#Local_News
Published_11 May 2024


▪️ ကမ္ဘာ့ဗုဒ္ဓနေ့၊ ချီကျိနေ့အထိမ်းအမှတ်အဖြစ် မင်္ဂလာဒုံမြို့နယ်မှာ‌ မေလ(၁၂)ရက်၊ မနက်ပိုင်း၌ထမင်းဗူးတစ်ထောင်လှူဒါန်းမည်ဖြစ်ကြောင်း ပုလဲအရန်တပ်ဖွဲ့မှ သိရသည်။

 

▪️ ကဆုန်လပြည့်နေ့သည် ကမ္ဘာ့ဗုဒ္ဓနေ့ ဘုရား‌ရေ သပ္ပာယ်‌နေ့ဖြစ်ပြီး ချီကျိအသက်(၅၈)နှစ် ဗုဒ္ဓရေသပ္ပာယ်အခမ်းအနားအဖြစ်အလှူရှင်မှလှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။

 

▪️ ပုလဲအရန်တပ်ဖွဲ့အနေဖြင့် ထမင်းဗူး(၁၀၀၀)ကို ချက်ပြုတ်ပြင်ဆင်ခဲ့ပြီး ပုလဲအရန်တပ်ဖွဲ့ဝင်များ၊ ပုလဲအရန်တပ်ဖွဲ့တွင် အားကိုးခိုလုံနေရသူများ စုစုပေါင်း(၅၀၀)ဦးနှင့် နွမ်းပါးမိသားစု (၅၀၀)ဦး စုစုပေါင်း (၁၀၀၀)ဦးစာအတွက် ထမင်းဗူးများလှူမည်ဟုဆိုသည်။

 

▪️ မေလ(၁၂)ရက် မနက်ဖြန်မနက် (၁၀)နာရီတွင် ပုလဲအရန်မီးသတ်စခန်းတွင် အသားမပါ ထမင်းဘူး ဟင်း(၃)မျိုးအပါ ကုသိုလ်ပြုလှူဒါန်းသွားမည်ဖြစ်ပြီး မည်သူမဆိုလာရောက် သုံးဆောင်နိုင်ကြောင်း သိရသည်။

 

#tthl #Yangon_Times