ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ MSMEထုတ်ကုန်သီတင်းကျွတ်ဈေးရောင်း ပွဲတော်နဲ့ဂီတပွဲတော်ကို(၃)ရက်တိုင်တိုင်ကျင်းပဖို့ရှိပြီး ဆိုင်ခန်း(၄၂၀)ခန့် ရောင်းချပေးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 12 October 2024
#ပြည်သူ့ရင်ပြင် #သီတင်းကျွတ်ပွဲတော်
#YMG/tthl #Yangon_Times
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စက်တင်ဘာလအတွင်း ဒေါ်လာသန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ဆန်နဲ့ ဆန်ကွဲတန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး အခုဘဏ္ဍာနှစ်အတွင်းမှာ တော့ တန်ချိန်အများဆုံးနဲ့ ပို့ကုန်ဝင်ငွေအများဆုံးရရှိထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 12 October 2024
#ဆန်နှင့်ဆန်ကွဲ #ပို့ကုန်ဝင်ငွေအများဆုံးရရှိ
#YMG/NN #Yangon_Times
သီတင်းကျွတ်အထူးရထားအနေနဲ့ အောက်တိုဘာလ(၁၅)ရက်မှာ ရန်ကုန်-ပြည်(အဆန်)၊ ရန်ကုန်-မော်လမြိုင်(အဆန်)၊ မော်လမြိုင်-ရန်ကုန်(အစုန်)နဲ့အောက်တိုဘာလ(၂၀)ရက်မှာတော့ ပြည်-ရန်ကုန် (အစုန်)၊ ရန်ကုန်-မော်လမြိုင် (အဆန်)၊ မော်လမြိုင်-ရန်ကုန် (အစုန်)ကိုပြေးဆွဲပေးမှာဖြစ်ပါတယ်လို့ သိရပါတယ်။
#Local_News
Published 12 October 2024
#သီတင်းကျွတ်ပိတ်ရက် #အထူးရထားများပြေးဆွဲ
#YMG/tthl #Yangon_Times
#Local_News
Published 12 October 2024
▪️ သာကေတမြို့နယ်၌ ဓာတ်တိုင်အသစ်များစိုက်ထူရန် ရပ်ကွက်အချို့၌ ယာယီမီးပြတ်သွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဌာနမှ သိရသည်။
▪️ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီ မှ နေ့လယ် ၂နာရီအထိ 33kV သာကေတ မြင်တော်သာဖီဒါကို ဓာတ်အားပိတ်၍(Shutdown) ဧရာဝဏ်လမ်း တလျောက်(မြင်တော်သာလမ်းမှ အဝိုင်းထိ) လမ်းတိုးချဲ့နှင့် မလွတ်ကင်းသော ဓာတ်တိုင်များအားရွေ့ရန်အတွက် ဓာတ်တိုင်အသစ်များစိုက်ထူခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ထူပါရုံ ၊ အနော်မာ၊ ၂တောင်၊ ၆ အနောက်၊ ရ အရှေ့၊ ၇အနောက်၊ ၈၊၉၊ ၁၀တောင်နှင့် ၁၀မြောက်ရပ်ကွက်များတွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း အသိပေးထားသည်။
#YMG/NN #Yangon_Times
#Local_News
Published_ 12 October 2024
▪️ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာသစ်သီးဝလံထွက်ကုန်များ ဝယ်ယူလိုသည့် အာဆီယံ-တရုတ်နိုင်ငံများမှ လုပ်ငန်းရှင်များနှင့်လက်တွဲ၍ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုကို မြှင့်တင်သွားလိုကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောကြားခဲ့ပါတယ်။
▪️ တရုတ်ပြည်နိုင်ငံ၊ ပေကျင်းမြို့၊ Xinfadi Wholesale Market ရှိ Xinfadi Agricultural Expo Conference Center ၌ အောက်တိုဘာ ၁၁ ရက်တွင် ကျင်းပပြုလုပ်တဲ့ အာဆီယံ-တရုတ် (Xinfadi) စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
▪️ မြန်မာသံအမတ်ကြီးက အာဆီယံနှင့်တရုတ်နိုင်ငံတို့အကြား စိုက်ပျိုး/မွေးမြူရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ၊ ပြည်သူများအတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေသည့် စိုက်ပျိုးရေး နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာစီမံကိန်းများကြောင့် နှစ်ဦးနှစ်ဘက် ရလဒ်ကောင်းများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ လက်ရှိတွင် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုဆိုင်ရာ သဘောတူညီမှုစာချုပ်များ လက်မှတ်ရေးထိုးပြီး တင်ပို့ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာထွက်ကုန်များနှင့် အရည်အသွေး ပြည့်မီသော ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေးအတွက် MSMEs လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေတယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။
▪️ စိုက်ပျိုးရေးနည်းပညာဆိုင်ရာ အသိပညာနှင့်စျေးကွက် လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် အာဆီယံနှင့်တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများ၊ နည်းပညာ နှင့်ပညာရှင်များအား အရည်အသွေးမြင့် ထုတ်ကုန်များနှင့် အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် အတွေ့အကြုံများမျှဝေပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
▪️ အဆိုပါအခမ်းအနားသို့ တရုတ်နှင့်အာဆီယံနိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုစုပေါင်း (၂၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

#Ymg_mnn #Yangon_Media_Group
#Local_News
Published_ 12 October 2024
▪️ မြန်မာ့မီးရထားမှ သီတင်းကျွတ်ကာလအတွင်း ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်- ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများဖြင့် အောက်တိုဘာ ၁၅ ရက်နှင့် ၂၀ ရက်တို့တွင် တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
▪️ သီတင်းကျွတ်ရုံးပိတ်ရက်ကာလ နယ်သို့ပြန်ကြမယ့် ခရီးသွားပြည်သူများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ဖို့ မြန်မာ့မီးရထားက တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ အထူးရထားများအပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှု အပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးနေတဲ့ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက် ပြေးဆွဲပေးသွားမယ်လို့လည်း သိရပါတယ်။
▪️ ခရီးသွားများအနေဖြင့် အထက်တန်းလက်မှတ်ကို သုံးရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမှာဖြစ်ပြီး၊ ရထားလက်မှတ်ခနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးတဲ့ ရထားများအတိုင်း ဖြစ်ပါတယ်။
#Ymg_mnn #Yangon_Media_Group
#Daily_News
Published 11 October 2024
၁။ သီတင်းကျွတ်ခရီးစဉ်အဖြစ်မွန်ပြည်နယ်၊ ကျိုက်ထီးရိုး၊ ကျိုက္ခမီကို သွားရောက်သူအများဆုံးဖြစ်လာ
၂။ တပ်ကုန်းမြို့နယ်နေ ရေဘေးသင့်ပြည်သူများအတွက် (၃၅)သိန်းတန်နေအိမ်(၄၉)လုံးလှူမည်
၃။ စက်သုံးဆီအားလုံးဈေးတက်၊ 92တစ်လီတာ ကျပ်၃၀၀၀ကျော်ပြန်ဖြစ်လာ
၄။ စစ်ပွဲဟူသည်အဆိုးရွားဆုံးနှင့် မလိုအပ်ဆုံးအရာဖြစ်သည်ဟု အကယ်ဒမီဆုရအစ္စရေးလ်ရုပ်ရှင်ဒါရိုက်တာပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 719 of 2482