သီတင်းကျွတ်ပွဲတော်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ခရီးသွားတွေအတွက် မြင်းလှည်းအစီးရေ (၁၃၀)ကျော်ဝန်းကျင်ခန့်နဲ့ ဝန်ဆောင်မှုပေးနေပြီး ရိုးရာဓလေ့ချစ်မြတ်နိုးသူတွေအနေနဲ့ စီးနင်းမှုများပြားနေဆဲ ဖြစ်တယ်လို့ ပုဂံမြင်းလှည်းအသင်းက သိရပါတယ်။
#Local_News
Published 18 October 2024
#ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ #ပုဂံမြင်းလှည်း
#YMG/NN #Yangon_Times
ရွှေတိဂုံစေတီတော်ကြီးမှာ သီတင်းကျွတ်အဖိတ်နေ့နဲ့လပြည့်နေ့တို့မှာ မီးစေတီပူဇော်ပွဲ၊ ဆီမီး(၁၀၀၀၀)ပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့နဲ့ ဆွမ်းသိမ်းအောင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 October 2024
#ဆွမ်းသိမ်းအောင်ပွဲကျင်းပ #ရွှေတိဂုံစေတီ
#YMG/tthl #Yangon_Times
၁၇ အောက်တိုဘာ ၂၀၂၄
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနှင့်စစ်ပွဲတွေမှာ ဗြိတိန်နိုင်ငံဟာ မျိုးစေ့ချခဲ့တယ်လို့ ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ တရုတ်သံတမန်က ပြောဆိုခဲ့တဲ့အကြောင်း CCTV သတင်းတစ်ရပ်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင် တတိယကော်မတီ ဆွေးနွေးပွဲမှာ တရုတ်သံတမန်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် တိုင်းပင်း Dai Bing က တရုတ်နိုင်ငံအပေါ် အမေရိကန်နှင့်ဗြိတိန်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲချက်ကို ပြန်လည် တုန့်ပြန် ပြောဆိုခဲ့တာဖြစ်ပါတယ်။
"အမေရိကန် နှင့် ဗြိတိန် တို့တွင် လူ့အခွင့်အရေးအခြေအနေများသည် နိုင်ငံတကာလူ့အသိုက်အဝန်း၏ အာရုံစိုက် စရာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဂါဇာတွင် အရပ်သားပြည်သူ ၄၀,၀၀၀ ကျော်သေဆုံးခြင်းကို မျက်ကွယ် ပြုမမြင်ချင်ယောင်ဆောင်ခဲ့ကာ ပြည်တွင်း၌ ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် ဖိနှိပ်ခဲ့ ပါတယ်၊ ပြည်ပသို့လည်း လက်နက်များပေးပို့ကာ ပဋိပက္ခများ ပိုမိုဆိုးရွားအောင် လုပ်ခဲ့ပါ တယ်။အရှေ့အလယ် ပိုင်းတွင် လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးဆိုးကြီးအတွက်လည်း အမေရိကန်နိုင်ငံတွင် အသေအချာတာဝန် ရှိနေပါတယ်။ဗြိတိန်ဟာ နှစ်ပေါင်းရာကျော် ကိုလိုနီပြုအုပ်စိုးခဲ့စဉ်အတွင်း ကမ္ဘာတစ်လွှားမှာ အားလုံးသော ရာဇဝတ်မှုအမျိုးမျိုးကိုကျူးလွန်ခဲ့တယ်။ ပါလက်စတိုင်းနှင့်အစ္စရေးတွေအကြား၊ပြီးတော့ ဆူဒန်နှင့်မြန်မာနိုင်ငံ တွေ အပါအဝင် စစ်ပွဲတွေနှင့် ပဋိပက္ခတွေအများစုကို ဗြိတိန်က မျိုးစေ့ချခဲ့တာဖြစ်တယ်။ ဒီကနေ့မှာလည်း အဲဒီမီးတောက်ကိုထပ်ပြီးမီးလောင်ရာလေပင့်နေတယ်။ဒီပြဿနာတွေအားလုံးအတွက်အပြည့်အဝတာဝန်ရှိတယ်။ အမေရိကန်၊ဗြိတိန်နှင့် အနောက်နိုင်ငံအချို့ဟာ အစ္စလမ်ကြောက်ရောဂါနှင့် အာရှမုန်းတီးရေးတွေကိုပျံ့နှံ့သွား အောင်လုပ်နေတယ်။ လူနည်းစုတိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ ကန့်သတ်တာတွေဆက်လုပ်နေတယ်။ သူတို့ကိုယ်သူတို့ လူ့အခွင့်အရေးချန်ပီယံလို့ပြောနေတာတွေဟာ တကယ့်ကို ကြောင်သူတော်တွေပဲဖြစ်တယ်"လို့ သူကပြောခဲ့ပါတယ်။
သီတင်းကျွတ်အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်နှလုံးအေးချမ်းကြပါစေ
YMG မိသားစု
#Local_News
Published 16 October 2024
▪️ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝင်ခွင့်များလျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့လျှောက်ထားရာတွင် သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်း ၊သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်း၊ သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်းများအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သို့တက်ရောက်လိုသူ ရဟန်းတော်များသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟ စာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် ၃၀ နှစ်၊ သိက္ခာ ၁၀ ဝါ အောက်ရှိရမည့် ရဟန်း/သာမဏေများနှင့် သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့နှင့် စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် ၃၅ နှစ်၊ သိက္ခာ ၁၅ ဝါအောက် ရှိရမည့် ရဟန်း/ သာမဏေများ လျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် အစိုးရ ပထမကြီးတန်းနှင့်ညီမျှသော ဝိနည်းဆိုင်ရာ(၅)ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ (၅) ပုစ္ဆာနှင့် အထွေထွေဗဟုသုတ(၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
▪️ သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/ သာမဏေများမှာမူ သာသနတက္ကသီလဓမ္မာစရိယတန်း(စတုတ္ထနှစ်)နှင့်ညီမျှသည့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ၊ (ခ) ဝါကျသဒ္ဒါ၊ (ဂ) အဓိပ္ပာယတ္ထ၊ (ဃ) ခေတ်လေ့လာနည်းအားဖြင့် (၁၀)ပုစ္ဆာဖြေဆိုရမည် ဖြစ်ကြောင်း ၊ ဒုတိယနေ့တွင်မူ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀)ပုစ္ဆာဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် (တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ)စတင်ထုတ်ပေးသွားမည် ဖြစ်ပြီး ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ တက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ကြောင်း သိရသည်။
▪️ အသေးစိတ်သိရှိလိုသော အချက်များကို နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး ဖုန်း ၀၉-၅၄၀ဝ၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး ဖုန်း ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 October 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးတွင် သီတင်းကျွတ်ဈေးပွဲတော်ကိုယနေ့ စတင်၍ ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သီတင်းကျွတ်ဈေးပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိမနက် ၉ နာရီ မှ ည ၉ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ၀န်ကြီးများရုံး Heritage Market Indoor & Outdoor တွင် ပြုလုပ်သွားမည်ဖြစ်သည်။
▪️ ပွဲတော်၌ လူသုံးကုန်ပစ္စည်း များ ၊Fashion များ၊ တားရော့ဆိုင်များ၊ အစားအသောက်များ၊ ရိုးရာ handmade များ၊ လက်၀တ်ရတနာများ၊ ၀န်ဆောင်မှုများ၊ ကလေးပစ္စည်းဆိုင်များနှင့် အခြားသောထုတ်ကုန်များစွာ ပါ၀င်ကြောင်း သိရသည်။
▪️ ထို့အပြင် စားသောက်တန်းများမှာလည်း စားပွဲထိုင်ခုံများနှင့် ပါ၀င်ထားသည့်အပြင်အခမဲ့ မြည်းစား၍ရတဲ့ ဆိုင်များလည်းပါရှိကြောင်း ပွဲတော်၌ စားသောက်ကုန်၊ လူသုံးကုန်နှင့် အထွေထွေကုန်ပစ္စည်းမျိုးစုံတို့ကို ဆိုင်ခန်းပေါင်း ၈၀ ခန့်ဖြင့် ပြသဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရသည်။
▪️ ထို့အပြင် ဖျော်ဖြေရေးများအဖြစ် လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ ညနေခင်းများတွင် အနုပညာရှင်များမှအက၊ အဆို performance များဖြင့် အခမဲ့ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည့်အပြင် စျေးပွဲလာပရိသတ်များ ပါ၀င်၍ရသည့် ဂိမ်းပြိုင်ပွဲများကိုလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၅ အောက်တိုဘာ ၂၀၂၄
မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ ထိန်းသိမ်းရမယ့် ပြည်တွင်းရေး လျှို့ဝှက်ချက်တွေ အလွယ်တကူပေါက်ကြားစေခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန် ပြောကြားလိုက်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း(၉)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် ဗီဒီယိုမိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြော ကြားခဲ့တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့ သမိုင်းထဲက လို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှုလွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမယ့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူပေါက်ကြားစေခဲ့ ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မည်သည့်အစိုးရဆိုပြီး အတိအကျပြောမသွားသော်လည်း ဒုတိယအကြိမ် ဒီမိုကရေစီ အစိုးရ သက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီအဖြစ် နိုင်ငံရေးအာဏာရယူခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့ အစိုးရအာဏာပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကိုလွဲမှားစွာကျင့်သုံးခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အပြစ်တင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်းအဲဒီအချိန်က အစိုးရရဲ့ မဲမသမာမှုလုပ်ရပ်များဟာ အလွန်အကျည်းတန်စွာ မြန်မာ့သမိုင်းစဉ်မှာ အမည်းစက်ကြီး အဖြစ် ကျန်ရစ်ခဲ့တာအားလုံးသိပြီးဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါတီစုံ ပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုလိုက်ပြီး နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေရောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော့်အနေနှင့်ရွေးကောက်ပွဲ ကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကိုတွက်ဆပြီး လုံခြုံရေး ကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို သက်ဆိုင်ရာ EAO များကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက လက်ရှိလုံခြုံရေးအခြေအနေနှင့်ဆက်စပ်ပြီး ပြောကြားပါတယ်။ လာမည့် ၂၀၂၅ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပါတယ်။
သန်းခေါင်စာရင်းကောက်ယူပြီးဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ်ကဏ္ဍများမှာ EAO များရော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကပါလုံခြုံရေးအသိ၊ လုံခြုံရေးအမြင်များထားရှိပြီး ကိုယ်စီကိုယ်စီတစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့နဲ့ နိုင်ငံ့သားကောင်းစိတ်ဓာတ်တို့ကို ပြသကြဖို့ လည်း ဗိုလ်ချုပ်မှူး ကြီးက မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုသွားပါတယ်။
#ymg/knl
Page 715 of 2482