#Local_News
Published_08 May 2024


▪️ EVလျှပ်စစ်သုံးယာဉ် ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှုသင်တန်းကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် TTTC (ဘယ်လင်း) ၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါသင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ လျှပ်စစ်ကား၏ ဗို့အားမြင့် မောင်းနှင်ခြင်းစနစ်၊ Battery နည်းပညာ၊ ထိန်းချုပ်မှုစနစ်များ၊ Special Hand Tools၊ လျှပ်စစ်သုံးယာဉ်စနစ်တစ်ခုလုံးအတွက် ပြစ်ချက်ရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ Traction Battery ကိုဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ကိုဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့်စမ်းသပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်ဟုဆိုသည်။

 

▪️ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ၊လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဒေါက်တာအောင်ဇေယျတက်ရောက်အမှာစကားပြောခဲ့သည်။

 

▪️ ဒုတိယဝန်ကြီးက "နိုင်ငံတော်တွင် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုဖောက်ပြန်မှုလျှော့ချနိုင်ရေး၊ ကာဗွန်ကင်းစင်ရေး၊ ရုပ်ကြွင်း‌လောင်စာအသုံးပြုမှုများမှ သက်ရောက်မှုများကို လျှော့ချနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်‌ဆောင်နိုင်ရေး၊ စက်သုံးဆီအသုံးစရိတ်လျှော့ချနိုင်ရေး၊ လေထုအရည်အသွေးများကိုမြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသောလေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ ရရှိရေးတို့အတွက် EV ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာကြောင်း၊

 

▪️ ယင်းကဲ့သို့ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသော EV နည်းပညာရှင်များကို ပျိုးထောင်ပေးရန်လည်းလိုအပ်သဖြင့် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ 

 

▪️ သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးပြု EV နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ထားကာ ကြိုးပမ်းလေ့ကျင့်ကြရန်လိုအပ်ကြောင်း" တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times