ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့မှာ ရေဘေးသင့်ပြည်သူတွေအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရွေ့လျားဆေးကုခန်းတွေ ဖွင့်လှစ်ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။
#Local_News
Published 18 August 2026
#ငါးသိုင်းချောင်းမြို့ #ရေဘေးသင့်ပြည်သူ
#YMG/SW #Yangon_Times
အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်လေးလတာအတွင်း ဒေါ်လာသန်း ၁၆၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၉၉,၇၃၀ တန်အထိ တင်ပို့ထားတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စာရင်းများအရသိရပါတယ် ။
#Local_News
Published 18 August 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
#Daily_News
Published 18 August 2026
၁။ မင်္ဂလာဈေးသစ်အောက်တိုဘာလကုန်တွင်ဖွင့်လှစ်နိုင်မည်
၂။ ငါးသိုင်းချောင်းမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ရွေ့လျားဆေးကုခန်းဖွင့်လှစ်
၃။ ယခု ဘဏ္ဍာနှစ်လေးလတာအတွင်း ဒေါ်လာ (၂၃၂)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန်ခုနှစ်သိန်းနီးပါးတင်ပို့ထား
၄။ ကမ္ဘာ့ပထမဆုံး(၁၆)မဂ္ဂါဝပ်ထွက်သည့်ရေပေါ်လေစွမ်းအင်သုံးတာဘိုင် တောင်တရုတ်ပင်လယ်၌စတင်လည်ပတ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုကြောင့် ငါး၊ ပုစွန်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မွေးမြူသူများအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန် ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 18 August 2026
#ငါးမွေးမြူရေးကန်
#YMG/SW #Yangon_Times
#Local_News
Published 18 August 2026
■ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် China Textile & Garment Association (CTGA) တို့ ပူးပေါင်း၍ CMP စက်ရုံများအတွက် Pattern Making Training သင်တန်းကို ဩဂုတ်လ ၂၄ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါသင်တန်းကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (MGHRDC) တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းကဏ္ဍရှိ CMP (Cut-Make-Pack) စနစ်ဖြင့် လုပ်ကိုင်နေသည့် စက်ရုံများ၏ လက်တွေ့ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် Pattern Making နည်းပညာများကို ထိရောက်စွာ အသုံးချနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
■ သင်တန်းတွင် တရုတ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းနှင့် Pattern Making ပညာရပ်ဆိုင်ရာ အတွေ့အကြုံရှိ ကျွမ်းကျင်သင်တန်းဆရာများက CMP စက်ရုံများတွင် လက်တွေ့အသုံးချနေသည့် Pattern Making လုပ်ငန်းစဉ်များ၊ နည်းစနစ်များနှင့် ထုတ်လုပ်မှုလိုအပ်ချက်များနှင့် ကိုက်ညီသည့် လက်တွေ့ကျွမ်းကျင်မှုများကို မျှဝေသင်ကြားပေးသွားမည်ဖြစ်သည်။
■ သင်တန်းချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပြီး သင်တန်းကြေး အခမဲ့ဖြစ်ကြောင်း သိရသည်။
■ လူဦးရေကန့်သတ်ထားသည့်အတွက် တက်ရောက်လိုသူများအနေဖြင့် ဩဂုတ်လ ၁၉ ရက် နောက်ဆုံးထား၍ ၀၉ ၉၄၀၈၅၈၃၅၀ နှင့် ၀၉ ၇၉၅၄၀၅၅၈၃ တို့ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
#YMG/SW #Yangon_Times
#Local_News
Published 18 August 2026
■ ရှေးဟောင်းဝတ္ထုပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက် နိုင်ရန်နှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ မရောက်ရှိစေရေး ရည်ရွယ်၍ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများ တိုးမြှင့်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှသိရသည်။
■ အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ဩဂုတ်လ (၁၇)ရက်နေ့ ကကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ရှေးဟောင်းသုတေသန အကြံပေးပညာရှင်များနှင့်ဌာနမှအရာထမ်း၊ အမှုထမ်းများတက်ရောက်ဆွေးနွေးခဲ့ကြသည်။
■ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံရာတွင် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအလိုက် ဆုကြေးငွေများ ပေးအပ်လျက်ရှိရာ ယခင်ဆုကြေးငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့ပါသဖြင့် ခေတ်ကာလနှင့်လျော်ညီသည့် ဆုကြေးငွေနှုန်းထားတိုးမြှင့် ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
■ ထို့အပြင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်နှင့် ခေတ်ပြိုင်များ၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ဟံသာဝတီခေတ်၊ မြောက်ဦးခေတ်၊ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ပစ္စည်းအမျိုးအစားအလိုက် ခွဲခြား၍ ယခင်ဆုချီးမြှင့်ခဲ့သည့် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအပြင် ထပ်ဆောင်းတန်ဖိုးနှင့်ရှားပါးအနုပညာလက်ရာတန်ဖိုးများပါထပ်ဆောင်းချီးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအနဖြင့် မိမိတို့၏ ပတ်ဝန်းကျင်၊ လယ်ယာမြေ (သို့မဟုတ်) ရှာဖွေတွေ့ရှိထားသောပစ္စည်းများနှင့် ဝါသနာအလျောက်စုဆောင်းထိန်းသိမ်းထားရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ် အပ်နှံကြရန်နှင့်မိမိတို့၏အဖိုးတန်မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားရေးတာဝန်တစ်ရပ်နေဖြင့် ပူးပေါင်းပါဝင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်းနှိုးဆော်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
ချောင်းသာ–ငွေဆောင်ကမ်းခြေသို့လာရောက်ကြသော ဧည့်သည်များအားကမ်းခြေတွင်ရောင်းချနေသော အကင်များနှင့်အစားအစာများကို ဝယ်ယူစားသုံးရာတွင်သန့်ရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အထူးဂရုပြုကြဖို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 August 2026
#ချောင်းသာ_ငွေဆောင်ကမ်းခြေ
#YMG/NN #Yangon_Times
Page 60 of 2527