#Local_News
Published 29 February 2024


ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမားများကို တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်စေရန် အတွက် အလုပ်သမား ဝန်ကြီးဌာနမှ မည်သူမည်ဝါ ဖြစ်ကြောင်းသက်သေခံ လက်မှတ် (CI) များကို စခန်းများ ဖွင့်လှစ်ပြီး လုပ်ဆောင် ပေးလျက်ရှိရာ ပွဲစားများနှင့် ဆောင်ရွက်ခြင်း မပြုဘဲ လုပ်ဆောင်မည့်သူကိုယ်တိုင် လာရောက်လုပ်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

 

အဆိုပါ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)ထုတ်ပေးမည့် စခန်း (၅) ခုကို ထိုင်းနိုင်ငံ၊ ပထုန်ဌာနီ၊ စမုပရာကန်၊ စမုစခွန်၊ ချွန်ဘူရီနှင့် ဆူရတ်ဌာနီပြည်နယ်များတွင်ဖွင့်လှစ် လုပ်ဆောင်ပေးနေကြောင်းသိရသည်။

 

ထို့ပြင် Mobile Unit (၃) ခုကို ချင်းမိုင်၊ နခွန်စဝမ်၊ ဆုန်ခလာပြည်နယ်များတွင်လည်းကောင်း ၂၃-၂-၂၀၂၄ ရက်နေ့မှ စတင်၍ ၃၁-၁၀-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ CI ပြုလုပ်နိုင်မည့် ရက်၊အချိန်များ၊ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းအမှတ်များကိုလည်း ဖော်ပြထားပြီးဖြစ်ကြောင်း နှင့်သတ်မှတ်နှုန်းထားထက်ပိုမိုကုန်ကျမှုမရှိစေရေးအတွက် ပွဲစားများဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်တိုင်သွားရောက်ဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

 

#Local_News #အလုပ်သမားဝန်ကြီးဌာနအသိပေး #ပွဲစားဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ #YMG/LW #Yangon_Times