ဘီလူးချောင်းရေကြီး၍ နေအိမ်အချို့ရေဝင်၊ချောင်းဘေးရှိ ကျေးရွာ၊ရပ်ကွက်နေထိုင်သူများ ကြိုပြောင်းသင့်
‘ ဘီလူးချောင်းဘေးရှိ အနိမ့်ပိုင်းနေအိမ်တွေကို အိမ်ထဲရေဝင်တာတွေရှိပြီး သက်ကြီးရွယ်နဲ့ သွားလာရတဲ့ ခက်ခဲသူအချို့ကို ရွှေ့ပြောင်းပေးထားပြီး ချောင်းဘေးနေအိမ်တွေ ပြောင်းရွှေ့ဖို့ အသင့်ပြင်ဆင်ထားသင့်တယ်။ မိုးဗြဲဆည်အပေါ်မူတည်တယ်’ ရွှေလွိင်ကော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
ရွှေကုန်ကြမ်း ပေါများချိန်ဖြစ်သောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျနည်းပါးပါက မြန်မာ့ရွှေဈေး ဆက်လက်ကျဆင်းနိုင်
' ကမ္ဘာ့ရွှေဈေးက တခြားဘာအနှောင့်အယှက်မှ မရှိရင် သီတင်းကျွတ်တန်ဆောင်တိုင်မှာ မြန်မာ့ရွှေဈေး အကျဆုံးအခြေအနေရောက်ပြီး တည်ငြိမ်တဲ့ရွှေဈေးနဲ့ ဆက်သွားမယ် ' မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း မှတွဲဖက်အတွင်း
ရေးမှူး ဦးကြည်စိန်
Yangon_Times/NN
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဇီဝဇိုးဌက်သိုက် ဈေးကောင်း ရရှိတာကြောင့် မွေးမြူရေးခြံများတွင် ငှက်သိုက် ခိုးခံရမှုများရှိလာ
ဇီဝဇိုးဌက်သိုက် ဈေးကောင်း ရရှိတာကြောင့် စီးပွားဖြစ် မွေးမြုသူများလာသလို မွေးမြူရေး ခြံတွေမှာလဲ ငှက်သိုက်ခိုးခံရမှုတွေလည်း ရှိလာတယ်လို့ ဇီဝဇိုးငှက် မွေး မြူ သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်ပိတ်ရက်တွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၌ ဘိုကင်များပြည့်နေ
‘ အရင်နှစ်တွေက ပြည်ပခရီးစဉ်တွေကို သွားတဲ့သူတွေကလည်း ငွေလဲနှုန်းတွေကြောင့် ပြည်တွင်းခရီးစဉ် တွေကို ပိုမိုရွေးချယ်လာတဲ့အတွက် ပုဂံ၊ချောင်းသာ၊ငွေဆောင်မှာဘိုကင်တွေနဲ့ပြည့်နေတယ်’ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်းနောင်းဟန်
Yangon_Times/tthl
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 18 October 2023
ပဲခူးတိုင်းဒေသကြီးတွင် အောက်တိုဘာလ ပထမအပတ်မှစတင်၍ မိုးသည်ထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ပဲခူးမြိုနယ်၌ အောက်တိုဘာ(၁၇)ရက်အထိ မိုးစပါး စိုက်ဧက ၈၇၀၁၂ ဧက ရေကြီးနစ်မြှုပ်ခဲ့ပြီး ပြန်ပေါ်ဧက ၇၇၈၅၄ ဧကအနက် ၃၆၂၅၉ ဧက ထိခိုက်ခဲ့ကာ ၄၇၁၆ ဧက ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာ ၁၇ ရက်က ရေကြီးနစ်မြှုပ်ခဲ့တဲ့ မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ပါတယ်။
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြိုနယ်၊ ရှမ်းရွာကြီးကျေးရွာအုပ်စုသို ရောက်ရှိ ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုလျော့နည်းစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှု အား ကြည့်ရှုခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး DY-6 ရေပေးမြောင်းမကြီးမှ ရေသွယ် မြောင်း ဖောက်လုပ်နိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများကို မှာကြားခဲ့ပါတယ်။
ပဲခူးမြိုနယ်၊ ကလိကျေးရွာအုပ်စု၊ ဥဿာစိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ် သမဝါယမအသင်း လီမိတက်သို့ ရောက်ရှိခဲ့ရာ ငါးမွေးတောင်သူများ၏ ထိခိုက်နစ်နာခဲ့မှု ကို ပြန်လည်ကုစားပေးနိုင်ရေး ဈေးကွက်ရှိပြီး စားသုံးမှုများပြားသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန် (၂) လက်မအရွယ်ငါးမျိုးများ ပြန်လည်စိုက်ထည့်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေး ခဲပြီး ရေနစ်မြှုပ်ခဲ့တဲ့ ငါးကန်များကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထို့နောက် ပဲခူးမြိုနယ်၊ အိုးဘိုကျေးရွာအုပ်စုနှင့် သနပ်ပင်မြိုနယ်၊ ဖရဲကျေးရွာအုပ်စု တို့ရှိ ရေကြီးနစ်မြှုပ်ခဲ့တဲ့ စပါးစိုက်ခင်းများအား ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုကာ မိုးစပါးရိတ်သိမ်း နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်းသီးနှံပဲတီစိမ်းစိုက် တောင်သူများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ နည်းစနစ်မှန်ကန် စေရေး၊ မိုးမွှားရောဂါကင်းရှင်းစေရေး အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့ ပါတယ်။
ပဲခူးမြို့နယ်၌ ယခင်နှစ်ကာလတူနှိုင်းယှဉ်ချက်အရ မိုးရေချိန်(၃၈)လက်မ ပိုမို ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ ရေနစ်မြုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ခေတ္တရပ်နားခဲ့ရ ပါတယ်။
ymg_mnn
#Local_News
#YMG #Yangon_Times
#Yangon_Media_Group
အုပ်စု A - ကာတာ၊ အိန္ဒိယ၊ ကူဝိတ်၊ အာဖဂန်နစ္စတန်
အုပ်စု B - ဂျပန် - ဆီးရီးယား၊ မြောက်ကိုးရီးယား၊ မြန်မာ
အုပ်စု C - တောင်ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူ
အုပ်စု D - အိုမန်၊ ကာဂျစ္စတန်၊ မလေးရှား၊ ထိုင်ဝမ်
အုပ်စု E - အီရန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ဟောင်ကောင်
အုပ်စု F - အီရတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား
အုပ်စု G - ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ပါကစ္စတန်
အုပ်စု H - ယူအေအီး၊ ဘာရိန်း၊ ယီမင်၊ နီပေါ
အုပ်စု I - သြစတြေးလျ၊ ပါလက်စတိုင်း၊ လက်ဘနွန်၊ ဘင်္ဂလားဒေ့ရှ်
နိုဝင်ဘာ ၁၆ ရက်နေ့တွင် အုပ်စုအဖွင့်ပွဲယှဥ်ပြိုင်ကစားရပါမယ်။
၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲဒုတိယအဆင့်ကန်ရမယ့်အသင်းတွေထဲက အုပ်စု ၉ ခုရဲ့ ပထမ၊ ဒုတိယ ရတဲ့ ၁၈ သင်းက ၂၀၂၆ကမ္ဘာ့ဖလား တတိယအဆင့်ကိုရောက်မှာဖြစ်သလို ၂၀၂၇အာရှဖလားကိုတိုက်ရိုက်အောင်ပါမယ်။
#Local_Support
#Published_ 18 October 2023
#Daily_News
Published_ 17 October 2023
၁။ သီတင်းကျွတ်ပိတ်ရက်များတွင် ပြည်ပခရီးသွားမည့်သူ မြင့်တက်၊ ငွေလဲနှုန်းကြောင့် မနှစ်ကထက်တော့ မပိုနိုင်ဟုဆို
၂။ ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်း အတွင်းရှိ ငါးကန်ဧက ၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟုဆို
၃။ ဧရာဝတီတိုင်းက ပြည်သူလူထုအခြေပြု ကျန်းမာရေးပညာပေး လုပ်ငန်းပိုင်းလော့ ပရောဂျက်ကာလအတွင်း ကျန်းမာရေးအသိများ တိုးတက်လာ
၄။ တရုတ်နိုင်ငံ၏ အကူအညီဖြင့်ဆောက်လုပ်သည့် ဘင်္ဂလားဒေ့ရှ်မှ လေအားလျှပ်စစ်စီမံကိန်း စတင်ဖွင့်လှစ်ကြောင်း အခမ်းအနားကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 713 of 1918