#Local_News
Published_ 3 April 2023
လက်တလောရက်ပိုင်းအတွင်းပြင်ပစားသုံးဆီဈေးကွက်မှာစားအုံးဆီတစ်ပိသာကို ၇၀၀ကျပ်ကျော်အထိရောက်ရှိနေပါတယ်။
သင်္ကြန်ကာလ စားသုံးဆီဈေးမတက်အောင် အလုံအလောက်တင်သွင်းဆောင်ရွက်ထားတယ်လို့ ဆီကုန်သည်အသင်းနဲ့ ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာနက ပြောကြားထားပေမယ့် ပြင်ပလက်လီဈေးကွက်မှာ စားအုန်းဆီတစ်ပိဿာ ကျပ်၇၀၀၀ ကျော်ထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။
#Local_News #သင်္ကြန်ကာလ #စားသုံးဆီဈေး
#YMG#Yangon_Media_Group
#Local_News
Published_ 3 April 2023
ရခိုင်တိုင်းရင်းသားတို့ရဲ့ ရိုးရာအစဉ်အလာမပျက် ကျင်းပလေ့ရှိတဲ့ ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲကို ရန်ကုန်မြို့မှာကျင်းပသွားဖို့ရှိတယ်လို့ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှသိရပါတယ်၊၊
#Local_News #ရခိုင်ရိုးရာသင်္ကြန် #နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲ #
#YMG#Yangon_Media_Group
#Daily_News
Published_3 April 2023
၁။ရခိုင်ရိုးရာသင်္ကြန် နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲ ရန်ကုန်မြိုတွင်ကျင်းပမည်
၂။သင်္ကြန်ကာလ မတိုင်မှီမှာပင် စားသုံးဆီဈေးတစ်ပိဿာ ကျပ်၇၀၀၀ကျော်ထိရောက်ရှိ
၃။ရန်ကုန်ရွှေအသင်း ၂၂သိန်း၉သောင်းနှုန်း ရန်ကုန်ရွှေအသင်းသတ်မှတ် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေ
၄။ဗီယက်နမ်မှ ပထမဆုံးအသုတ်ဒူးရင်းသီးများ တရုတ်လေဆိပ်သို့တင်ပို့ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 3 April 2023
သင်္ကြန်ကာလနီးလာပြီဖြစ်လို့ ဆံပင်ကာလာအမျိုးမျိုးဆိုးသူတွေ များပြားလာပြီဖြစ်ပါတယ်၊၊အချို့အမျိုးသား၊အမျိုးသမီးတွေဟာ ဆံပင်အရောင်ဆိုးဆေးနဲ့ဓာတ်မတည့်ဘဲ အသက်သေဆုံးတဲ့အထိ ဖြစ်ပွားတာမျိုးတွေလည်းရှိတဲ့အတွက် သတိပြုဆိုးကြဖို့လိုတယ်လို့ ဆိုပါတယ်၊၊
#Local_News #ဆံပင်ဆိုးဆေး #အရေပြားရောဂါ #ဓာတ်မတည့်သူ #သင်္ကြန်ကာလ
#YMG#Yangon_Media_Group
#Local_News
Published_ 3 April 2023
ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သို့ ယခု ဧပြီလအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘောအစင်းရေ ၅၀ ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်ကြမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့၏ စာရင်းများအရ သိရသည်။
Sealand Maersk Asia၊ VASI Shipping ၊ SITC ၊ M.S.C ၊ Samudera ၊ Ever Green ၊ X-Press Feeders ၊ P.I.L ၊ COSCO Shipping ၊ BLPL ၊ RCL ၊ Land and Sea ၊ CMA-CGM ၊ I.A.L ၊ Gold Star ၊ MITT Shipping ၊ One နှင့် PIL သင်္ဘောလိုင်း ၁၈ လိုင်းကဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မည်ဟု ယင်း စာရင်းများတွင် ဖော်ပြထားသည်။
ဆိုက်ကပ်ကြမည့် သင်္ဘောများမှာ Sealand Maersk Asia သင်္ဘောလိုင်းမှ သင်္ဘော ၁၁ စင်း၊ VASI Shipping သင်္ဘောလိုင်း မှ တစ်စင်း၊ SITC သင်္ဘောလိုင်းမှ သုံးစင်း၊ M.S.C သင်္ဘောလိုင်းမှ လေးစင်း၊ Samu-dera သင်္ဘောလိုင်းမှ လေးစင်း၊ Ever Green သင်္ဘောလိုင်းမှ နှစ်စင်း၊ X-Press Feeders သင်္ဘောလိုင်းမှ နှစ်စင်း၊ P.I.Lသင်္ဘောလိုင်းမှ တစ်စင်း၊ COSCO Shipping သင်္ဘောလိုင်းမှ လေးစင်း၊ BLPL သင်္ဘောလိုင်းမှ တစ်စင်း၊ RCL သင်္ဘော လိုင်းမှ ခုနစ်စင်း၊ I.A.L သင်္ဘောလိုင်းမှ နှစ်စင်း၊ Land and Sea သင်္ဘောလိုင်းမှ တစ်စင်း၊ CMA-CGM သင်္ဘောလိုင်းမှ တစ်စင်း၊ Gold Star သင်္ဘောလိုင်းမှ တစ်စင်း၊ MITT Shipping သင်္ဘောလိုင်းမှ နှစ်စင်း၊ One သင်္ဘောလိုင်းမှ နှစ်စင်းနှင့် PILသင်္ဘောလိုင်းမှ တစ်စင်း တို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ပြီးခဲ့သည့် ဇန်နဝါရီလက ဆိုက်ကပ်ခဲ့သည့် နိုင်ငံတကာ သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီလက ၅၁ စင်း ၊ မတ်လက ၅၅ စင်း ဆိုက်ကပ်ကုန် သွယ်မှုပြုခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ရန်ကုန်ဆိပ်ကမ်#ကုန်တင်သင်္ဘော#ကုန်သွယ်မည်
#YMG #Yangon_Media_Group
#Local_News
Published_ 3 April 2023
သင်္ကြန်တွင်းပိတ်ရက်တွေရှိသည့်အတွက် လျှပ်စစ် ဓာတ်အားခပေးဆောင်ရမည့်နောက်ဆုံးရက်များကိုပြင်ဆင်သတ်မှတ်လိုက်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှထုတ်ပြန်လိုက်သည်၊၊
ဧပြီ(၁၇)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၁၉)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၁၉)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၁)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၁)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၃)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၃)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၅)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၅)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၇)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအဆင်ပြေစေရန်အတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများရှိငွေလက်ခံကောင်တာများကိုသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီလ(၈)ရက်မှဧပြီလ(၁၇)ရက်အထိပိတ်ထားမည်ဖြစ်ပြီးဧပြီလ(၁၈)ရက်မှ(၃၀)ရက်အထိပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Local_News #သင်္ကြန်တွင်းပိတ်ရက် #ဓာတ်အားခပေးဆောင်ရမည့်နောက်ဆုံးရက် #YMG #Yangon_Media_Group
#Local_News
Published_ 3 April 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ယခင်နှစ်ထက်ကန်ဒေါ်လာ သန်း၇၀၀ကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၉၇ ဘီလီယံရရှိထားပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၇၄၂ ဒသမ ၇၀ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါနယ်စပ်ဂိတ်မှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၅၃၃ ဒသမ ၅၈ သန်းရရှိထားကြောင်းသိရသည်။
ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်တို့ကနေ ကုန်သွယ်မှုပြုလုပ်နေပြီး နယ်စပ်ဂိတ်တွေအနက် ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံရရှိထားပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄၁ ဒသမ ၇၁ သန်းရရှိထားကြောင်း သိရသည်။
ယင်းအပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၃၈ ဒသမ ၆၃ သန်း၊ ကံပိုက်တီဂိတ်မှ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၀၁ သန်း၊ကျိုင်းတုံဂိတ်မှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၁ သန်းဖြင့် အနည်းဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းတွေကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
ymg/ppk
#Local_News #မြန်မာ-တရုတ်နယ်စပ် #ကုန်သွယ်ရေး
#YMG #Yanzgon_Media_Group
Page 1040 of 1896