#Local_News
Published_14 June 2023
အခြေခံလူတန်းစားများ အဓိက အားထားစားသုံးနေသည့် ကြက်ဥ၊ ဘဲဥစျေးနူန်းများမြင့်တက်နေပြီး တစ်လုံးကို အရွယ်အစားပေါ်မူတည်ပြီး အမြင့်ဆုံးငွေကျပ် ၃၀၀ ကျော်စျေးရှိနေတယ်လို့ စားသုံးသူတွေစီကသိရပါတယ်။
#YMG #Yangon_Media_Group
#Daily_News
Published_ 14 June 2023
၁။ အခြေခံလူတန်းစားများ အဓိထားစားသုံးသည့် ကြက်ဥ၊ဘဲဥစျေးများ မြင့်တက်နေပြီး တစ်လုံးကို ငွေကျပ် ၃၀၀ ကျော်ရှိနေ
၂။ ပြည်ပသို့ ကျောက်မြတ်ရတနာများ တင်ပို့သည့်အခါ နိုင်ငံတော်သို့ပေးသွင်းရသည့် ကြိုတင်ငွေ ၂ ရာခိုင်နူန်းအား လျော့ပေးဖို့ လုပ်ငန်းရှင်များ တောင်းဆိုထား
၃။ ပြည်တွင်းဆန်ထွက်ရှိမူ၏ ၂၀ ရာခိုင်နူန်းကိုသာ ပြည်ပတင်ပို့သည့်အတွက် ပြည်တွင်းဆန်စျေးအခြေအနေကို စိုးရိမ်စရာမရှိဘူးလို့ ဆန်စပါးအသင်းချုပ်ဥက္ကဌပြော
၄။ ဆိုက်ပရပ်စ်ရှိ လူသူမရောက်ကျွန်းတွင် သောင်းကျန်းနေသည့် ကြွက်များအား ဇီးကွက်များဖြင့် ဖြေရှင်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_14 June 2023
ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကို ဆွေးနွေးရယူပြီးမှ သဗ္ဗေညုဘုရားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှသိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_14 June 2023
ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်ထုတ်ခဲ့ရသည့် လုပ်ငန်းခွင်အတွင်း အတင်းအကျပ် စေခိုင်းခံနေရသော မြန်မာနိုင်ငံသား (၆) ဦးအား ဇွန်၆ရက်တွင်တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ဖိလစ်ပိုင်တွင် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည့် မြန်မာနိုင်ငံသား ၄၂ဦးအနက် ၄၁ဦးကိုမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ချက်တွင်ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City) အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးတစ်ခု၌ အတင်းအကျပ်စေခိုင်းခံနေရသည့် နိုင်ငံခြားသားများရှိကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်၍ မေလ၄ရက် ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာတွင် မြန်မာနိုင်ငံသား (၄၂) ဦး အပါအဝင် နိုင်ငံခြားသား စုစုပေါင်း (၁၁၃၇) ဦးအား ကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။
မနီလာမြို့၊ မြန်မာသံရုံးအနေဖြင့် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်ပေးရာတွင် ပါဝင်သည့် မြန်မာနိုင်ငံသား (၄၂) ဦးအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံသား (၂၀) ဦး (အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၅ ဦး) တို့အား ၂၇-၅-၂၀၂၃ ရက်တွင် ပထမအသုတ်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံသား (၁၅) ဦး (အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၉ ဦး) တို့အား ၂-၆-၂၀၂၃ ရက်တွင် ဒုတိယအသုတ်အဖြစ် လည်းကောင်း ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ယခုအခါ ကျန်ရှိသူ မြန်မာနိုင်ငံသား (၇) ဦးအနက် (၆) ဦး (အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦး)တို့အား တတိယအသုတ်အဖြစ် ၁၄-၆-၂၀၂၃ ရက်တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး၊ အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် မြန်မာသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများ၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် International Organization for Migration (IOM) တို့မှ တာဝန်ရှိသူများက မနီလာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။
ပြန်လည်ပို့ဆောင်ပေးရန် ကျန်ရှိနေသော မြန်မာနိုင်ငံသား (၁) ဦးမှာ လက်ရှိတွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ အွန်လိုင်းကုမ္ပဏီအား တရားစွဲဆိုထားသည့် အမှု၌ အခြားနိုင်ငံခြားသားအချို့နှင့်အတူ သက်သေအဖြစ် တရားရုံးတွင် ထွက်ဆိုနေရပြီး၊ ၎င်းအား တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ပြီးမှသာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
ymg/tthl
#YMG #Yangon_Media_Group
#Local_News
Published_ 14 June2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၄၆) ဦးကို ဇွန်လ၁၃ရက်(ယနေ့) စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
အဆိုပါအလုပ်သမားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ဇွန်လ၇ရက်ကလည်းကိုရီးယားသမ္မတ နိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉)ဦး၊ (၁၅၀) ဦးကိုစေလွှတ်ခဲ့ကြောင်းသိရသည်။
#ymg/BM
#Local_News #ကိုးရီးယား #EPSစနစ်ဖြင့်မြန်မာလုပ်သား၁၄၆ဦးကိုယနေ့စေလွှတ်
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
ဇွန်လ ၆ ရက်နေ့ညပိုင်းက မိုးကြိုးစက်ကွင်း ထိမှန်ခဲ့တဲ့ ဗူးဘုရားရဲ့လုံးပတ်တော်ထိခိုက်မှုကို (၃)ရက်အတွင်း အပြီးပြုပြင်နိုင်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရပါတယ်။
#Local_News #ဗူးဘုရား #ရွှေသင်္ကန်းပြန်ကပ်လှူခြင်းလုပ်ငန်း
#YMG #Yangon_Media_Group
#Local_News
Published_ 13 June 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ ဇွန် ၁၃ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၆၀ ဒေါ်ပေါက်စျေးရှိနေပြီး မနေ့ကတော့ စျေးမြင့်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေစျေးမြင့်တက် #ပြည်တွင်းရွှေစျေးကွက်
#YMG #Yangon_Media_Group
Page 904 of 1902