#Myanmar_News
Published_ 17 April 2023
အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/သူ၉၈ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ယနေ့ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နစက,က အမိန့် အမှတ် ၂၉/၂၀၂၃ ဖြင့်ထုတ်ပြန်ကြေညာပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ " နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်'ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီးပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
နစက ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ယခုလိုဆောင်ရွက်လိုက်တာဖြစ်တယ်လို့လည်း အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု #နစက #ပြည်နှင်ဒဏ်ပေး
#YMG #Yangon_Media_Group
#Myanmar_News
Published 17 April 2023
ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ ၃၀၁၅ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ နစက,က အမိန့်အမှတ် ၂၈/၂၀၂၃ဖြင့် ထုတ်ပြန်ကြေညာပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ * နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် " ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။
နစက ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ယခုလိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု #နစက
#YMG #Yangon_Media_Group
#Myanmar_News
Published 17 April 2023
အင်းစိန်ဗဟို အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အောက်ပါ သီရိလင်္ကာနိုင်ငံသား ၅ ဦးကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ယနေ့ ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နစက,က အမိန့်အမှတ် ၃၀/၂၀၂၃ ဖြင့်ထုတ်ပြန်ကြေညာပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် " ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်ပါတယ်။
နစက ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်း ယခုလိုဆောင်ရွက်ပေးလိုက်တာဖြစ်တယ်လို့ အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု #နစက
#YMG #Yangon_Media_Group
[ Album ]
#Local_News
Published _17 April 2023
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၊အကျဉ်းသူ ၂၀၀ ကျော် ပါဝင်ကြောင်း အဆိုပါအကျဉ်းထောင်က သိရသည်။
ယနေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊အချုပ်ထောင်စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား အကျဉ်းသူ ၃၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နစက က ထုတ်ပြန်ထားသည်။
ယင်းတွင်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ymg/mt
#Local_News ##ပြစ်ဒဏ်လွတ်ငြိမ်းခွင့် #အင်းစိန်အကျဉ်းထောင် #အကျဉ်းသား၊အကျဉ်းသူ ၂၀၀
#YMG #Yangon_Media_Group
Published_ 17 April 2023
အခုနှစ်နှစ်ဆန်းတစ်ရက်နေ့ဧပြီလ(၁၇)ရက်မှာရွှေတိဂုံစေတီတော်၊မဟာဝိဇယစေတီတော်စတဲ့ရန်ကုန်မြိုရှိတန်ခိုးကြီးဘုရားတွေ၊စေတီပုထိုးတွေကိုရပ်နီးရပ်ဝေးမှ လာရောက်ဖူးမြော်သူတွေ၊ကုသိုလ်ယူသူတွေ များပြားခဲ့တယ်လိုသိရပါတယ်။
-ymg/tthl
#နှစ်ဆန်းတစ်ရက်နေ့
#ရွှေတိဂုံဘုရားကုသိုလ်ယူသူများ
#မြန်မာနှစ်သစ်ကူး
#မြန်မာ့သင်္ကြန်
#YangonMediaGroup
Published _17 April 2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပိတ်ပွဲအခမ်းအနားသို့ မန်းရွှေစက်တော် ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊တိုင်းရင်းသားရေးရာဝန်ကြီး နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မန်းရွှေစက်တော်ဘုရား ပါဒစေတီတော်နှစ်ဆူအား နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြပြီး အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက် ဖန်အုပ်ဆောင်းတော်အား စက်ခလုပ်နှိပ် ပိတ်သိမ်းခြင်းနှင့် အထက်စက်တော်ရာ ပါဒစေတီတော် ခြေတော်ရာသံတံခါးအား ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ပါဒစေတီတော်နှစ်ဆူ ခြေတော်ရာပိတ်သိမ်းပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အလှူတော်ကို မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင် သာသနာ့ဗိမ္မာန်တော်၌ ဆက်လက်ကျင်းပခဲ့ကြကြောင်း ၊ယနေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သောကြောင့် နှစ်ဦးကုသိုလ်အဖြစ် မန်းရွှေစက်တော်ဘုရား မန်းချောင်းအတွင်း ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြုခဲ့ကြသေးကြောင်းလည်း သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကာ ပွဲတော်စတင်ဖွင့်လှစ်ခဲ့သည့်နေ့မှစ၍ ယနေ့အထိ ဘုရားပွဲကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူပေါင်း ငါးသိန်းခန့်၊မော်တော်ယာဉ်အစီးရေပေါင်း ၅၆၀၀၀ ကျော် လာရောက် ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၏စာရင်းများအရ သိရသည်။
Photo-Maung Maung (Minbu)
ymg/mt
Yangon_Media_Group
#မန်းရွှေစက်တော်
#မန်းရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ
Published _17 April 2023
နိုင်ငံစီးပွားရေး အနုတ်လက္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
"ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကြပ်အတည်းများ ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ပြည်တွင်းအားတွေ စုစည်းမှုကောင်းလာသောကြောင့် ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာပါတယ်။ နယ်စပ်ကုန်သွယ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခြင်းတွေကြောင့် လုပ်ငန်းတွေပြန်လည်လည်ပတ်လာနိုင်ပြီး နိုင်ငံရဲ့စီးပွားရေးဟာ အနုတ်လက္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ပါတယ်” ဟု သူက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“စီးပွားရေးမြှင့်တင်မှုတွေဆောင်ရွက်ရာမှာ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အားပေးခြင်းဟာ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းဖြစ်ပါတယ်။ MSME လုပ်ငန်းတွေကိုအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ထုတ်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေက ပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေကထက် စီးပွားရေးတိုးတက်မှုအား ပိုကောင်းလာမယ်လို့ ကျွန်တော်အပြည့်အဝ ယုံကြည်ပါတယ်” ဟုလည်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့သည်။
သို့ရာတွင် အကြမ်းဖက်မှုဖြစ်စဉ်တွေရှိနေသည့် နိုင်ငံတွေသည် တိုးတက်မှုနှောင့်နှေးနေသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောဆိုသွားသည်။
စားရေရိက္ခာဖူလုံရေးအတွက် အဓိကအသက်မွေး မြူရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်၍ အားပေးမြှင့်တင်ဆောင်ရွက်လျက် ရှိကြောင်းလည်း နစက ဥက္ကဌက နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။
ymg/mt
#YangonMediaGroup
#နစကဥက္ကဋ္ဌ
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#မြန်မာ့နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
Page 1014 of 1898