Published_ 17 October 2023
နောက်သုံးရက်အတွင်း အောက်တိုဘာလ(၂၀)ရက်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မည်ဖြစ်ပြီး ဒေသအချို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ထူးခြားသည့်အခြေအနေအဖြစ် အောက်တိုဘာလ(၁၇)ရက်နေ့လည်ပိုင်း တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် အပူပိုင်းမုန်တိုင်းငယ် တစ်ခုဖြစ်ပေါ်နေပြီး၊ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည်အနောက်မြောက် ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။
မိုးရွာသွန်းမှုအခြေအနေအဖြစ် အောက်တိုဘာလ(၁၈)ရက်မှာ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့် နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်သည်ဟုဆိုသည်။
နောက်နှစ်ရက်အတွင်း မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
Published_ 17 October 2023
မြန်မာ-မကာအိုဒုတိယပွဲစဉ်ကို ယနေ့ညနေ အောက်တိုဘာ (၁၇) ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ကန်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ၏ ဒုတိယအကျော့ပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် တရုတ်(မကာအို)အသင်းတို့၏ယှဉ်ပြိုင်မှုကို ရုပ်သံလိုင်းမှလည်းတိုက်ရိုက်ကြည့်နိုင်မည် ဖြစ်သည်ဟုဆိုသည်။
အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားကြပုံများကို ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှ စတင်၍ MRTV-HD၊ MRTV Sports Channel၊ MRTV Farmers’ Channel၊ MRTV Parliament Channel တို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည် ဖြစ်သည်။ ထိုပြင် မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တိုမှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာလက်ရွေးစင်အသင်းသည် မကာအိုအသင်းကို ပထမပွဲစဉ်အိမ်ကွင်းတွင် (၅)ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းအနေဖြင့် တရုတ် (မကာအို) တွင်ရှိသည့် အက်စ်တာဒီယို ကမ်ပို ဒက်စ်ပေါ်တီပိုအားကစားကွင်း၌ အဝေးကွင်း၌ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အဝေးကွင်းတွင်လည်းအနိုင်ရရှိသွားအောင်ကြိုးပမ်းသွားမည်ဟု မြန်မာနည်းပြချုပ်နှင့်မြန်မာလက်ရွေးအားကစားသမားတို့ကကတိပြုပြောကြားထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
နွေရာသီမှာထွက်ရှိတဲ့ စပျစ်တွေကတော့ အရည်အသွေးအကောင်းဆုံးဖြစ်တယ်လို့သိရ
ရမည်းသင်းမြို့နယ်မှာဈေးကွက် ဝယ်လိုအားများတဲ့ စပျစ်မျိုးတွေကို ပြောင်းလဲစိုက်ပျိုးလာတယ်လို့ စပျစ်စိုက်ပျိုးသူတွေဆီက သိရပါတယ်။ လတ်တလောမှာ အရည်အသွေးကောင်းစပျစ်တွေ ထွက်ရှိမယ့် ဧပြီလအတွက် အသီးဖမ်းကာလဖြစ်ပြီးစပျစ်အကိုင်းဖြတ်ချိန်ဖြစ်ပြီးပြည်တွင်း စိုက်စပျစ်တွေဟာ ရာသီမရွေးထွက်ရှိပေမယ့်လည်း မိုးရာသီမှာထွက်တဲ့စပျစ်တွေက အရည်အသွေးပိုင်းဆိုင်ရာအားနည်းချက်များရှိပါတယ် ။
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
ရေလိုအပ်နေသည့် ပဲခူးသို့ ရေဘောက်ဆာကားများဖြင့် ရေဂါလံသောင်းချီလှူဒါန်းပေးနေရ
‘ပြည့်စုံတဲ့သူတွေမှာ ရေသန့်ဝယ်ပြီး ချက်ပြုတ်ဖို့အဆင်ပြေပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ သောက်သုံးရေတွေ လိုအပ်နေတဲ့အတွက် သွားရောက်လှူဒါန်းပေးနေတာဖြစ်တယ်။ ဂါလံ၃၂၀၀ဆံ့တဲ့ ရေဘောက်ဆာကား(၃)စီးနဲ့ တစ်ရက်ကို ခုနှစ်ခေါက်စီ နေ့စဉ်သွားရောက်လှူဒါန်းပေးနေပြီး တစ်ရက်ကို ဂါလံ(၅၀၀၀၀)မှ(၆၀၀၀၀)ခန့်အထိလှူဒါန်းပေးနေတယ်’ ရှင်သန်ရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published_ 17 October 2023
မြန်မာနိုင်ငံ၌ အယ်နီညို သက်ရောက်မှုနည်းမည် ဖြစ်သည့်အတွက် စိုက်ပျိုးရေး ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအခွင့်အရေးရှိကြောင်းကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းကပြောသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ် ပို့ကုန်တိုးမြှင့်ရေး အတွက်၂၀၂၃ခုနှစ် အောက်
တိုဘာလ ၁၆ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် ၊ မင်္ဂလာခန်းမ၌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပို့ကုန်လုပ်ငန်းရှင် များ ညှိနှိုင်းအစည်းအဝေး၌ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
" ပို့ကုန်တိုးမြှင့်ရေးတွင် ဝန်ကြီးဌာန၊ ဆက်စပ်ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပထမ (၆)လတာ ကာလတွင် ပို့ကုန်တင်ပို့မှု ၄၆% သာ တင်ပို့ထားနိုင်မှုအတွက် နောက်ပိုင်းကာလများတွင် ယခုထက် ပိုမိုတင်ပို့သွားနိုင်ရန် နည်းလမ်းရှာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံတွင် အယ်နီညို သက်ရောက်မှုနည်းမည် ဖြစ်သည့်အတွက် စိုက်ပျိုးရေးထွက်ကုန်များကို အထူးသဖြင့် ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ရာဘာအပါအဝင် ပို့ကုန်များကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအခွင့်အရေးရှိပါကြောင်း၊ အလားအလာရှိသည့် ပို့ကုန်အမယ်သစ်များကို ရှာဖွေရန် အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအကြား မျှတသော အကျိုးစီးပွားဖော်ဆောင်ရန် လိုအပ်ပါကြောင်း ၊ အသင်းချုပ်နှင့် ညီနောင် အသင်းအဖွဲ့များ အနေဖြင့် ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် လက်တွေ့ကျသော ချဉ်းကပ်မှုများဖြင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ(၆)လပတ် (ဧပြီလမှ စက်တင်ဘာလအထိ) ပို့ကုန်တင်ပို့မှု ၄၆% ၊ သွင်းကုန်တင်သွင်းမှု ၅၃% ရှိခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် အနည်းငယ်လျော့နည်းလျက်ရှိပြီး၊ ယခင်ဘဏ္ဍာနှစ် ပထမ(၆)လပတ်ထက် နှိုင်းယှဉ်ကြည့်လျှင်လည်းအမေရိကန်ဒေါ်လာ (၁) ဘီလီယံခန့် လျော့နည်းလျက် ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရာဘာ၊ ချုပ်ပြီးအထည်တို့မှာ ပို့ကုန်တင်ပို့မှု အနည်းငယ်လျော့နည်းခဲ့ခြင်းမှာ ပြည်ပဝယ်လက်များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနှင့် တရားမဝင် ကုန်သွယ်မှုတို့ကြောင့်လည်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ(၆)လပတ် အတွက် ပို့ကုန် အမေရိကန်ဒေါ်လာ (၁၆.၅) ဘီလီယံ၊ သွင်းကုန် (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂.၅)ဘီလီယံ လျာထားကြောင်းသိရသည် ။
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published 17 October 2023
နိုင်ငံကူးလက်မှတ် Pjနှင့်Ps ကိုင်ဆောင်ထားသူများ စာအုပ် သက်တမ်းကုန်ပါက အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြ နိုင်မှသာ ဆက်လက်သက်တမ်း တိုး ပေးမည် ဖြစ်ကြောင်း
ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ထံသိရသည်။
Passport For Jop (PJ)နှင့်Passport For Seaman နိုင်ငံကူးလက်မှတ် အမျိုးစားများ အတွက် သက်တမ်းတိုး လာရောက် လျှောက်ထားသည့် အခါ တွင် စီ်မံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန မှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုးပေး ခြင်း လုပ်ငန်း ကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကိုအောက်တိုဘာ ၁၆ ရက် က ထုတ်ပြန်ထားသည်။
''မနေ့က ပဲခူး ပတ်စပို့ရုံးမှာ စာ အုပ် သက်တမ်းတိုး သွားလုပ်တာ လုပ်မရခဲ့ ဘူး ကိုယ်နေတဲ့ မြိုနယ်မှာ ရှိတဲ့ အကောက်ခွန်ဌာနမှာ အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် ယူခိုင်းတယ်၊ဒီနေ့ အခွန် ဦးစီးဌာနကို သွားတော့ လုပ်ငန်းဆိုင်ရာတွေ လုပ်ရအုံးမှာမို့ လကုန်မှ လာခဲ့ပါဆိုပြီး ပြောတယ်''ဟု နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်မည့် သူတစ်ဦးက ပြောသည်။
ထို့ကြောင့် Pjနှင့်Ps ကိုင်ဆောင်ထားသူများ အနေဖြင့် စာအုပ် သက်တမ်းတိုး မြင့်ရန် လာရောက်ပါက ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် တပါ တည်း ယူဆောင်လာရန် ကြိုတင် အသိပေးထားကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
ဧရာဝတီတိုင်းက ပြည်သူလူထုအခြေပြု ကျန်းမာရေးပညာပေးလုပ်ငန်းပိုင်းလော့ ပရောဂျက်ကာလအတွင်း ကျန်းမာရေးအသိများတိုးတက်လာ
'အရန်သားဖွားဆရာမ သင်တန်းပေးပြီးသား အမျိုးသမီးတွေကို ကျေးရွာခေါင်းဆောင်အနေနဲ့ရွေးချယ်ပြီး စေတနာ့ဝန်ထမ်း ငါးယောက်ကို ကျန်းမာဖွံဖြိုးမှုလုပ်သားတွေအဖြစ် ရွေးချယ်တယ် 'ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးသန်းစိန်
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Page 714 of 1918