ယခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်တဲ့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာကို ကျပ်(၁၁၀)နှုန်း ထပ်မံမြင့်တက်လာတာကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဥ်ထုတ်ပြန်ပေးနေတဲ့စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 08 September 2025
#စားအုန်းဆီ
#YMG/SW #Yangon_Times
ကမ္ဘာ့ရွှေဈေးနဲ့ အတူပြည်တွင်းဈေးပါ အတက်အကျကြမ်းနေပြီး ဒီကနေ့မှာ အခေါက်ရွှေပြင်ပပေါက်ဈေး တစ်ကျပ်သားကို ကျပ်၇၈သိန်း ၆သောင်း အထိမြင့်တက်လာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 08 September 2025
#ကမ္ဘာ့ရွှေဈေး #ရွှေဈေးကွက်
#YMG/NN #Yangon_Times
#Local_News
Published 08 September 2025
▪️ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများ တွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 တွင် Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ငါးလုပ်ငန်း ဦးစီးဌာနက ယနေ့အသိပေးထုတ်ပြန်ထားသည်။
▪️ Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည့်တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော No.1 Point ZWP 16 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅မိနစ် ၂၀.၁၅၉၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၃ မိနစ် ၂၇.၃၈၄၁ စက္ကန့်၊ Point ZWP 12 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၅၂.၇၂၁၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၆ မိနစ် ၄၃.၅၄၃၅ စက္ကန့်၊ No.2 Point ZWP 17 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၁ မိနစ် ၀၄.၈၃၁၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၀ မိနစ် ၃၉.၇၇၄၈ စက္ကန့်၊ ZWP 13 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၉မိနစ် ၀၇.၈၃၃၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၉ မိနစ် ၂၂.၈၂၇၈ စက္ကန့်၊ No.3 ZWP 18 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ၀၀.၁၆၆၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅.၅၂၁၇ စက္ကန့်၊ ZWP 14 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၉ မိနစ် ၅၄.၃၂၀၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၄၅.၄၁၉၀ စက္ကန့်နှင့် Point 4 ZWP 19 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅မိနစ် ၂၄.၁၅၂၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၆ မိနစ် ၅၁.၀၀၅၆ စက္ကန့်၊ ZPQ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၂၇.၈၁၄၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၂ မိနစ် ၄၄.၂၇၈၆ စက္ကန့်တို့အတွင်းတွင် စက်တင်ဘာလ (၂၀) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈ ) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
▪️ ထို့ကြောင့် ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းများကို Heavy Lift Vessel, “HUA TIAN LONG” ၊ Pipe Lay Barge, “HUI ZHONG 301” နှင့် Dive Support Vessel “HUA XIANG LONG” ရေယာဉ်တို့ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် ထိုဖော်ပြပါတည်နေရာများမှ (၄) ကီလိုမီတာပတ် လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners ထုတ်ပြန် ကြေညာ ထားရာ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာထားသည်။
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးရှိ မြစ်ရေတင်လုပ်ငန်းများမှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါးနဲ့ အခြားသီးနှံစုစုပေါင်း ဧက၂၀၁၀၀ စိုက်ပျိုးရေပေးဝေဖို့ လျာထားဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 08 September 2025
#ဆိုလာသုံးမြစ်ရေတင်လုပ်ငန်း #နွေစပါး
#YMG/NN #Yangon_Times
ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာတဲ့ EPS လုပ်သားတွေ ထပ်မံသွားရောက် အလုပ်လုပ်ကိုင်နိုင်မယ့် ကိုရီးယားဘာသာအရည်ချင်းစစ်အထူးသီးသန့်စာမေးပွဲကျင်းပသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 08 September 2025
#EPSလုပ်သား #ကိုရီးယားနိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 08 September 2025
▪️ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင်ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာများ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနငါးလုပ်ငန်းဦးစီးဌာန မှ သတိပေးထားသည်။
▪️ အဆိုပါထုတ်ပြန်ချက်၌ စစ်တွေမြို့နယ်၊ မင်းဂံချောင်းအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၈ မိနစ်၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဖရုံဂါကျွန်း မြောက် လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်း မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြုချိုင် (ANDREW BAY) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ်မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊
ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ အမော်ချိုင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ်တွင် ကျွန်းခိုရပ်နားနိုင်ကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း (HAINGYI ISLAND) မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝကျေးရွာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါးကျွန်းမြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၁.၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၄ မိနစ်၊တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ဘုတ်ကျွန်း (MIDDLE MOSCOS) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၈ မိနစ်၊ လောင်းလုံမြို့နယ်၊ လောင်းလုံဘုတ်ကျွန်း (SOUTH MOSCOS) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ်၊ မြိတ်မြို့နယ်၊ တနင်္သာရီကျွန်း (TANINTHARYI ISLAND) မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၃၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ်၊ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်း (PYIN SA BU ISLAND) အရှေ့ဘက်ရေပြင် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၀၅ မိနစ် တွင်ကျွန်းခိုရပ်နားနိုင်သည်ဟုဆိုသည်။
▪️ ထို့အပြင် နိုင်ငံသားပိုင်ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအား ရာသီဥတုခိုလှုံခွင့်ပြုရာနေရာ သတ်မှတ်ပေးထားခြင်းမှာ မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းရှင်းလုံခြုံစွာ ကျွန်းခိုရပ်နားနိုင်ရန်အတွက် သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ရာသီဥတုခိုလှုံသည်ကိုအကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးနေသည်ကို စစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 September 2025
▪️ စက်တင်ဘာ (၇)ရက် ညပိုင်းမှ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းအထိ လအပြည့်ကြတ်ခြင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရပါတယ်။
▪️ လအပြည့်ကြတ်မည့် အဆင့်တခုတည်းကို (၁)နာရီနှင့် (၂၂) မိနစ်ကြာ မြင်တွေ့ခဲ့ပြီး လကြတ်ခြင်းဖြစ်စဉ်အစအဆုံး၏ ကြာမြင့်ချိန် (၅) နာရီ (၂၇)မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။
▪️ လစတင်ကြတ်ချိန် မှ ပြီးဆုံးချိန်အထိ အချိန်အပိုင်းအခြားအလိုက် ဖော်ပြထားပြီး၊ စက်တင်ဘာ (၇) ရက် ည(၉) နာရီ (၅၈)မိနစ်တွင်စတင် လကြတ်မည်ဖြစ်ကာ လတစ်စိတ်တစ်ပိုင်း စတင်ကြတ်ချိန် ည (၁၀)နာရီ(၅၇) မိနစ်၊ လအပြည့်စတင် ကြတ်ချိန် ည (၁၂)နာရီတိတိ၊ လအပြည့်အကြတ်ဆုံးအချိန်နံနက် (၀၀)နာရီ (၄၁)မိနစ်၊ လအပြည့်ကြတ်ခြင်း ပြီးဆုံးချိန် နံနက် (၁)နာရီ (၂၂)မိနစ်၊ လတစ်စိတ်တစ်ပိုင်းကြတ်ခြင်း ပြီးဆုံးချိန် နံနက် (၂)နာရီ (၂၆) မိ နစ်၊ လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန်မှာ စက်တင်ဘာ (၈) ရက် ၊ နံနက် (၃)နာရီ (၂၅)မိနစ်ဖြစ်ပါတယ်။
▪️ လကြတ်ချိန်အတွင်း လမှာ သွေးနီရောင်ပြောင်းသွားခဲ့ပြီး ယင်းသိူ့ပြောင်းလဲခြင်းသည် နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားချိန် နေရောင်အတွင်းပါရှိသည့်အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စသော အရောင်များမှာ လေထုအတွင်း Refr act (အလင်းယိုင်) သွားခြင်းကြောင့် ကျန်နေသည့် အနီရောင်ကသာ လပေါ်ကို ကျရောက်လာခြင်းကြောင့် အနီရောင်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။
▪️ လကြတ်ခြင်းဖြစ်စဉ်များမှာ တစိတ်တပိုင်း လကြတ်ခြင်း၊ အပြည့်လကြတ်ခြင်းရှိသည့် အလျောက် ယခုဖြစ်ပေါ်မည့် လကြတ်ခြင်းသည် အပြည့်အဝ လကြတ်ခြင်းဖြစ်သည်ဟုဆိုသည်။
▪️ တစ်နှစ်လျှင် လကြတ်ခြင်းဖြစ်စဉ် (၂) ကြိမ်မှ (၃) ကြိမ်ခန့်အထိဖြစ်ပေါ်တတ်ပြီး ယခုလကြတ်ခြင်းသည် ဒုတိယမြောက်လကြတ်ခြင်းဖြစ်ပါတယ်။
Page 64 of 2220