#Local_News
Published_ 9 June 2023
ကျောင်းဖွင့်ရာသီဖြစ်လို့ စာရေးကိရိယာနဲ့ ဗလာစာအုပ်တွေရောင်းအားကောင်းနေတယ်လို့ စာရေးကိရိယာအရောင်းဒိုင်တွေထံမှ သိရပါတယ်။
#Local_News #ဗလာစာအုပ်များဈေးတက်
#YMG #Yangon_Media_Group
#Local_News
Published_ 9 June 2023
၂၀၂၃ ခုနှစ်မတ်လ ၈ ရက်နေ့မှာ ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့မနက် ၄ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။
#Local_News #အောင်ချက်၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိနေ
#YMG #Yangon_Media_Group
#Daily_News
Published_ 9 June 2023
၁။ ၂၀၂၃ တက္ကသိုလ်ဝင်တန်းစားမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိနေ
၂။ စာရေးကိရိယာများ ဈေးသိပ်မတက်ပေမည့် ဗလာစာအုပ်များဈေးတက်ပြီးပစ္စည်းပြတ်သည့်အထိရောင်းရ
၃။ အိမ်ဆောက်ပစ္စည်း လိုအပ်ချက်များနေပြီး နိုင်ငံခြားကမှာယူနေရသည့်အတွက် ဒေါ်လာစျေးမြင့်တက်နေပြီး ပြင်ပရွှေစျေးမြင့်တက်နေတာဖြစ်ဟုဆို
၄။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ဂျပန်တွင်သက်သက်လွတ်ရွေးချယ်စားသောက်စရာများ ပိုမိုချဲ့ထွင်ဖန်တီးလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_9 June 2023
ပဲခူးတိုင်းဒေသကြီး ၊ အနောက်ပိုင်း ( ပြည်ခရိုင်)ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက် (၃)လမ်းထိပ် ဟိုတယ်ခေတ္တရာအနီးရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ၈ ရက်နေ့ညနေပိုင်းက အမျိုးသမီးတစ်ဦးကိုသတ်ပြီး နေအိမ်အတွင်းရှိပစ္စည်းများ ဖောက်ထွင်းယူမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပါရမီ အဖွဲ့မှ သိရပါတယ်။
#Local_News #အမျိုးသမီးကိုသတ်ပြီးနေအိမ်ဖောက်ထွင်း
#YMG #Yangon_Media_Group
#Local_News
Published_9 June 2023
ငွေကျပ် ၁ ဒသမ ၃၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်းကျော်ကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဖမ်းမိထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
ဇွန် ၄ ရက် ည ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ မောင်းနှင်လာသည့် Express ခရီးသည်တင် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းမိုးဇာနှင့် ခွန်မြမောင်တို့ ၂ ဦး သယ်ဆောင်လာသည့် ကျောမှီမွေ့ရာများအတွင်း သိုဝှက်သယ်ဆောင်လာသော အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၈၇၂၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါသိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#ymg/BM #Local_News #၁ဒသမ၃၃ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား #YMG #Yangon_Media_Group
#Local_News
Published_9 June 2023
နောက်(၂၄)နာရီအတွင်း လေဖိအားနည်းဆဲလ်ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အားကောင်းသည့်လေဖိအားနည်းရပ်ဝန်းရှိသည့်အပြင် မုတ်သုန်အားကောင်းသဖြင့်မြန်မာ့ပင်လယ်ပြင် နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းများ ဖြစ်ပေါ်မည်။
နေပြည်တော်၊ မကွေးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း သိရသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း ထုတ်ပြန်ထားသည်။
#ymg/tthl #Local_News #ဒေသအချို့မိုးကြီးမည် #လေဖိအားနည်းရပ်ဝန်းဖြစ်မည် #YMG #Yangon_Media_Group
#Local_News
Puvlished-9 June2023
မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ထိုင်းထီ အမြင့်ဆုံးဆု ဘတ်ငွေသိန်း ၁၂၀ ဆု ဆွတ်ခူးခဲ့ကြောင်း မြန်မာလုပ်သားများကို အကူအညီပေးနေသည့် ရွေ့ပြောင်းလုပ်သားများ အကူအညီပေးရေး မဟာမိတ်အဖွဲ့ (AAC) မှ ကိုခိုင်ကြီးက ပြောကြားထားသည်။
ထိုင်းနိုင်ငံ တောင်ပိုင် သကွန်ပါနယ်မြေမှ မြန်မာလုပ်သားလူငယ်တစ်ဦးဇွန်လ၁ရက်က ထိုင်းထီပေါက်စဥ် (125 272) ခြောက်လုံးတူနှစ်ဆောင်တွဲဖြင့်ထိုင်းဘတ်သိန်းတစ်ရာ့နှစ်ဆယ် (၁၂၀)ကံထူးခဲ့ခြင်းဖြစ်ပြီး လိုင်းပေါ်မှ ထီထုတ်ပေးသည့်အဖွဲ့အစည်းများကို ဆက်သွယ်အကူအညီတောင်းရာ ၅ရက်ခန့်အကြာတွင် AAC မှ ဒါရိုက်တာ ဦးခိုင်ကြီးနှင့် တိုက်ရိုက်အဆက်အသွယ်ရခဲ့ကြောင်း သိရသည်။
"မြန်မာလုပ်သားလူငယ်လေးက ကျွန်တော်တစ်ယောက်တည်း ခြံထဲမှာအလုပ်လုပ်တာပါ။ အသိမရှိဘူးဗျာ။ သူဌေးကိုလဲ အကူအညီမတောင်းရဲဘူး။ သူဌေးက လစာလေးတောင်ပုံမှန်မပေးနိုင်ဘူးဗျာ။ သူဌေးက ခြံသူဌေးတောသူတွေဆိုတော့ အရမ်းမလည်ဘူးဗျ။ ဆုငွေထုတ်တဲ့အခါ အခက်အခဲမရှိအောင် ကူညီပေးဖို့တောင်းဆိုလာတဲ့အတွက်ဆုငွေတွေကို နေ့ချင်းပြီး အခက်အခဲမရှိ ထုတ်ပေးလိုက်ပါပြီ"ဟုကိုခိုင်ကြီးက ပြောကြားထားသည်။
ထီဆုကြီးကံထူးသည့် မြန်မာရွေ့ပြောင်းလုပ်သားဖြစ်သူက ကိုခိုင်ကြီးထံ ဗီဒီယိုဖုန်းကော ဖြင့်ဆက်သွယ်အကူအညီတောင်းခံလာ၍ ရွေ့ပြောင်းလုပ်သားများ အကူအညီပေးရေး မဟာမိတ်အဖွဲ့ (AAC) မှ ကံထူးရှင်ရှိရာသို့သွားရောက်ကာ နေ့ချင်းပြီး ထီဆုငွေကို ထုတ်ယူကာ လက်ဝယ်ပေးအပ်ခဲ့ကြောင်းဆိုသည်။
#ymg/BM #Local_News #ထိုင်းထီဆုဘတ်ငွေသိန်း၁၂၀ဆုကံထူး
#YMG #Yangon_Media_Group
Page 911 of 1902