#Local_News
Published 11 May 2024
▪️ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်ဧပြီလ တစ်လတာအတွင်းပဲမျိုးစုံတန်ချိန်နှစ်သိန်းနီးပါးတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင်ယခုနှစ် ဧပြီလအတွင်း၌ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် ၁၉၀၀၀၀ ကျော်အထိတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေရရှိမှုမှာလည်း ယခုနှစ်တွင်အမေရိကန်ဒေါ်လာ ၁၆၄ သန်းကျော်အထိရရှိခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံ စိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ပျိုးမှု၏ ၇၂ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများကိုပါ စိုက်ပျိုးမှုရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_11 May 2024
▪️ ရန်ကုန်တိုင်းတွင်မြို့နယ်အချို့၌မိုးတိမ်တောင်များအားကောင်းပြီး လျှပ်စီးလက်၊ မိုးခြိမ်း၊မိုးကြိုးပစ်ကာ ကွက်ကျားမိုးရွာနေကြောင်း သိရသည်။
▪️ လှိုင်သာယာတွင် မေ(၁၁)ရက်နေ့လယ်ပိုင်း၌ မိုးရွာ မိုးခြိမ်းနေပြီး ဗဟန်းမှာတော့ လျှပ်စီးများလက်၊ မိုးတစ်ချိန်လုံးခြိမ်းနေပြီး မိုးနည်းနည်းသာရွာရာမှ မိုးသည်းလာသည်ဟုဆိုသည်။
▪️ မေလဒုတိယ(၁၀)ရက်ပတ်တာ မေလ(၁၁)ရက်မှ (၂၁)ရက်အထိခန့်မှန်းချက်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊
▪️ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းဖော်ပြထားသည်။
▪️ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆ ရက်မှ ၉ ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၂ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း သိရသည်။
#tthl #Yangon_Times
မြင်းမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သုတေသနလုပ်ငန်းပံ့ပိုးမှုအတွက်မွေးမြူရေးသုတေသနဦးစီးဌာနနဲ့ သုတေသနဆိုင်ရာသဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published_11 May 2024
#မြင်းမွေးမြူရေး #မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်
#NN #Yangon_Times
မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်တဲ့လေဖိအားနည်းရပ်ဝန်းဟာ မေလ(၁၈)ရက်မှာ စတင်ဖြစ်ပေါ်လာနိုင်တယ်။ မိုးတိမ်တောင်တွေကြောင့်ရန်ကုန်တိုင်းအပါအဝင်ဒေသတော်တော်များများ နေရာကွက်ကျားမိုးထစ်ချုန်းရွာမယ်။
#Local_News
Published_11 May 2024
#လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် #မုန်တိုင်းငယ်ဖြစ်ပေါ်
#tthl #Yangon_Times
#Local_News
Published 11 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၇)လမ်းထိပ်တွင် ရပ်ထားသောတွဲကားအား အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိမှုဖြစ်ပွားကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
▪️ မေလ ၁၀ ရက်နေ့ည ၁၁နာရီဝန်းကျင်အချိန်ခန့်က ရပ်ထားသည့် တွဲကားကို အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိကာ လူညပ်နေကြောင်း ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီထွက်ခွါကူညီခဲ့သော်လည်း ဦးခေါင်းနှင့် ကျောရိုး ထိခိုက်ဒါဏ်ရာများကြောင့် အဆိုပါအမျိုးသားမှာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။
▪️ ထိခိုက်ဒါဏ်ရာများကြောင့် အသက်ဆုံးရှုံးသွားသူမှာ အသက်(၅၀)ဝန်းကျင်ခန့် အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိရသည်။
▪️ ရုပ်အလောင်းအား မိတ်ဖက်ပရဟိတအသင်းများနှင့်ပူးပေါင်းကာ ကားအတွင်းမှ သယ်ထုတ်၍ အောင်နိုင်သူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_11 May 2024
▪️ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် (၄၁)ဦးပါသည့် FAM Trip အဖွဲ့ မြန်မာသို့လာရောက်လည်ပတ်လျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့်ငွေဆောင်သို့ သွားရောက်လည်ပတ်ကြမည်ဖြစ် ကြောင်း သိရသည်။
▪️ တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် Familiarization Trip-FAM Trip အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
▪️ "တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်း၊ ချုံချင့်က ခရီး သွားဧည့်သည် ၄၁ ဦးပါဝင်ပြီး နေပြည် တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ငွေဆောင်စတဲ့ အဓိကခရီးစဉ်ဒေသတွေကို မေ ၂၀ ရက်အထိ လေ့လာလည်ပတ်သွားမှာဖြစ်ပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဇေယျာမျိုးအောင်က နိုင်ငံပိုင်သတင်းစာ၌ဖြေကြားထားသည်။
▪️ "အခုခရီးစဉ်ဟာ တရုတ် - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအပြင် ခရီးသွားမြှင့်တင်ရေးကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ အခုပါလာတဲ့ ခရီးသွားတွေကတော့ မရောက်ဖူးသေးပါဘူး။ လေဆိပ်အဝင်မှာ တာဝန်ရှိသူတွေက နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့အပြင် အိုးစည်ဒိုးပတ်တွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို စတင်တွေ့ရှိမှုဟာ ဒီခရီးစဉ်ရဲ့ ပထမဆုံးအံ့ဩဝမ်းသာမှု တစ်ခုပါပဲ။ မြန်မာနိုင်ငံရဲ့လှပတဲ့ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို တရုတ်နိုင်ငံနဲ့ မိတ်ဆက်ပေးဖို့အတွက် လာရောက်ခဲ့တာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု Mr.LIUWEI ( Chairman ၊ Myanmar – China Culture Tourism Promotion Society)ကလည်းဖြေကြားထားသည်။
▪️ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၂၃ သန်း ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာလည်း ခရီးသွားတွေဝင်နေကြောင်း၊၂၀၂၂ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းကို ပြည်ပခရီးသွားဧည့်သည် ၈၀၀၀၀ ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၂၄၀၀၀၀ ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် ဧပြီလအထိ ခရီးသွား ၈၀၀၀၀ ကျော် ဝင်ရောက် ခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

#tthl #Yangon_Times
#Local_News
Published_11 May 2024
▪️ ကမ္ဘာ့ဗုဒ္ဓနေ့၊ ချီကျိနေ့အထိမ်းအမှတ်အဖြစ် မင်္ဂလာဒုံမြို့နယ်မှာ မေလ(၁၂)ရက်၊ မနက်ပိုင်း၌ထမင်းဗူးတစ်ထောင်လှူဒါန်းမည်ဖြစ်ကြောင်း ပုလဲအရန်တပ်ဖွဲ့မှ သိရသည်။
▪️ ကဆုန်လပြည့်နေ့သည် ကမ္ဘာ့ဗုဒ္ဓနေ့ ဘုရားရေ သပ္ပာယ်နေ့ဖြစ်ပြီး ချီကျိအသက်(၅၈)နှစ် ဗုဒ္ဓရေသပ္ပာယ်အခမ်းအနားအဖြစ်အလှူရှင်မှလှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။
▪️ ပုလဲအရန်တပ်ဖွဲ့အနေဖြင့် ထမင်းဗူး(၁၀၀၀)ကို ချက်ပြုတ်ပြင်ဆင်ခဲ့ပြီး ပုလဲအရန်တပ်ဖွဲ့ဝင်များ၊ ပုလဲအရန်တပ်ဖွဲ့တွင် အားကိုးခိုလုံနေရသူများ စုစုပေါင်း(၅၀၀)ဦးနှင့် နွမ်းပါးမိသားစု (၅၀၀)ဦး စုစုပေါင်း (၁၀၀၀)ဦးစာအတွက် ထမင်းဗူးများလှူမည်ဟုဆိုသည်။
▪️ မေလ(၁၂)ရက် မနက်ဖြန်မနက် (၁၀)နာရီတွင် ပုလဲအရန်မီးသတ်စခန်းတွင် အသားမပါ ထမင်းဘူး ဟင်း(၃)မျိုးအပါ ကုသိုလ်ပြုလှူဒါန်းသွားမည်ဖြစ်ပြီး မည်သူမဆိုလာရောက် သုံးဆောင်နိုင်ကြောင်း သိရသည်။
#tthl #Yangon_Times
Page 907 of 2481