#Local_News
Published_08 May 2024


▪️ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီး တွင် တရားမဝင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်တာကြောင့် ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။

 

▪️ မေလ ၇ ရက် နံနက် ၉နာရီ ခန့်က ဖြစ်ပွား ခဲ့ ခြင်း ဖြစ်ကာ အဆိုပါ ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၂ဦး လိုက်ပါလာခဲ့ပြီး စစ်ဆေးရေး ဂိတ်အရောက်တွင် ကားသမားက စစ်ဆေးခြင်းမခံဘဲ မောင်းပြေးရာ မှစစ်ဆေးရေး ဂိတ်နှင့် မီတာ ၅၀၀ခန့် တွင် တိမ်းမှောက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ ၁၂ဦး ထိခိုက်ဒဏ်ရာ ရကာ သုံးဦးမှာဒဏ်ရာ ပြင်းထန်ကြောင်း နှင့် ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်းသိရသည်။

 

▪️ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖို့ဖရာ‌‌ဒေသအတွင်းရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

▪️ အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ဦး ကို ဆေးကုသမှုခံယူစေပြီးပါက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင်ဖေါ်ပြထားသည်။

 

#YMG/LW #Yangon_Times