတာအိုသို့ပြန်လာပြီးဧပြီလ(၂၀)ရက်မြစ်ကြီးနားမှ ဝိုင်းမော်၊ဝိုင်းမော် မှ လွယ်ဂျေ၊လွယ်ဂျေ မှနမ့်ခမ်း ၊မူဆယ်သို့ဆက်လက်ကြွရောက်မည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News ##မိုင်းဖုန်းဆရာတော်ကြီး # ဇီယာဒမ်းရွာရေခဲတောင်ခြေ #အဓိဌာန်ဝင် #ရဟတ်ယာဥ်ဖြင့်ရိက္ခာများပို့ဆောင်
#YMG #Yangon_Media_Group
#Local_News
Published _ 16 April 2023
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ်တိမ်းမှောက်၍ လူ ၆ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
အဆိုပါ တွဲကားမှာ ယနေ့ သင်္ကြန်အတက်နေ့ဧပြီလ ၁၆ ရက် နံနက် ၁၁ နာရီခွဲခန့်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော Nissan ယာဉ်ပေါ်သို့ ပိမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မူဆယ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊Nissan ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦး(သေဆုံး)ခဲ့သောကြောင့် မြင့်မြတ်ပါရမီပရဟိတအသင်း၊ ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်းပရဟိတအသင်းနှင့် လက်ဘက်ညွန်ပရဟိတအသင်းတို့မှ သူနာတင်ယာဉ်များဖြင့်မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #မူဆယ်မြို့ # ၂၂ဘီး(တွဲကား)ယာဉ်တိမ်းမှောက်
#YMG #Yangon_Media_Group
#Local_News
Published _16 April 2023
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ အောင်သာယာစျေးမီးလောင်မှုတွင် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၅ ရက် ည ၈ နာရီ ၂၁ မိနစ်ခန့်က အဆိုပါဈေး မီးလောင်မှု ဖြစ်ပွားခဲ့ရာမော်လမြိုင်ကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေလဲနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။
အဆိုပါမီးလောင်မှုမှာ စားဖျော်ရုံးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးငါးဈေးရုံတစ်ခြမ်းနှင့် ပျံကျဈေးဆိုင်များမီးလောင်ခံခဲ့ရကာဈေးသည်အမျိုးသားတစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #မော်လမြိုင်ကျွန်းမြို့ #အောင်သာယာစျေးမီးလောင် #လူတစ်ဦးသေဆုံးခဲ့
#YMG #Yangon_Media_Group
#Local_News
Published _16 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ တိုက်ခန်း တစ်ခန်းအတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းကို
ပုပ်ပွလျက်တွေ့ရှိခဲ့ကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက သိရသည်။
ဧပြီလ ၁၅ ရက်ကကြည့်မြင်တိုင် ဦးကြွယ်ဟိုးလမ်းရှိ တိုက်ခန်း ၆လွှာအခန်းအတွင်း အဆိုပါပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်း ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၄၀ အရွယ် အမျိုးသားဖြစ်ပြီးအလောင်းကို သေရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
"မွန်းလွဲ ၂ နာရီကျော်အချိန်လောက်ကသိရတာပါ။သူ့မိသားစုက ခရီးထွက်သွားတာတဲ့ ။ သူက တစ်ယောက်တည်း ကျန်ခဲ့တယ်ေပါ့ဗျာ၊အကြိုနေ့ကတောင် အဆက်အသွယ်ရသေးတယ်လို့ သိရပါတယ်၊သွေးရိုးသားရိုးပါပဲ။သွေးတိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်၊ဒီနေ့သင်္ဂြိုဟ်ပြီးပြီ"ဟုလိုက်ပါကူညီသူတစ်ဦးကပြောသည်။
ymg/mt
#Local_News ##ကြည့်မြင်တိုင်မြို့နယ် # တိုက်ခန်းတစ်ခန်းအတွင်းသေဆုံးနေသည့်အမျိုးသား #ပုပ်ပွ
#YMG #Yangon_Media_Group
#Myanmar_News
Published 16 April 2023
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဟာ ဧပြီ(၁၅)ရက်သင်္ကြန်အကြတ်နေ့က ပြင်ဦးလွင်တပ်နယ်တွင် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲ နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစကဥက္ကဋ္ဌ၏ဇနီးနှင့် အဖွဲ့ဝင်များသည် ခါတော်မီ မိသားစု အတာရေသဘင်မဏ္ဍပ်၊တပ်မတော်နည်းပညာတက္ကသိုလ် တက္ကသီလာပိတောက်ဝါ မိသားစု အတာရေသဘင်မဏ္ဍပ်၊ တပ်မတော်အင်ဂျင်နီယာကျောင်း... ပိတောက်ချယ်ရီ မိသားစုအတာရေသဘင်မဏ္ဍပ်များသို့သွားရောက်ခဲ့ပြီး ဂုဏ်ပြုဆုငွေတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့လည်း သတင်းထ ုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#နစကဥက္ကဋ္ဌ၏ဇနီးဒေါ်ကြူကြူလှ
#မြန်မာ့သင်္ကြန် #YMG #Yangon_Media_Group
#Local_News
Published_ 16 April 2023
နှစ်သစ်တွင်ကံဇာတာကောင်းမွန်ပွင့်လန်းစေရန်အတွက်လာမည့်နှစ်ဆန်းတစ်ရက်နေ့ဧပြီလ(၁၇) ရက်၊မင်္ဂလာအချိန်၌ခေါင်းဆေးမင်္ဂလာပြုလုပ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်ထံမှသိရသည်၊၊
ယခုနှစ်တွင် နှစ်ဆန်းတစ်ရက်နေ့ဧပြီလ(၁၇)တွင် မင်္ဂလာအချိန်သည်မနက်(၇)နာရီ (၄၀)မှ (၈)နာရီ (၃၁)အတွင်းဖြစ်ပြီးယင်းအချိန်တွင် တနင်္ဂနွေသားသမီးများမှအပကျန်နေ့နာမ်သားသမီးအားလုံးခေါင်းဆေးမင်္ဂလာပြုလုပ်နိုင်မည်ဖြစ်သည်ဟုဆိုသည်၊၊
အတာစားသည့်တနင်္ဂနွေသားသမီးများအနေဖြင့် သင်္ကြန်အတက်နေ့ ဧပြီလ(၁၆)ရက်တွင် ခေါင်းဆေးမင်္ဂလာပြုရမည်ဖြစ်သည်၊၊
"နှစ်ဆန်းတစ်ရက်နေ့ မနက်(၇)နာရီ (၄၀)မှ (၈)နာရီ (၃၁)အတွင်း ခေါင်းဆေးမင်္ဂလာပြုလုပ်ရမယ်၊၊အဲဒီ့အချိန်ဟာ ဓနသိဒ္ဓိမွန်းတည့်ချိန်မို့ ဂါထာလေးရွတ်ပြီး ခေါင်းဆေးမင်္ဂလာပြုသင့်တယ်၊၊
အရဟံသိဒ္ဓိဆိုပြီးတော့ ပုတီးတစ်ပတ်စာ (၁၀၈)ခေါက် ရွတ်ဆိုပြီး ခေါင်းဆေးမင်္ဂလာပြုလိုက်ပါ၊၊ နေထွက်ရာအရပ်ကို မျက်နှာပြုပြီး ခေါင်းဆေးမင်္ဂလာပြုသင့်ပါတယ်၊၊
ဒီနှစ်ဟာ တနင်္ဂနွေသားသမီး အတာစားလို့ ဒီနေ့သင်္ကြန်အတက်နေ့ဧပြီလ(၁၆)ရက်ကတည်းက အုန်းခေါင်းလျှော်ရည်သို့မဟုတ်အုန်းဆီထည့်ပြီး ခေါင်းလျှော်ပြီးခေါင်းဆေးမင်္ဂလာပြုပေးရမယ်"ဟု မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်ကပြောသည်၊၊
ယခုနှစ်တွင် တနင်္ဂနွေသားသမီးများအတာစားသည့်အတွက် တစ်နှစ်တာပတ်လုံးကံဇာတာကောင်းမွန်စေရန်သင်္ကြန်အတက်နေ့တွင် ခေါင်းဆေးမင်္ဂလာကြိုတင်ပြုလုပ်ခြင်းအပြင် အလှူဒါနတစ်ခုပြုလုပ်ရမည်ဖြစ်ပြီး ရေတစ်ခွက်ကိုယူ၊မေတ္တာသုတ်ရွတ်ဆိုပြီး တစ်ပုံကို မိမိသောက်သုံးကာ ကျန်နှစ်ပုံကို အမွှေးနံ့သာထည့်ရမည်၊၊
အမွှေးနံသာထည့်ထားသည့် သောက်သုံးရေတစ်ပုံကို ကိုယ်ပြုလုပ်ခဲ့သည့် ကောင်းမှုများကို သစ္စာပြုပြီး ဝသုန်သန္ဓြေနတ်မင်းအားသက်သေပြုကာ မြေကြီးကိုပက်ဖြန်းရမည်ဖြစ်သည်၊၊
အမွှေးနံသာထည့်ထားသည့်ရေ ကျန်တစ်ပုံကို အန္တရာယ်ကင်းအောင် နေအိမ်နေရာအနှံ့ပက်ဖြန်းပေးရမည်ဖြစ်သည်ဟုဆိုသည်၊၊
ကျန်အင်္ဂါသားသမီး၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေနှင့်ရာဟုသားသမီးများအနေဖြင့်နှစ်ဆန်း တစ်ရက်နေ့ဧပြီလ(၁၇)တွင်ကိုယ်ဖြစ်ချင်သည့်ဆန္ဒများကိုယ်လုပ်ချင်သည့်အရာများကိုရေးသားဆုတောင်းပြီး ဘုရားစင်ပေါ်တင်ကာ ဘုရားသောက်တော်ရေ ကပ်လှူရမည်ဖြစ်သည်၊၊
အဆက်အသွယ်ကောင်းများရရှိစေရန်ဖုန်းငွေဖြည့်ကတ်(တစ်ထောင်တန်)၊အစားအသောက်တစ်ခုခု(ငွေကြေးမတတ်နိုင်သူများ ပိုက်ဆံတစ်ရွက်နှင့်ချိုချဥ်တစ်လုံး)ထည့်ပြီး မေတ္တာသုတ်ရွတ်ဆိုကာ ရေနှင့်ပစ္စည်းကို ပြန်စွန့်ရမည်၊၊
ပြန်စွန့်လိုက်သည့် ပစ္စည်းကိုအခြားသူကိုလှူဒါန်းလိုက်ပြီး ပြန်စွန့်လိုက်သည့်ရေကို သုံးပုံပုံပြီး တစ်ပုံကိုမိမိသောက်သုံးကာ ကျန်နှစ်ပုံကို အမွှေးရည်ထည့်ပြီး မိမိပြုခဲ့သည့်ကောင်းမှုကိုသစ္စာပြုပြီး ဝသုန်သန္ဓြေမြေနတ်မင်းကြီးအားသက်သေပြုရေစက်ချရမည်ဖြစ်သည်၊၊
ကျန်အမွှေးရည်တစ်ပုံကိုပုလင်းလေးဖြင့်ထည့်ပြီးယူဆောင်ကာ မိမိပတ်ဝန်းကျင်နှင့်အလုပ်ကို ပက်ဖြန်းရမည်ဖြစ်ကြောင်း ဒေါက်တာဒေါ်ကြည်ကြည်စိန်ကဟောကြားခဲ့သည်၊၊
ymg/tthl
#Local_News #နှစ်ဆန်းတစ်ရက်နေ့ # ခေါင်းဆေးမင်္ဂလာ #ကုသိုလ်ယတြာ #အတာစားသည့်တနင်္ဂနွေများကြိုတင်ပြုလုပ်
#YMG #Yangon_Media_Group
Published -15 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ဓမ္မာရုံတစ်ခု၌ ယနေ့ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက် ညနေ ၅ နာရီခွဲအချိန် သင်္ကြန်ရေကစားနေစဉ် Drop Bomb ၂ လုံး ဖြင့် တိုက်ခိုက်ခံခဲ့ရသည့်အတွက် ကလေး၃ဦးအပါအဝင် အရပ်သား ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ ကလေးသူငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများက မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားနေကြစဉ်အကြမ်းဖက်သမားများက Drone ယာဉ်တစ်စီးဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းကြောင့် အဆိုပါလူနာများအား အရာတော်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် ကုသမှုခံယူစေလျက်ရှိကြောင်း ၊ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့် နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းမှာ ဂျီနီဗာ ကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်၍ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များ အပါအဝင်အရပ်သားများ ရေကစားနေစဉ် Drop Bomb ဖြင့် ယပစ်ချတိုက်ခိုက်ခဲ့သဖြင့် မျိုး သား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။
၎င်းပေါက်ကွဲမှုများအပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ကပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
ymg/mt
Yangon_Media_Group
Page 1016 of 1898