#Local_News
Published_08 May 2024


▪️ မေလ ၁ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းထားသည့် အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာ ကို မေလ၇ရက်က ပြန်လည်ခွင့်ပြုသော်လည်း အသက်၂၃နှစ်မှ ၃၁နှစ်အထိ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်မရရှိသေးကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်ပေးသည့်လိုင်စင်ရအေဂျင်စီများထံက သိရသည်။

 

▪️ ဧပြီ ၃၀ရက်က အလုပ်သမားဝန်ကြီးနှင့် အေဂျင်စီများ တွေ့ဆုံရာတွင် ယခင်ခွင့်ပြုထားသည့် အလုပ်ခေါ်စာများကို စေလွှတ်ခွင့်ပြုထားပြီး မေ၁ရက်ကစပြီး အမျိုးသားလုပ်သားများကို ပြည်ပထွက်ခွာခွင့် ယာယီပိတ်ကာ အလုပ်ခေါ်စာအသစ်တွေကို လက်ခံမှုကို ယာယီရပ်ထားမည်ဟု နှုတ်ဖြင့်ပြောကြားခဲ့ရာမှ တပတ်အကြာတွင်ခေါ်စာ အသစ်များ ပြန်လည်တင်ခွင့်ပြု ကြောင်းသိရသည်။

 

▪️" အလုပ်ခေါ်စာ အသစ်တွေ တင်လို့ရတယ်။ ဒါပေမယ့် ထိုင်း အတွက် စာချုပ်ချုပ်ခွင့် တင်ထားတဲ့ အေဂျင်စီတွေကိုတော့ အလုပ်သမားဝန်ကြီးဌာနက အီးမေးကနေပေးပို့တဲ့ အကြောင်းကြားစာမှာ အမျိုးသား အသက် ၂၃နှစ်ကနေ၃၁နှစ် အထိ ကို စာချုပ်ချုပ်ခွင့်မပြုဘူး ဒါကြောင့် စာချုပ်ချုပ်ဖို့ တင်ထားတဲ့ လူစာရင်းကို ပြန်လည်ပြင်ဆင်ပြီးဌာနကို ပြန်ပို့ပေးပါလို့ အီးမေးကနေတစ်ဆင့် အကြောင်းကြားလာတယ်"ဟုလိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

 

▪️ ယခုကဲ့သို့ အမျိုးသားများ ပြည်ပအလုပ်ထွက်လုပ်ရန် အသက်ကန့်သက်ချက်မှာ ထိုင်းနိုင်ငံအတွက်သာ အကြောင်းကြားလာပြီး အခြားနိုင်ငံများ ပါ ပါရှိခြင်း ရှိမရှိကိုတော့ မသိရှိရသေးကြောင်း ယင်းကဆက်လက်ပြောကြားသည်။

 

▪️ အဆိုပါ အကြောင်းရာနှင့်ပက်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

▪️ ထိုင်းနိုင်ငံသို့လုပ်သား ပို့ဆောင်ရန် အတွက် စာချုပ်ချုပ်ခွင့်တောင်းဆိုထားသည့် လိုင်စင်ရအေဂျင်စီများ အနေဖြင့် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်အတွက် အသက်ကန့်သက်လိုက်သဖြင့် အလုပ်သမားရှာဖွေရာတွင်အခက်ခဲများ ဖြစ်စေကြောင်း သိရသည်။

 

#YMG/LW #Yangon_Times