သဘာဝအလှတရားတွေ နဲ့ ကျယ်ပြန့်လှတဲ့ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) အတွင်း နေရာအသီးသီးကို နှံစပ်စွာလည်ပတ်နိုင်ဖို့ ဥယျာဥ်အတွင်း Mini Buggy နဲ့ E Bike ငှားခြင်းဝန်ဆောင်မှုတို့ကို ထပ်တိုးဆောင်ရွက်ပေးနေပြီလို့ဆိုပါတယ်။
#Local_News
Published 18 September 2025
#Mini_Buggy #E-Bike
#YMG/NN #Yangon_Times
#Daily_News
Published 18 September 2025
၁။ တိရစ္ဆာန်ဥယျာဥ်အတွင်း Mini Buggy နှင့် E-Bike စီး၍လည်ပတ်နိုင်
၂။ “Agricultural Expo 2025” ကျင်းပမည်
၃။ ညောင်ရွှေနှင့်အင်းလေးဖောင်တော်ဦးဘုရားပွဲများ၌ အင်းသားရိုးရာခြေခတ်လှေလှော်ပြိုင်ပွဲ ကျင်းပမည်
၄။ အောက်ခံထည်ဘက်ထရီနည်းပညာပေါင်းစပ်ထုတ်လုပ်ထားသည့် BYDလျှပ်စစ်ဘတ်စ်ကား ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 September 2025
▪️ ရှမ်းပြည်နယ်မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယမာန်နေ့ညနေပိုင်းက နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သို့သွား ရောက်လေ့လာကြကြောင်း သိရသည်။
▪️ ထိုသို့လေ့လာရာတွင် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး နေပြည်တော်ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။
▪️ ကနဦးအနေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြရာ ရှင်းလင်းဆောင်၌ ဘုရားကြီးဂေါပကအဖွဲ့ဝင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော် ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့မှုများကို ရှင်းလင်းပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
▪️ ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်ခဲ့မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
▪️ ယင်းနောက် လေ့လာရေးအဖွဲ့က ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း၊
ထို့နောက် လေ့လာရေးအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကာ ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြုတည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ထွင်းထုထည့်သွင်းတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိကအဆောက်အအုံများ၊ ပုံစံငယ်များနှင့် ရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြပြီး နေပြည်တော်ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 September 2025
▪️ တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ မြန်မာ့စာတိုက်လုပ်ငန်းမှ ထုတ်ဝေခဲ့ပြီးသော မြန်မာနိုင်ငံ၌ တွေ့ရှိရသည့် လိပ်ပြာမျိုးစိတ် (၁၁)မျိုး တံဆိပ်ခေါင်းများကိုမြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုး အဖြစ်စက်တင်ဘာလ (၂၀)ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း လက်အောက်ရှိ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် အဆိုပါနေ့နံနက် ၉ နာရီခွဲမှစတင်ကာ တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်သည်။
▪️ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၂၀)ရက် (စနေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 September 2025
▪️ မလေးရှားနိုင်ငံ မနီလာမြို့ရှိ One Ayala Mall ၌ကျင်းပပြုလုပ်ခဲ့သည့်
အာဆီယံကော်ဖီနှင့်လက်ဖက်ရည် သံတမန်ပြပွဲ၌ မြန်မာ့ကော်ဖီနှင့်လက်ဖက်ရည်ရိုးရာယဉ်ကျေးမှုဓလေ့ကို ဖော်ထုတ်ပြသခဲ့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရသိရသည်။
▪️ အဆိုပါ အာဆီယံကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲ (ASEAN Coffee and Tea Diplomacy နှင့် Malaysia Tourism, Arts, Culture and Food Festival 2025) ကို စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ ထိုပြပွဲ၌ မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့ တို့ကို မြန်မာသံရုံးမှ ဖော်ထုတ်ပြနိုင်ခဲ့ကာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်နိုင်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ပြသရာတွင် မြန်မာသံရုံးအနေဖြင့် မြန်မာ့ထွက်ကုန်ဖြစ်သည့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီနှင့် Royal Myanmar Teamix တို့ကို ဈေးကွက်မိတ်ဆက်ပြသခဲ့သလို ဧည့်သည်တော်များအား မြန်မာ့လက်ဖက်ရည်ရဲ့ ထူးခြားသောအရသာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စပျစ်စိုက်ပျိုးအောင်မြင်နိုင်မယ့်တိုင်းနဲ့ပြည်နယ်တွေက မြေလွတ်/မြေရိုင်း တွေကိုဖော်ထုတ်ပြီး စပျစ်စိုက်ပျိုးခြံတည်ထောင်လိုတဲ့ တောင်သူ၊အသင်းအဖွဲ့ နဲ့ လုပ်ငန်းရှင်တွေကို ချထားဆောင်ရွက်ပေးသွားမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။
#Local_News
Published 17 September 2025
#မြေလွတ်မြေရိုင်း #စပျစ်
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီးမှာ Rice Export Zoneတွေဖော်ဆောင်သွားဖို့ ဆွေးနွေး နေတယ်လို့ အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကသိရပါတယ်။
#Local_News
Published 17 September 2025
#Rice_Export_Zone
#YMG/NN #Yangon_Times
Page 53 of 2220