ဇန်နဝါရီလ ၂၆ ရက်နေ့ရဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဇန်နဝါရီလ ၂၅ ရက်နေ့ကထက် ကျပ်တစ်ရာကျော် မြင့်တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်တဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
ဒေသ(၉)ခု၌ ဆောင်းမိုးထစ်ချုန်းရွာဦးမည်။ "စစ်ကိုင်းအထက်ပိုင်း၊ အောက်ပိုင်းနှင့်တနင်္သာရီ၊ ကချင် ၊ချင်း၊ ရှမ်း(မြောက်နှင့် အရှေ့)၊ ကရင်နှင့် မွန်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်။ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်နိုင်တယ်" မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon Times/tthl
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 26 January 2024
ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင် ပန်းခြံကြားမြေအောက်လမ်းကူးလူသွား ဥမင် (Underpass) အဆောက်အဦတည်ဆောက်လျက်ရှိပြီးတည်ဆောက်မှု၊ ပြီးစီးမှုရာခိုင်နှုန်း(၃၀) ရှိပြီဖြစ်ကြောင်းမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ စီမံကိန်း၏ ခန့်မှန်းလျာထားကာလ မှာ ၁၄ လခန့် ကြာမြင့်မည်ဖြစ်ပြီး ၂၃ ပေအကျယ်ရှိသည့် မြေအောက်လမ်းကူး လူသွား ဥမင်သီးသန့်အဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။
ယခုတည်ဆောက်နေသည့် မြေအောက်လမ်းကူး လူသွား ဥမင်သည်တစ်နာရီလျှင် လူဦးရေ ၁၄,၀၀၀ ဦး ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကာ ရွေ့လျား စက်လှေကားလေးစင်းနှင့် မသန်စွမ်း သူများ အသုံးပြုရန် ၁၀ ယောက်စီး ဓာတ်လှေကား နှစ်စင်းပါရှိကြောင်းသိရသည်။
ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေပြီး သက်သောင့်သက်သာ ဖြတ်သန်း သွားလာနိုင်ရေးနှင့် ခေတ်မီ အခြေခံအဆောက်အဦ တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ဆောင်ရွက်ရေး၊ လုပ်ငန်းဆောင်ရွက်နေစဉ် ယာဉ် ကြော ကျပ်တည်းမှုမရှိစေရေး နှင့် လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 26 January 2024
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅/၅) နှင့် (၃၅/၆) ကြားတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီ ၂၆ရက် နံနက် ၇နာရီ ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ သံဃာ(၃)ပါး၊ အမျိုးသား (၅)ဦးနှင့် ကလေးငယ် ကျား(၁)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်း(၁၇)ဦးအနက် (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ တို့အား 192 သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 26 January 2024
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အေးအတူ၊ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးအတွက် အရေးပါသောအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။
တရုတ်နိုင်ငံ၏ သမ္မတကြီး ရှီကျင့်ဖျင်ကတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေး၌ အရေးပါသောအမှာစကားအဖြစ် "အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းသည် တရုတ်သံတမန်ဆက်ဆံရေး၏ မြင့်မြတ် သော ရည်မှန်းချက် ဖြစ်သည်ဟု အလေးပေးပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အရေးပါအဖွဲ့ဝင်ဖြစ်ကြောင်း ပြောကြားခဲ့သည်"ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihongကတရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် တန်းတူညီမျှဖြစ်ပြီး စနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုတင်ပြခဲ့ကြောင်း၊
၊ တရုတ်-မြန်မာဆက်ဆံရေးသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်မှ တိုးတက်မှုအသစ်များရရှိခဲ့ကြောင်း၊
“Belt and Road” ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွက် ခေတ်၏အနှစ်သာရသစ်များ တိုးများလာစေကြောင်း၊ မိမိတို့သည် ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေး၏စိတ်ဓာတ်ကို ကျင့်သုံးပြီး တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာဆက်ဆံသည့် အစဉ်အလာကို ပြန့်ပွားစေမည်ဖြစ်ကြောင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း ဟူသည့် အိမ်နီးချင်း သံတမန်ဆက်ဆံရေးမူဝါဒကို လက်တွေ့ဖော်ဆောင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု ခိုင်ခံ့နက်ရှိုင်းလာစေရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်သံရုံး ယဉ်ကျေးမှုဌာန၊ စီးပွားရေးဌာနတို့မှ လူငယ်သံတမန်များက တရုတ်-မြန်မာ ပြည်သူအချင်းချင်း ကူးလူးဖလှယ်ရေး၊ စီးပွားရေးနှင့် ပြည်သူအကျိုးပြုပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှုသည် သမိုင်းကြာရှည်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူ့အကျိုးပြု လုပ်ငန်းများအတွက် ကူညီပေးမှုသည် အခြေခံအဆောက်အအုံ၊ သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချခြင်း၊ အများပြည်သူကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်၍ ချမ်းသာကြွယ်ဝလာခြင်း စသည့် ကဏ္ဍများပါဝင်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှု၊ စီးပွားရေး၊ ပြည်သူ့အကျိုးပြု စသည့်ကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသည့် လက်တွေ့ကျကျ အကျိုးကျေးဇူးများသယ်ဆောင်လာပေးကာ အတူတကွဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မီဒီယာကိုယ်စားလှယ်များက တရုတ်-မြန်မာချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ခဲ့ကြပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းခဲ့ကာ တရုတ်-မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများနှလုံးသားထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေကြောင်း၊ လက်ရှိတွင် ကမ္ဘာကြီးသည် ကြီးမားသော စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရပြီး သတင်းတုသတင်းမှားများစွာ ပျံ့နှံ့နေကြောင်း၊ မီဒီယာများက တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်ကာ တရုတ်-မြန်မာချစ်ကြည်ရေး အကြောင်းအရာများကို ပြန့်ပွားစေပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးထမ်းဆောင်ပေးလိုကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်မြို့၌ ကျင်းပခဲ့သည့်တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်၊ မြန်မာ့အလင်း၊ The Global New Light of Myanmar၊ စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ Myanmar Insider၊ One News စသည့် မြန်မာမီဒီယာပေါင်း ၁၀ ခုကျော် နှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာ ကိုယ်စားလှယ်များနှင့် သံရုံးမှ လူငယ်သံတမန်များအပါအဝင် စုစုပေါင်း လူ ၃၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 25 January 2024
၁။ ညပိုင်းအေး၍ ရာသီတုပ်ကွေးနှင့် ကိုဗစ်အဖြစ်များနေ၊ ကိုဗစ်က ရာသီတုပ်ကွေးဆန်လာဟုဆို
၂။ သင်္ကြန်ကာလအတွက် ဥရောပနှင့် ဒေသတွင်း ပြည်ပခရီးစဉ်များ ရောင်းချရမှု များပြားနေသော်လည်း ကိုဗစ်မတိုင်မီကာလကို မမှီသေးဟုဆို
၃။ တောင်သူများ အရှုံးသက်သာဈေးစေရန် အတွက် ဒေသပေါက်ဈေးအတိုင်းပေးပြီး မြေပဲတောင့် တန်၇၀၀ကျော် ၀ယ်ယူနိုင်ခဲ့ဟုဆို
၄။ တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးဘီးစက်ဘီးများ အမေရိကန်မှ မှာယူသူအလွန်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ငွေကြေးနဲ့ ရွှေဈေးကွက်ထဲမှာ ဒေါ်လာနဲ့ ရွှေဈေးကစားသူအချို့ကြောင့် ရွှေဈေးစံချိန်တင်မြင့်တက်လာတဲ့ အတွက် ထိန်းသိမ်း ရောင်းဝယ်ကြဖို့ ရွှေအသင်းက သတိပေးလာတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က
သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 722 of 2116