Published 24 July 2023
ဇူလိုင်လ(၂၂)ရက်တစ်ရက်အတွင်း အိန္ဒိယနိုင်ငံထုတ်သကြားအိတ်နှင့်ဂျုံမှုန့်အိတ်များအပါအဝင်ကျပ်သန်း(၂၂၃) ကျော်တန်ဖိုးရှိတရားမဝင်ပစ္စည်းများနှင့်ယာဉ်များဖမ်းဆီးရမိခဲ့ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီမှသိရသည်။
ဖမ်းဆီးရမိသည့်အမှုတွဲစုစုပေါင်း(၅)မှုရှိပြီးကျပ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၉၅၆၉၄၆) တန်ဖိုးရှိတရားမဝင် စားသောက်ကုန်များ၊လုပ်ငန်းသုံးပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများနှင့်ယာဉ်များဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်စစ်ကိုင်း၊ရှမ်းအစရှိသည့်ဒေသအသီးသီးမှတရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့များ၊မူဆယ်ခရိုင်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အဖွဲ့ဝင်များနှင့်အကောက်ခွန်ဦးစီးဌာနအထူးစစ်ဆေးရေးအဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖမ်းဆီးခဲ့မိခြင်းဖြစ်ကြောင်းသိရသည်။
ယခုဖမ်းဆီးရမိခဲ့သည့်တရားမဝင်ပစ္စည်းများ၊ယာဉ်များကိုသိမ်းဆည်းခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 24 July 2023
ကျန်းမာရေးဝန်ကြီးဌာန၏ အထူးကုဆေးကုသရေးအစီအစဉ်ဖြင့်ဧရာဝတီတိုင်းအတွင်းရှိမြို့ပြ နှင့်ကျေးလက်များတွင်နေထိုင်သည့်ဒေသခံလူနာစုစုပေါင်း(၇၈၅)ဦးကိုဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဇူလိုင်(၂၂)ရက်နှင့် (၂၃)ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့သို့ သွားရောက်၍ဒေသခံများအား ဆေးကုသ ပေးခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံမှု အားကောင်းစေရန်နှင့် ကျေးလက်နှင့်မြို့ပြကျန်းမာရေးစောင့်ရှောက်မှုသာတူညီမျှရရှိစေရန် ရည်ရွယ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ သမားတော်ကြီးများ၊ ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့မှသွားရောက်ကုသပေးခြင်းဖြစ်သည်။
အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် ပုသိမ်မြို့ပေါ်သာမက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ မြောင်းမြ၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ လပွတ္တာ၊ အိမ်မဲ၊ ကျောင်းကုန်း၊ ဝါးခယ်မနှင့် ငသိုင်းချောင်းမြို့နယ်များ၊ ချောင်းသာ၊ ငွေဆောင် ဒေသတို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာ (၁၄၇)ဦး၊ အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာ (၉၂)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာ (၁၄၁)ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ (၃၆)ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ (၁၂၄)ဦး၊ သွေးရောဂါဆိုင်ရာ (၂၂)ဦး၊အထွေ ထွေရောဂါဆိုင်ရာ (၂၂၃)ဦး စုစုပေါင်း (၇၈၅)ဦးလာရောက်ပြသခဲ့သည်ဟုဆိုသည်။
ထို့ပြင် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဒေသခံအထူးကုဆရာဝန်ကြီးများကလည်း ပူးပေါင်းကြည့်ရှုခဲ့ရာ မျက်စိရောဂါ လူနာ (၇၄)ဦး၊ သားဖွားမီးယပ်လူနာ (၁၀)ဦး၊ အရိုးလူနာ (၇၉)ဦး၊ ခွဲစိတ် (၁၇)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ(၂၀)၊ သွားနှင့်ခံတွင်း လူနာ(၅)ဦး၊ အရေပြား လူနာ(၂၀)၊ ကလေးလူနာ (၉)ဦး၊ စုစုပေါင်း(၂၃၄)ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။
လူနာများအနက်နှလုံးသွေးကြောပိုက်ထည့်ကြည့်ရှုခြင်း (Angiogram) (၁)ဦးနှင့် နှလုံးနှိုးဆွစက် (Pacemaker) တပ်ဆင်နိုင်ရန် (၁)ဦး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့်သည်းခြေ၊ ပန်ကရိယလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (ERCP)ဆောင် ရွက်ရန် (၁)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှု ဆောင်ရွက်ရန် (၃)ဦး၊ နှလုံးရောဂါဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ရန် (၃)ဦး၊ နှလုံး နှင့်သွေးကြောခွဲစိတ်ကုသမှုဆောင်ရွက်ရန်(၁)ဦးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် လွှဲပြောင်းပေးနိုင်ခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၁သိန်းကျော် တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
တရုတ်နိုင်ငံအနေနဲ့လူသားချင်း စာနာထောက်ထားမှုအရ ပေးပိုလှူဒါန်း
Yangon_Time/my
#Local_News
#Published 24 July 2023
#YMG #Yangon_Times
ရှေးဟောင်းပစ္စည်း(၃၂၄)ခုနိုင်ငံတော်သိုအပ်နှံခဲ့
‘လာရောက်အပ်နှံခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကတော့ ကျောက်လက်နက်၊ကျောက်ကွင်း၊ကျောက်မို၊ ကျောက်ပုတီးစေ့၊ကြေးလက်နက်၊ကြေးအလေး၊သံလက်နက်၊ငွေပြား၊ငွေဒင်္ဂါး၊မြေပုတီး၊မြေနားဋောင်း၊ မြေဆေးတံ၊ဖန်ပုတီးစေ့၊အရိုးပုတီးစေ့စတဲ့ရှေးဟောင်းပစ္စည်း(၃၂၄)ခုဖြစ်ပါတယ်’ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)
Yangon_Time/tthl
#Local_News
#Published 24 July 2023
#YMG #Yangon_Times
‘ဧရာဝတီမြစ်ရေဟာ မင်းဘူး၊မကွေး၊အောင်လံ၊ပြည်၊ဆိပ်သာ၊ဟင်္သာတ၊ဇလွန်တိုမှာ အခုရက်ပိုင်း အတွင်းမြစ်ရေတွေတိုးဖိုရှိတယ်။မြစ်အောက်ပိုင်းဒေသတွေမှာမြစ်ရေစုပြီး မြစ်ရေကြီးနိုင်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Time/tthl
#Local_News
#Published 24 July 2023
#YMG #Yangon_Times
ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်း တံခွန်စိုက်ဒိုင်းဆု ရရှိ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့
Yangon_Time/my
#Local_News
#Published 24 July 2023
#YMG #Yangon_Times
‘ မြန်မာနဲ့ဘန်ကောက်နဲ့ကြားမှာ လေယာဉ်ကြောင်းလိုင်းပျံသန်းမှုတွေဟာ တစ်နေ့ကို (၇)ကြောင်း ၊(၈)ကြောင်းလောက်ရှိနေပြီး လေယာဉ်စရိတ်တွေကလည်းသင့်တင့်တဲ့အတွက် ပွင့်လင်းရာသီမှာ ထိုင်းခရီးသွားတွေ အများဆုံးလာရောက်နိုင်တယ်’ဦးနောင်းနောင်းဟန်၊(ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း)
Yangon_Time/tthl
#Local_News
#Published 24 July 2023
#YMG #Yangon_Times
Page 1034 of 2089