#Local_News
Published 25 April 2025
▪️ ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့အချိန်အခါမဟုတ် မိုးရွာသွန်းမည့်အပြင် နေရာကွက်၍ မိုးကြီးနိုင် သောကြောင့် မြေပြိုမှုများသတိပြုရန်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ မြန်မာစံတော်ချိန် ၆နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်းဧပြီ လ ၂၈ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်း ဒေသအနှံ့အပြား၌ မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
▪️ ထိုသို့ရွာသွန်းရာတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း သိရသည်။
▪️ ထို့အပြင် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 April 2025
▪️ ကမ္ဘာ့ရွှေဈေးသည် ယနေ့တစ်ရက်ထဲကို တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၀နီးပါး အထိ ကျဆင်းလာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
▪️ ယနေ့မနက်အစောပိုင်းက ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၃၃၄၈ဒေါ်လာအထိ ရှိခဲ့ရာမှ နေ့လယ်ပိုင်းတွင် ၃၃၁၉ဒေါ်လာအထိကျဆင်းလာကာ တစ်အောင်စလျှင် ၁၉ ဒေါ်လာအထိကျဆင်းလာကြောင်း သိရသည်။
▪️ ထိုသို့ကျဆင်းသော်လည်းပြင်ပ ရွှေဈေးများကျဆင်းခြင်းမရှိသေးဘဲ ယနေ့ နေ့လယ်ပိုင်းအချိန်အထိ ကျဆင်းလာခြင်းမရှိသေးဘဲ မနက်ပိုင်းနည်းတူ တစ်ကျပ်သားလျှင် ၇၄သိန်း၇သောင်းကျပ်အထိသာ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံခြားငွေလဲနှုန်းမှာမူ ဒေါ်လာဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၄,၄၀၀ကျပ်ဖြင့် ငြိမ်သက်နေပြီး ကမ္ဘာ့ရွှေဈေးကြောင့်သာ ယခုလအတွင်း ပြည်တွင်းရွှေ ဈေးတက်လာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူများကသုံးသပ်ထားသည်။
▪️ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏
ဓာတ်သတ္တု(ရွှေ )ရည်ညွှန်းစျေးမှာ တစ်ကျပ်သားလျှင် ၅၆သိန်း ၆သောင်း ကျပ်အထိဈေးနှုန်းရှိနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 April 2025
▪️ ဧရာဝတီဖောင်ဒေးရှင်းသို့ ခိုင်သင်းကြည်မှ ငွေကျပ် သိန်း (၁၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ခိုင်သင်းကြည်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဝ်ိုင်းဝန်းကူညီပေးလျက်ရှိသော ဧရာဝတီဖောင်ဒေးရှင်းသို့ ဦးခန့်နိုင် + သရုပ်ဆောင် ခိုင်သင်းကြည် မှ (၂၃) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အလှူအဖြစ် ငွေကျပ် သိန်း (၁၀၀) ကို ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆတက်ထမ်းပိုးပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟု ဖောင်ဒေးရှင်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဝေမျှထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 24 Apirl 2025
၁။ ငလျင်ပြီး တစ်လခန့်အကြာထိ လူဦးရေနှစ်သန်းအရေးပေါ်အကူအညီများ အလွန်အမင်းလိုအပ်နေဆဲဖြစ်
၂။ စိုက်/မွေး (သိပ္ပံ)ကျောင်းနှင့် မြို့မဈေးပြန်လည်ဖွင့်နိုင်ရန်ဆောင်ရွက်နေ
၃။ ရန်ကုန်အပါအဝင်တိုင်းနှင့် ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာမည်
၄။ အဘူဒါဘီ၌ကျင်းပသည့် EVIS2025 ပြပွဲတွင် တရုတ် EV ကုမ္ပဏီအများအပြားပါဝင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
'မိုင်းဖုန်းဆရာတော်ကြီး ရန်ကုန်၌ ဒေသစာရီလှည့်လည် ' မိုင်းဖုန်းဆရာတော်ကြီးရဲ့ငလျင်ဘေးသင့်ခဲ့တဲ့ တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း၊ နေပြ
ည်တော်မြို့တွေကို သွားရောက်ကူညီထောက်ပံ့တဲ့ လှူဒါန်းခြင်းခရီးစဉ်အတွင်း ရန်ကုန်မြို့ကိုပါ ကြွရောက်ပြီး ဒေသစာရီလှည့်လည်နေပါတယ်။
#Local_News
Published 24 Apirl 2025
#မိုင်းဖုန်းဆရာတော်ကြီး #ရန်ကုန်၌ဒေသစာရီလှည့်လည်
#YMG/NN #Yangon_Times
လာမယ့်ရက်တွေမှာ ရန်ကုန်အပါအဝင်တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ နေ့အပူချိန်တွေ ပိုမိုမြင့်တက်လာနိုင်တာကြောင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်တွေနဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်တွေကို နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် ဆက်တိုက်ထုတ်ပြန်ပေးလျှက်ရှိပါတယ်။
#Local_News
Published 24 Apirl 2025
#ပြည်နယ်အချို့ #နေ့အပူချိန်များပိုမိုမြင့်တက်
#YMG/SW #Yangon_Times
ငလျင်ကြောင့်ထိခိုက်ခဲ့ရတဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား) နဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့အမှတ် (၁) မြို့မဈေးကို ပြန်လည်ပြုပြင်တာတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 24 Apirl 2025
#စိုက်/မွေး (သိပ္ပံ)ကျောင်း #မြို့မဈေးပြန်လည်ဖွင့်နိုင်ရန်ဆောင်ရွက်
#YMG/NN #Yangon_Times
Page 58 of 2049