Published_10 June 2023
ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် Brave Eagleအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်(၄)ဦးအားများအား ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ ပြည်တွင်းအခွန်များဦးစီးမှူးရုံး၊ (၃)လွှာရှိကုမ္ပဏီများ ဆိုင်ရာအခွန်ဌာန၊ အများပြည်သူများ ထိုင်ရန်ပြုလုပ်ထားသည့် စတီးထိုင်ခုံများဘေးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အခွန်ဌာနမှ ဝန်ထမ်း ၅ ဦးနှင့် ပြည်သူ ၁ ဦးတို့တွင်(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြခြင်း ဖြစ်သည်။
မြေပြင်သတင်းဖော်ထုတ်မှုများအရ တရားခံသည် ဇွန်လ၅ ရက် နေ့လယ်ပိုင်းတွင် ပန်းဆိုးတန်းလမ်းပေါ်မှ အခွန်ဦးစီးမှူးရုံးသို့ နီညိုရောင်လက်ဆွဲအိတ်နှင့် စက္ကူဖိုင် ၁ ခု တို့ကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တတိယထပ်ရှိ စတီးထိုင်ခုံ၌ ၂ မိနစ်ခန့်ထိုင်၍ လက်ဆွဲအိတ်ကို ထိုင်ခုံဘေးတွင်ချထားကာ အဝေးမှ ရီမုဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရီမုမိုင်းဖောက်ခွဲခဲ့သူသည် ကြည့်မြင်တိုင်မြို့နယ်၊အုန်းပင်လမ်းနှင့် ဗိုလ်သူရလမ်းပေါ်ရှိ တိုက်အမှတ်(၂၇)၊ (၂)လွှာ၊ အခန်း(B)တွင် နေထိုင်ကြောင်း သိရှိရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး တိုက်ခန်းအတွင်း လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ အင်္ကျီနှင့် ပုဆိုးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ၊ယင်းနောက် ဇွန်လ ၈ ရက် ညနေပိုင်းတွင် စမ်းချောင်းမြို့နယ်၌ငှားရမ်းနေထိုင်သူအောင်မြင်သူ(ခ)အောင်လှိုင်ဝင်းအားဖမ်းဆီးရမိခဲ့ရာ ယင်း၏ထွက်ဆိုချက်အရ ပြည်တွင်းအခွန်များဦးစီးမှူးရုံး၌ရီမုမိုင်းထောင်ဖောက်ခွဲ ခဲ့သည့် အောင်မြင့်မြတ်(ခ)ပြည့်ဖြိုးအောင် (ခ) Mood နှင့်ဓနနောင်ဝင်း (ခ) ရှိုင်းထက်ကိုကို(ခ) Roke တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ယင်းနောက်ကျော်စည်သူ(ခ)Jack အား ဖမ်းဆီးရမိခဲ့ပြီးအောင်ခန့်ပိုင်(ခ)ဝီလီယံ အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် ဖြစ်စဉ်တွင် လက်လုပ်မိုင်း ဖောက်ခွဲခဲ့သည့် အမျိုးသား ၅ ဦးနှင့်အတူလက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်ဗုံး ၁ လုံးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိ သူများ၏ ထွက်ဆိုချက်အရ Brave Eagle အဖွဲ့အနေဖြင့်ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနရုံး ယာဉ်ရပနားနေရာအပါအဝင် ရန်ကုန်မြို့နယ်အတွင်း၌ အကြမ်းဖက်ဖောက်ခွဲမှု ၇ ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ အောင်မြင့်သူ(ခ) အောင်လှိုင်ဝင်းသည်ဖမ်းဆီးရန်ကျန် တရားခံ ချမ်းငြိမ်းသူ(ခ)ပန်ဒါ၏ ချိတ်ဆက်ပေးမှုဖြင့် ဖမ်းဆီးရန်ကျန်တရားခံပြေး NLD ပါတီဝင်ဟောင်း မျိုးရန်နောင်သိမ်း ထံမှ ရန်ကုန်မြို့အတွင်းအကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်ဝယ်ယူရန် ငွေကျပ် သိန်း ၅၀ကို ရရှိခဲ့ကြောင်း၊ ၎င်းငွေများကို ပစ္စတိုသေနတ်ဝယ်ယူရန် ချမ်းငြိမ်းသူ(ခ)ပန်ဒါထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအပြင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအား မိုင်းထောင်ဖောက်ခွဲရန် စီစဉ်ထားရှိကြောင်းဖော်ထုတ်သိရှိရကြောင်းလည်း နစက သတင်းထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။
ymg/BM
Yangon_Media_Group
#Local_News
Published_10 June 2023
ပြီးခဲ့တဲ့တစ်ပတ်လုံး ကမ္ဘာ့ရွှေစျေးဟာ အနိမ့်ဘက်ကိုဦးတည်ခဲ့ပေမယ့် ပြည်ပရွှေစျေးကတော့ ၃၁ သိန်းနီးပါအထိ စျေးမြင့်တက်ခဲ့ပါတယ်။
#Local_News #အရောင်းအ၀ယ်အေးနေ #Gold
#YMG #Yangon_Media_Group
#Health_Matters
Published_ 10 May 2023
- အဲဒီကပ်ရောဂါအသစ်ကို ရှောင်လွှဲလို့မရနိုင်ဘူးလားဆရာ ...??
#Health_Matters #ကပ်ရောဂါအသစ်တစ်ခုထပ်လာနိုင်
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_10 June 2023
ပြည်တွင်းမှဆန်စျေးများ ဆက်တိုက်ဆိုသလိုမြင့်တက်နေပြီး ဆန်ကြမ်းတစ်ပြည်ကို ၃၀၀၀ နီးပါးရှိနေတယ်လို့ ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားတွေအများစုနေထိုင်တဲ့ ရပ်ကွက်တွေစီက သိရပါတယ်။
#Local_News #ဆန်ကြမ်းတစ်အိပ်ကို၇သောင်းကျော် #ပြည်တွင်းဆန်စျေးများ ဆက်တိုက်မြင့်တက် #YMG #Yangon_Media_Group
#Health_Matters
Published_ 10 May 2023
- ဒီတစ်ခါဖြစ်လာနိုင်တဲ့ကပ်ရောဂါအသစ်ဟာ ကိုဗစ်ထက်ဆိုးလာနိုင်သလားဆရာ ...??
#Health_Matters #ကပ်ရောဂါအသစ်တစ်ခုထပ်လာနိုင်
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 10 June 2023
၁။ ပြည်တွင်းဆန်စျေးများ ဆက်တိုက်မြင့်တက်နေပြီး ဆန်ကြမ်းတစ်အိပ်ကို ၇သောင်းကျော်နေ
၂။ ပြင်ပရွှေပေါက်စျေး ၃၁သိန်းနီးပါးရှိနေပြီး အရောင်းအ၀ယ်အေးနေ
၃။ မုတ်သုန်အားကောင်းနေ၍ ဒေသအချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးများကြုံနိုင်
၄။ တောင်တရုတ်ရှိ ပင်လယ်ဖြတ်ကူးရေးစီမံကိန်းကြီးဖြစ်သည့် ရှန်ကျန်ကျုံရှန်စင်္ကြံရေအောက်ဥမင်လှိုဏ်ခေါင်းကြီး ဆောက်လုပ်လျက်ရှိ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 10 June 2023
- ပညာရှင်အချို့က ကပ်ရောဂါအသစ်တစ်ခု ကမ္ဘာပေါ်မှာ ရှိလာနိုင်တယ်လို့ ပြောနေကြတဲ့အပေါ် ဆရာ့အမြင် ...??
#Health_Matters #ကပ်ရောဂါအသစ်တစ်ခုထပ်လာနိုင်
#Dr.KML #YMG #Yangon_Media_Group
Page 909 of 1902