#Local_News
Published_12 June 2023
အခုနှစ်မိုးရာသီမှာ ထီးအသစ်တွေ ဈေးနှုန်းမြင့်နေတဲ့အတွက် ဈေးသက်သာတဲ့ ဂျပန်ကွန်တင်နာကျထီးတွေ ရောင်းအားတက်နေတယ်လို့ ဂျပန်ကွန်တင်နာကျထီး အရောင်းဒိုင်မှ သိရပါတယ်။
#Local_News #ထီးဈေးမြင့် #ဂျပန်ကွန်တင်နာကျတန်ဖိုးနည်းထီးများ #အရောင်းပိုသွက် #YMG #Yangon_Media_Group
#Local_News
Published_12 June 2023
နေပြည်တော် ပျဉ်းမနားမြို့အထွက် လယ်ဝေးလမ်းဟောင်းမှာ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက လမ်းဘေးမြောင်းအတွင်း အပေါ့သွားနေစဉ် ဗိုက်နာလာတာကြောင့် ကလေးမွေးဖွားမူဖြစ်ပွားခဲ့ကြောင်း မိုးစေတာနာ ပရဟိတအသင်းမှ သိရပါတယ်။
#Local_News #လမ်းဘေးမြောင်းတွင်အပေါ့သွား #ကလေးမီးဖွားမူဖြစ်ပွား #ကလေးငယ်သေဆုံး #YMG #Yangon_Media_Group
#Daily_News
Published_ 12 June 2023
၁။ လမ်းဘေးမြောင်းတွင် အပေါ့သွားစဉ် ကလေးမီးဖွားမူဖြစ်ပွားပြီး ကလေးငယ်သေဆုံး
၂။ ထီးဈေးမြင့်နေ၍ ဂျပန်ကွန်တင်နာကျ တန်ဖိုးနည်းထီးများ အရောင်းပိုသွက်နေ
၃။ အမေရိကန်တစ်ဒေါ်လာ ၂၉၀၀ ကျော်နေပြီး ရွှေစျေး ၃၁ သိန်းကျော်ရှိနေ
၄။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ဧရာမဘဲရုပ်ကြီးနှစ်ခု ဟောင်ကောင်ဆိပ်ကမ်းတွင် ရောက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_12 June 2023
ပြည်တွင်း စားသုံးဆီစျေးနူန်းများ ဆက်တိုက်ဆိုသလို စျေးနူန်းကျဆင်းနေပြီး စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇွန်လ ၁၂ ရက်နေ့က နေ ၁၈ ရက်နေ့အထိ ရည်ညွှန်းသတ်မှတ်စျေးမှာ တစ်ပိဿာကို ၁၇၅၀ ကျပ်သတ်မှတ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News #စားသုံးဆီစျေးဆက်တိုက်ကျဆင်း #လက္ကားရည်ညွှန်စျေး၁၇၅၀စျေးရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 12 June 2023
မြန်မာ့ကော်ဖီကို နိုင်ငံပေါင်း ၁၄နိုင်ငံသို့တင်ပို့နေပြီး ဂျပန်အပါအ၀င် ၄နိုင်ငံက သွင်းကုန်ခွင့်ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်းသတ်မှတ်၍ အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(MTPO) မှ သိရသည်။
ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီ နိုင်ငံ ၄နိုင်ငံက မြန်မာ့ကော်ဖီတင်သွင်းမှုအ တွက် အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင်မြန်မာ့ကော်ဖီကို အမေရိကန်၊ ဥရောပနှင့်အာရှဒေသရှိ နိုင်ငံပေါင်း(၁၄)နိုင် ငံသို့တင်ပို့ရောင်းချနေရပြီးစျေးကွက်သစ်များထပ်မံရှာဖွေ၍ တိုးမြှင့်တင်ပို့ကြရန်စီးပွား ရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနကတိုက်တွန်းထားကြောင်းလည်းသိရသည်။
မြန်မာ့ကော်ဖီကို ပင်လယ်ရေကြောင်းမှ အမေရိကန်၊ ကနေဒါ၊ အီးယူ၊ ဂျပန်နှင့်ကိုးရီး ယားနိုင်ငံသို့တင်ပို့နေပြီးနယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ရောင်းချနေကြောင်းသိရသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကော်ဖီစိုက်ဧက ၅သောင်းခန့်ရှိပြီး အထူးတန်း၀င် အမျိုးအစားကော်ဖီစေ့ တစ်တန်ပေါက်စျေး ကန်ဒေါ်လာ(၇၅၀၀) ခန့်ရှိပြီး ပုံမှန်စျေးကွက်၀င် ကော်ဖီအမျိုးအစားက တစ်တန်လျှင် ကန်ဒေါ်လာ (၃၀၀၀)မှ (၄၅၀၀) ကြားစျေးရရှိကြောင်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 12 June2023
ကိုရီးယားနိုင်ငံတွင် မြန်မာစိုက်ပျိုးရေးလုပ်သားတစ်ဦးတစ်ညလုံး ပန်ကာဖွင့်အိပ်ရာမှ သေဆုံးသွားခဲ့ကြောင်းတောင်ကိုရီးယားရောက် မြန်မာလုပ်သားများကို ကူညီပေးနေသည့် ကိုဇော်မိုးအောင်(ကိုရီးယား)ထံမှ သိရသည်။
အိပ်နေရင်း သေဆုံးသွားခဲ့သူ မှာ ကိုရီးယားနိုင်ငံ ဂယောင်နမ်ပြည်နယ် ချန်းဝမ်မြို့ ချန်းညောင်းမြို့နယ် ဂျန်းမာရပ်ကွက်ရှိ နေအိမ်တွင် နေထိုင်သည့် အသက် ၃၃ နှစ်အရွယ် ကိုသူရဖြိုး ဆိုသူဖြစ်ပြီး ဇွန်လ ၁၀ ရက် နံနက်ပိုင်းက သိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“ကိုသူရဖြိုးဟာ တစ်ညလုံး ပန်ကာဖွင့် အိပ်ခဲ့ပြီးတော့မနက်ပိုင်း ထမလာမှ အလုပ် အတူလုပ်နေတဲ့ မြန်မာ လုပ်သား သူငယ်ချင်းက သွားနိုးတဲ့အခါ အသက် မရှိတော့တာကြောင့် အလုပ်ရှင်ကို အကြောင်းကြားခဲ့ပါတယ်”ဟု ကိုဇော်မိုးအောင် က ယင်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါ သေဆုံးသွားသော ကိုသူရဖြိုး မှာ ၁၁ နှစ်အရွယ် သမီးငယ်တစ်ဦး ၏ ဖခင်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ကျောက်တံခါးမြို့နယ် အင်းပတ်လည်အုပ်စု ကြို့ကုန်းရွာ၌ နေထိုင်သူဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံသို့ ဒုတိယ အကြိမ် ပြန်လည်ရောက်ရှိလာသူဖြစ်ကာ ၄ လခန့်သာ ရှိသေးကြောင်း၊ မှို စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရသည်။
#ymg/BM
#Local_News #ကိုရီးယား #မြန်မာလုပ်သားတစ်ဦးတစ်ညလုံးပန်ကာဖွင့်အိပ်နေစဉ်သေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_12 June 2023
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံစမ်းကြီးဝကွင်း ပုံစံ-၃ မြေပေါ် စိုက်ပျိုးထားသောစပါးများကို လယ်သမားများ ရိတ်သိမ်းလိုနေကြကြောင်း အဆိုပါ လယ်သမားများက ပြောသည်။
တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်သည့် မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝကွင်း (State Land) ရှိ မြေဧရိယာ (၇၀၉ ဒသမ ၁၄) ဧက မှာ စမ်းကြီးဝရပ်ကွက် ပေါက်ကုန်းရပ်ကွက်နှင့် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်မှုဧရိယာအတွင်း တည်ရှိခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေများနှင့် ပက်သက်၍ မေးခွန်းမေးမြန်းခဲ့စဉ်တွင် စမ်းကြီး၀ ကွင်းနှင့်ပတ်သက်၍လည်းထည့်သွင်းမေးမြန်းခဲ့ရာ စမ်းကြီးဝကွင်း မြေဧက ၇၀၉ ဒသမ ၁၄ ဧကကို ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၉၉၇ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ကြောင်း ၊တပ်မတော်မှ အသုံးမလိုတော့သည့် အတွက် ပြန်လည်အပ်နှံခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ်ဇွန်လ ၂၃ ရက်ရက်စွဲဖြင့် နိုင်ငံတော်မှစီမံခန့်ခွဲခွင့်ရှိသည့် State Land အဖြစ် သတ်မှတ်ခဲ့ကြောင်း မေးခွန်းအပေါ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ပြန်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြေဧရိယာ ၇၀၉ ဒသမ ၁၄ ဧက အနက် ၉၂ ဒသမ ၆၀ ဧကကို တောင်သူ ၁၈ ဦးအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ယာယီလုပ်ကိုင်ခွင့်ပုံစံ ၃ ကို ပေးအပ်ထားခဲ့ကာ ကျန် လယ်သမားများအားလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီစစ်ရေး အဖွဲ့မှ အတည်ပြုနိုင်ရန် စိစစ်မှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
ယခုအခါ မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ တပ်မတော်မှ ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်သည့် State Land အဖြစ်သတ်မှတ်ထားပြီး စမ်းကြီးဝကွင်း မြေအကျယ် ၇၀၉ ဒသမ ၁၄ ဧက ပေါ် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် သတ်မှတ်ပုံစံ (၃) ရရှိထားခြင်း မရှိသေးသူများက လယ်ယာမြေများကိုအဆင့်ဆင့် လက်လွှဲရောင်းချခြင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဆိုလာလုပ်ငန်းဆောင်ရွက်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်ဆိုကာ ယင်းတို့ကို ဇွန်လ ၆ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ လယ်သမားများထံ အကြောင်းကြားခဲ့ပြီးနောက် ဇွန်လ ၇ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လာရောက် ဖယ်ရှားရှင်းလင်းမှုများကို ပြုလုပ်ခဲ့ကြောင်း ၊ယင်းသို့ ဖယ်ရှားရာတွင် ပုံစံ(၃) ရထားသူများ၏ လယ်တဲများ၊ ဂိုထောင်များပါ ဖယ်ရှားခံခဲ့ကြရခြင်း ဖြစ်ကြောင်းသိရသည်။
အထက်ပါအတိုင်း ဖယ်ရှားရှင်းလင်းခံရသော ပုံစံ(၃)လက်ဝယ်ရှိပြီး လက်ရှိလယ်စိုက်နေသူလယ်သမားများက ၎င်းတို့ စိုက်ပျိုးထားသည့် စပါးများနှင့်ပတ်သက်၍ ရိတ်သိမ်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ မေလနောက်ဆုံးပတ်ကအသနားခံစာတင်ပြထားခဲ့ကြောင်းလည်း သိရသည်။
ymg/BM
#YMG #Yangon_Media_Group
Page 907 of 1902