#Local_News
Published 2 July 2026
■ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင်ကန်လမ်းမကြီးရှိ BOC ကားမှတ်တိုင်၏ အနောက်ဘက်ရှိ လက်ဆယ်ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်းMedical လူငယ်များ (ရန်ကုန်) လူမှုကူညီရေးအသင်းမှသိရသည်။
■ ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ပြီးေ-သဆုံးသူမှာ အသက် ၃၀ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ ယခုအချိန်အထိ ၎င်း၏အမည်နှင့်နေရပ်လိပ်စာကို အတည်မပြုနိုင်သေးကြောင်းကြောင်းသိရသည်။
■ Medical လူငယ်များ (ရန်ကုန်) လူမှုကူညီရေးအသင်းမှသေဆုံးသူ၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 02 July 2026
■ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အကြိုဈေးရောင်းပွဲတော်ကို ယမာန်နေ့မနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ တိုင်းသမဝါယမဦးစီးဌာနမှာ ကျင်းခဲ့ရာ ဆိုင်ခန်းပေါင်း ၄၀ ကျော်ဖြင့်ပြသရောင်းချခဲ့ကြောင်းသိရသည်။
■ အဆိုပါ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်တွင် ဒေသထွက်ကုန်များနှင့် သမဝါယမထုတ်ကုန် ဆိုင်ခန်းပေါင်း (၄၀) ခန်း၊ စတုဒိသာဆိုင်ခန်း (၁) ခန်း အပါအဝင် စုစုပေါင်းဆိုင်ခန်း (၄၁) ခန်း ပါဝင်ခင်းကျင်းပြသရောင်းချပေးခြင်းဖြစ်ပြီး ယင်းဈေးပွဲတော်၌ရောင်းချသည့် ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက်လျှော့ချပြီး ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
■ ယင်းဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
အာဆီယံလွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (AFTA) အရ တိရစ္ဆာန်အစာထုတ်လုပ်ရာတွင်အသုံးပြုမယ့် ပြောင်းဖူးကို ထိုင်းနိုင်ငံသိုါ တင်သွင်းခွင့် နှစ်လသက်တမ်းတိုးလိုက်ပြီလို့ ထိုင်းနိုင်ငံရှိ
စီးပွားရေးဝန်ကြီးဌာနမှ အခုရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန်လာပြီလို့သိရပါတယ်။
#Local_News
Published 01 July 2026
#ထိုင်းနိုင်ငံ #ပြောင်း
#YMG/NN #Yangon_Times
ရေနံနည်းစနစ်ကျတွင်း (Standard Well)များ တူးဖော်ထုတ်လုပ်နိုင်ဖို့အတွက်တင်ပြလာတဲ့ ကုမ္ပဏီများကို စနစ်တကျစိစစ်ကာ လုပ်ငန်းလုပ်ကိုင်ခွင့်များ ခွင့်ပြုပေးသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ကပြောပါတယ်။
#Local_News
Published 01 July 2026
#ရေနံ
#YMG/SW #Yangon_Times
လာမယ့် ဇူလိုင်(၃)ရက်ကနေ(၁၀)ရက် ၊တစ်ပတ်တာအတွင်း ဒေသအချို့မှာမိုးကြီး၍ ရုတ်တရက် ရေကြီး၊မြေပြိုမှုများ ဖြစ်ပွားနိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ်(၁/၂၀၂၆) အရသိရပါတယ်။
#Local_News
Published 01 July 2026
#ရေကြီး
#YMG/NN #Yangon_Times
ဈေးကွက်အတွင်း မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားတဲ့ ကုန်စည်များကိုသာရောင်းချရမှာဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 01 July 2026
#ကုန်စည်
#YMG/SW #Yangon_Times
#Daily_News
Published 01 July 2026
၁။ ထိုင်းနိုင်ငံသို့ အခွန်လွတ်ပြောင်းတင်သွင်းခွင့် နှစ်လသက်တမ်းတိုး
၂။ ရေနံနည်းစနစ်ကျတွင်းများတူးဖော်ရန် ကုမ္ပဏီများကိုစိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးသွားမည်
၃။ တစ်ပတ်အတွင်းဒေသအချို့၌မိုးကြီး၍ ရုတ်တရက်ရေကြီး၊မြေပြိုမှုများဖြစ်ပွားနိုင်ဟု မိုးဇလသတိပေး
၄။ ဘောလုံးပွဲလုံခြုံရေးအတွက် တရုတ်ပြည်ထုတ်နောက်ဆုံးပေါ်စက်ရုပ်ခွေးများ မက္ကဆီကိုအသုံးပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 54 of 2477