Published 8 June 2023
The opening ceremony for the launch of the Aung Bar Lay Online Lakh-prize Lottery System was held at the Myanmar International Convention Center-2 in Nay Pyi Taw on the morning of 8 June and Myanmar’s SAC Chairman and Prime Minister Senior General Min Aung Hlaing delivered a speech.
The Aung Bar Lay Lakh-prize online lottery system was launched jointly with Viettel Group (Mytel) as a business partner, according to SAC’ press release.
SAC Chairman, Senior General Min Aung Hlaing, Deputy Prime Minister and Union Minister U Win Shain, Union Minister of Investment and Foreign Economic Relations Dr. Kan Zaw, Myanmar Economic Corporation Chairman Lt. Gen. Nyo Saw and Viettel Group (Mytel) CEO Nguyen Tien Dung launched the Aung Bar Lay online lottery system.
After that, Deputy Prime Minister and Union Minister U Win Shin presented the Logo to commemorate the opening of the Aung Bar Lay Online Lottery System to the Senior General Min Aung Hlaing. After that, Dr. Nila Aye, Chief External Relations Officer of Mytel, gave a briefing about the newly launched online Lottery system.
At the ceremony, H.E Dr. Luan Thuy Duong, Ambassador of Vietnam to Myanmar, expressed his gratitude on behalf of the Ministry of Defense of Vietnam.
Myanmar and Vietnamese dance and music groups performed the song "We Love Myanmar" and "Let's take Aung Bar lay Lakh-prizes " and the ceremony was concluded, according to the press release.
#YangonMediaGroup
#Viettel_Myanmar
#Aung Bar Lay Lakh-prize_online_lottery_system
Published 8 June 2023
အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းဖွင်ပွဲအခမ်းအနားကို ယနေ့ ဇွန် ၈ရက် မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
အဆိုပါ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကို Viettel Group (Mytel)နှင့် လုပ်ငန်းမိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် Viettel Group မှ (Mytel)CEO Nguyen Tien Dung တို့က အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်အား စတင်ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် အောင်ဘာလေအွန်လိုင်း သိန်းဆု ထီစနစ် ဖွင့်ပွဲ အထိမ်းအမှတ် Logoကိုနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပေးအပ်သည်။ ယင်းနောက် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်နှင့် ပတ်သက်၍ Mytelမှ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဒေါက်တာနီလာအေး က ရှင်းလင်းတင်ပြခဲ့ပါတယ်။
အခမ်းအနားမှာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.EDr.Luan Thuy Duong က ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာ၊ ဗီယက်နမ် အကအလှတေးဂီတ အဖွဲ့များက “We LoveMyanmar” တေးသီးချင်းနှင့် “အောင်ဘာလေအွန်လိုင်းသိန်းဆုဖီအား ထိုးလိုက်ကြပါစို့” တေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
#ymg/knl
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#အွန်လိုင်းအောင်ဘာလေထီ
#မြန်မာ့စီးပွားရေး
#မြန်မာ_ဗီယက်နမ်ဆက်ဆံရေး
#Local_News
Published_ 8 June 2023
မြန်မာ - တရုတ် ချစ်ကြည်ရေးမြို့တော်များ ဆောင်ရွက်နိုင်ရေး နေပြည်တော်၌ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီးဦးအောင်သော်အား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu နှင့် အဖွဲ့သည် ဇွန် ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး အတွက် တရုတ်နိုင်ငံတွင် အသုံးများသော တစ်တော့(Tiktok)၊ ကွိုက်ဇိုလ် (Kuaishou) ကဲ့သို့ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းများတွင် Myanmar Pavilion အမည်ဖြင့် မြှင့်တင်ကြော်ငြာရေးနှင့် ၂၀၂၄ ခုနှစ်တွင် International Mountain Tourism ပွဲတော် ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
#ygm_mnn #Local_News #မြန်မာ - တရုတ် ချစ်ကြည်ရေး
#YMG #Yangon_Media_Group
#Local_News
Published- 8 June2023
ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေးကျင်းပပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများအား MoU U-Turn စနစ်ဖြင့် စနစ်တကျ ပြန်လည်စေလွှတ်နိုင်ရေး ဇွန်လ၆ရက်က နေပြည်တော်တွင်ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ထည့်သွင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် လက်ရှိလုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအား U-Turn စနစ်ဖြင့် ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့် MoU စနစ် အလုပ်သမား(လူဟောင်း)များကို ယခင်အလုပ်ရှင်ထံသို့ ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ လုပ်ငန်းစဉ်ကို သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ပြီး အလုပ်ရှင်၊ အလုပ်သမား နှင့်အေဂျင်စီများအကြား တာဝန်ယူမှုစနစ် တည်ဆောက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားများ ပြန်လည်စေလွှတ်ရာတွင် သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး ပြန်လည်စေလွှတ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းအပြင် အလုပ်ခေါ်စာတွင်ပါရှိသည့် အမှန်တကယ် ခေါ်ယူလိုသော အလုပ်သမားအရေအတွက်အပေါ် မြန်မာအေဂျင်စီများမှ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် အလုပ်သမားကလည်း မည်သည့်အေဂျင်စီက တာဝန်ယူဆောင်ရွက်ပေးနေသည်ကို သိရှိရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားထားသည်။
#ymg/BM #Local_News #MoU U-Turn #မြန်မာ - ထိုင်းနှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်း #YMG #Yangon_Media_Group
#Local_News
Published _8 June 2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့ နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ်(၉၀/၉၁) ၊ မိဘမေတ္တာမူကြိုကျောင်း(ပုဂ္ဂလိကပိုင်)၌ မူကြိုဆရာမများ အဖြစ်လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေါ်သဲမာလာဝင်း(ဘ)ဦးရွှေခိုင်နှင့် ဒေါ်ဆောင်းသဇင်ဦး (ဘ)ဦးမောင်ဦး တို့အား ဇွန်လ ၆ ရက် ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် PDF များက လုပ်ကြံခဲ့ကြတယ်လို့ နစကသတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါဆရာမများက မူကြိုကျောင်းအတွင်း ရှိနေစဉ် PDF ၄ ဦးက အဖြူရောင်အငှားယာဉ် ၁ စီးဖြင့် အနော်ရထာလမ်းဘက်မှ အေးမေတ္တာလမ်းအတိုင်း မောင်းနှင်ရောက်ရှိလာပြီး မူကြိုကျောင်းအတွင်းသို့ ဝင်ရောက်ကာပစ္စတိုသေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်၍ လာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက်ပြေးသွားတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် မူကြိုကျောင်းဆရာမ ၂ ဦးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများ ရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ အထက်ပါဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#ymg/BM #Local_News #ထန်းတပင် #မူကြိုကျောင်းဆရာမ
နှစ်ဦး သတ်ဖြတ်ခံရ #YMG #Yangon_Media_Group
#Local_News
Published 7 June 2023
မိုးရာသီမှာ ဖြစ်ပွားလေ့ရှိတဲ့ ရေကြီးရေလျှံဖြစ်ခြင်းနှင့် မြွေအန္တရာယ်အတွက်ကူညီပေးဖို့ကြိုတင််ပြင်ဆင်ထားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်နေပြီလေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့်မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနိုင်ကြောင်း မိုးလေ၀သနဲ့ဇဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၇ရက်နေ့ မနက်ပိုင်းတွင် ထုတ်ပြန်ထားပါတယ်။
#Local_News #လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်နေ
#YMG #Yangon_Media_Group
Page 914 of 1902