#Local_New
Published 1 February 2024
ဧရာဝတီတိုင်းဒေကြီးမှထွက်ရှိသည့် နေလှန်းဆားများကို ရန်ကုန်နှင့်မန္တလေးတိုင်းသို့ အဓိက တင်ပို့ရောင်းချနေကြောင်းဆားထုတ်လုပ်သူများထံမှသိရသည်။
အဆိုပါဒေသ၌တစ်နှစ်လျှင် ဆားတန်ချိန် တစ်သိန်းကျော်ထွက်ရှိလေ့ရှိပြီး နှစ်နှစ်ဆက်တိုက်အထွက်နှုန်းကောင်းမွန်နေပြီးလက်ရှိတွင်လည်းဈေးကောင်းရနေကြောင်းသိရသည်။
' ဒီကထွက်တဲ့ဆားကြမ်းတွေကိုရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းကိုအဓိကတင်ပို့နေတယ်၊ဆားအထွက်ကမနှစ်ကလည်းများတယ်၊ဒီနှစ်လည်းများဦးမယ်လို့မျှော်လင့်နေပါတယ်၊ ရာသီက ဆားထုတ်တာကြိုက်တဲ့ရာသီမလို့လေ၊ ဈေးလည်းကောင်းပါတယ် ' ဟု ဧရာဝတီတိုင်းမှဆားတောင်သူတစ်ဦးက ပြောသည်။
လတ်တလောတွင် ဆားချောတစ်ပိဿာ ကျပ် ၂၈၀ အထိဈေးနှုန်းရှိပြီးတစ်ပိသာလျှင်ကျပ်၅၀အထိ မြင့်တက်လာခဲ့ပြီးဆားကြမ်းတစ်ပိသာလျှင် ၁၇၀ကျပ်အထိဈေးနှုန်းရှိနေကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၁-၂၀၂၂ ဆားရာသီ၌ မိုးရွာသွန်းမှုတွေကြောင့် တန်ချိန် တစ်သိန်းခန့်သာ ထွက်ရှိခဲ့ပြီး၂၀၂၂-၂၀၂၃ ဆားရာသီမှာ ရာသီဥတုကောင်းမွန်မှုကြောင့် တန်ချိန် ၁၄၂၀၀၀ အထိ ထွက်ရှိခဲ့ကာယခုနှစ်တွင် လည်းအယ်နီညိုရာသီဥတုကြောင့်အထွက်နှုန်းဆက်လက်ကောင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon-Times
#Local_New
Published 1 February 2024
ရန်ကုန်တိုင်းဒေသကြီး သီရီမင်္ဂလာကမ္ဘာအေးစေတီတော်၏ ၇၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။
ဖေဖေါ်ဝါရီလ ၂၁ရက် မှ ၂၅ ရက် အထိ ငါးရက်ကြာကျင်းပမည်ဖြစ်ကာ ထမနဲဆွမ်းအလှူ၊ဆွမ်းတော်ကြီးအလှူ၊ဆွမ်းဆန်စိမ်းအလှူနှင့်ဗုဒ္ဓပူဇာ၊ဓမ္မပူဇာ၊သံဃာ့ပူဇာ အလှူများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖေဖေါ်ဝါရီ ၂၁ရက်မှ ၂၅ ရက်အထိ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်မည်ဖြစ်ကာ
ဖေဖေါ်ဝါရီ ၂၂ရက်နှင့်၂၃ရက် နံနက်ပိုင်း တို့တွင် ထမနဲ ထိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သီရီမင်္ဂလာကမ္ဘာအေးစေတီတော်၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ယခင်ကိုဗစ်မတိုင်ခင်က ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း ကျင်းပခဲ့သော်လည်း ယခုနှစ်မှာတော့အခြေနေအရ ပျော်ပွဲ ရွှင်ပွဲများ ထည့်သွင်းခြင်း မပြုလုပ်တော့ကြောင်း သိရသည်။
#YMG/LW #Yangon Time
#LocalNew
Published 1 February 2024
ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများ အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။
ရနောင်းခရိုင် စူခ်ဆမ်ရာစစ်ဆေးဂိတ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၇ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင်တာဝန်ရှိသူများက ဖမ်းဆီးရမိကြောင်းသိရှိရသည်။
အဆိုပါ အလုပ်သမားများသည် Border Pass ဖြင့်နယ်စပ်မှဖြတ်ကျော်ဝင်ရောက်လာကြသူများဖြစ်ပြီး ရနောင်းခရိုင်စူခ်ဆမ်ရာမြို့ နာခါကျေးရွာ အုပ်စု ၁ လှေဆိပ်မှတဆင့်ခေါ်ဆောင်လာပြီး ဖန်ငါခရိုင် သကွန်ပါမြို့ နှင့် ဖူကတ်မြို့တို့ကိုသွားရောက်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအလုပ်သမားများ က မြို့အလိုက်
ပို့ဆောင်ခ ဘတ် ၁၂၀၀၀ မှ ၃၀၀၀၀ ထိကို နေရာရောက်ပါက ပေးရမည်ဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်စူခ်ဆမ်ရာရဲစခန်းသို့ လွှဲပြောင်းပို့ထားကြောင်းသိရှိရသည်။
#YMG/LW #Yangon_Time
၃၁ ဇန်နဝါရီ ၂၀၂၄
နစက သည် အရေးပေါ်ကာလကို ခြောက်လ ထပ်မံသက်တမ်းတိုးပြီးနောက် ရာထူးနေရာအချို့ကို စတင်အပြောင်းအလဲလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးကို ကျန်းမာရေးအရ အနားယုခွင့်ပြုခဲ့ပြီး ရွေး/ကော် ဥက္ကဋ္ဌအသစ်အဖြစ် ဦးကိုကို ကိုခန့်အပ်လိုက်ပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနေရာတွင် ဦးအောင်အောင်ကို ဝန်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးသန်းဝင်းကို အနားယူခွင့်ပေးလိုက်ပြီး ဦးကျော်မျိုးထွဋ်ကို ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ဦးမျိုးလှိုင်ကိုခန့်အပ်လိုက်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးထိန်လင်းကိုခန့်အပ်လိုက်ပါတယ်။
နစက ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းကိုလည်း တာဝန်မှအနားယူခွင့်ပြုလိုက်ပါတယ်။
အဆိုပါအပြောင်းအရွှေ့များကို နစက အမိန့်အမှတ် ၉/၂၀၂၄မှ ၁၆/၂၀၂၄ တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်ပါတယ်။
အပြောင်းအလဲကြေညာမှုတွေ ဆက်တိုက်ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်မှုများရှိနေကြပါတယ်။
@ymg/knl
Nay Pyi Taw, January 31, 2024
Myanmar has extended its state of emergency for an additional six months, as declared in an official statement by the State Administration Council (SAC). The decision, reached during a session of Myanmar’s National Defence and Security Council in Nay Pyi Taw today, extends the emergency rule until July 31, 2024.
During the council meeting, Senior General Min Aung Hlaing, Chairman of the SAC and Commander in Chief, emphasized the ongoing necessity for Myanmar to attain stability, peace, and return to normalcy. He underscored that the current situation is far from normal and requires a further six-month extension to address pressing needs and initiatives.
He reaffirmed the ongoing preparations for a free and fair multi-party democracy general election and a nationwide census.
Following that, NDSC members deliberated on the current situation, analyzing it thoroughly, and subsequently endorsed another six-month emergency period.
Afterward, Acting President U Myint Swe informed the council that the state of emergency would be extended for another six months based on the consensus among its members.
Acting President U Myint Swe, Vice President U Henry Van Thio, Commander-in-Chief Senior General Min Aung Hlaing, Deputy Commander-in-Chief Vice Senior General Soe Win, Union Minister for Defence Admiral Tin Aung San, Union Minister for Home Affairs Lieutenant General Yar Pyae, Union Minister for Foreign Affairs U Than Swe, and Union Minister for Border Affairs Lieutenant General Tun Tun Naung were present at the council meeting.
Additionally, SAC Secretary Lieutenant General Aung Lin Dway and Joint Secretary Lieutenant General Ye Win Oo participated in the meeting as special invitees.
@ymg/knl
#Daily_News
Published_ 31 January 2024
၁။ ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦး နှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့
၂။ ပုဂံဘုရားများ မိုးကြိုးလွှဲတပ်ခြင်းကို အမွေအနှစ်မထိခိုက်အောင် Guide line ချမှတ်ဆောင်ရွက်နေ၍မစိုးရိမ်ကြရန်ပြော
၃။ ဝင်းစိန်တောရ ဆရာတော်ကြီး၏ သက်တော် (၁၀၃)နှစ်မြောက် မွေးနေ့ပူဇော်ပွဲအခမ်းအနား ကျင်းပသွားမည်
၄။ မက္ကဆီကိုဘက်မှအမေရိကန်သို့တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူများအား အမေရိကန်နယ်စပ်ကာကွယ်ရေးမှစံချိန်တင်ဖမ်းဆီးရမိခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၃၁ ဇန်နဝါရီ ၂၀၂၄
နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်းနစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယနေ့ဇန်နဝါရီ (၃၁)ရက်နေ့တွင် နေပြည်တော် နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင်ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄)တွင် သက်တမ်း(၆)လတိုးကြောင်း ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံသက်တမ်း တိုးထားသည့် ၆ လ တာကာလအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန် များထမ်းဆောင်ခဲ့မှုအခြေအနေများ၊ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများရှိနယ်မြေများ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့မှုအခြေအနေများ၊တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ၌ မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်မှုများရှိခြင်းကြောင့်
နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံအားတည်ငြိမ်အေးချမ်းသည့်ပုံမှန်အနေအထား၊သာမန်အနေအထားသို့ရောက်အောင် ဆက်လက် ဆောင်ရွက်ရန်လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့်အချက်များကို အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် အခြေအနေများနှင့်ပတ်သက်၍ တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
အဲဒီနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ . အထူးဖိတ်ကြားထားသူများကဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြပြီး ထပ်မံ၍ ၆ လသက်တမ်းတိုးမြှင့်ရန်အတွက်ထောက်ခံ ဆွေးနွေးတင်ပြခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးတွင်ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ များအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များအားလုံး၏သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေ အနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကိုအမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါတယ်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊အထူးဖိတ်ကြား ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး တို့ တက်ရောက်ခဲ့ကြပါတယ်။
@ymg/knl
Page 711 of 2117