#Local_News
Published 14 June 2025
▪️ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင်မြန်မာနိုင်ငံသားအများအတွက်ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာစိစစ်လက်ခံမည့်စနစ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ထောက်ခံစာလျှောက်ထားခြင်းနှင့် ပြည်ဝင်ဗီဇာလျှောက်ထားခြင်းစသည့် ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုများ ကို အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာဖြည့်စွက်၍ တိုက်ရိုက်လျှောက်ထားနိုင်သည့်စနစ်အား https://consularservicesmyanmarcgla.org/အင်တာနက်စာမျက်နှာမှတစ်ဆင့် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ထားသည်။
▪️ အွန်လိုင်းကောင်စစ်ဝန်ဆောင်မှု ရယူလိုသူများအနေဖြင့် သက်ဆိုင်ရာလျှောက်လွှာများအလိုက် အွန်လိုင်း ဖောင်တွင်ဖြည့်စွက်၍ ကောင်စစ်ဝန်ချုပ်ရုံးသို့ တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် လျှောက်လွှာများအား ကောင်စစ်ဝန်ချုပ်ရုံးမှ အတည်ပြုကြောင်း လျှောက်ထားသူများထံသို့ အဆိုပါစနစ်မှတစ်ဆင့်ပြန်လည် အကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း၊ စိစစ်အတည်ပြုချက်ရရှိပြီးသော လျှောက်လွှာရှင်များအနေဖြင့် လိုအပ်သည့်နိုင်ငံကူးလက်မှတ်၊ ဓါတ်ပုံ၊ Money Order နှင့် Return Envelope များအား ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_14 June 2025
▪️ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ကော့ဘော်ကျေးရွာ အတွင်းသို့ KNLA အဖွဲ့ နှင့် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကော့ဘော်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် ရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊အဆိုပါထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Yangon_Times/PP
#Daily_News
Published 13 June 2025
၁။ စက်သုံးဆီဈေးအားလုံးတက်ရိပ်ပြ
၂။ အွန်လိုင်းရွှေရောင်းသူများကို ငွေစုစာအုပ်အပြင် ကံစမ်းမဲဖောက်ရောင်းချခြင်းမပြုရန်အသိပေး
၃။ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေဝယ်/ ရောင်း/ လဲလှယ်ခြင်းများကို အရေးယူရန် အရှိန်မြှင့်လုပ်ဆောင်မည်
၄။ ၂၀၂၅ တရုတ် အင်တာနက်အစည်းအဝေးညီလာခံ၌ AI စနစ်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ပေါက်ကြားနိုင်သည့်အန္တရာယ်အကြောင်းစိုးရိမ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_13 June 2025
▪️ KNU အဖွဲ့မှအချို့နှင့် PDF များက အရပ်ဘက်မော်တော်ယာဉ်တစ်စီးကို မိုင်းထောင်ဖောက်ခွဲမှု ကျိုက်ထိုမြို့နယ်တွင် ဖြစ်ပွားခဲ့၍ ၄ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့ ဇွန်လ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှ ကျိုက်ထိုမြို့ဘက်သို့ ထွက်ခွာလာသည့် ယာဉ်မောင်းမျိုးမင်းခန့် မောင်းနှင်ပြီး ခရီးသွားပြည်သူအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ စီးနင်းလိုက်ပါလာသော WISH အမျိုးအစား မော်တော်ယာဉ်ကိုဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကား လမ်း၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
▪️ ယင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တာဝန်ရှိသူများက ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်အပေါ် အွန်လိုင်းမီဒီယာအချို့က တပ်မတော်ယာဉ် တန်းကို မိုင်းဆွဲတိုက်ခိုက်စဉ် အရပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ် ၁ စီး မိုင်းစထိမှန်ခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝါဒဖြန့် သတင်းမှားထုတ်ပြန်လျက်ရှိကြောင်းလည်း သိရသည်။
#Yangon_Times/PP
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့မုတ်သုံမိုးရာသီ ရောက်ရှိလာတာနဲ့အမျှ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေအတွက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 13 June 2025
#ကမ္ဘာ့ကျန်းမာရေးအဖွဲ့ #ကြိုတင်ကာကွယ်ရေးများတိုးမြှင့်ဆောင်ရွက်
#YMG/SW #Yangon_Times
တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းများ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ထိရောက်စွာအရေးယူနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ယမန်နေ့ကမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားပါတယ်။
#Local_News
Published 13 June 2025
#နိုင်ငံခြားငွေဝယ်/ရောင်း #တရားဝင်လိုင်စင်မရှိဘဲ
#YMG/SW #Yangon_Times
အွန်လိုင်းကနေ ရွှေရောင်းဝယ်သူတွေအနေနဲ့ ငွေစုစာအုပ်နဲ့ ရွှေရောင်းတာ၊ တာလီစနစ်နဲ့ရောင်းချခြင်း၊ ကံစမ်းမဲဖောက်ပြီး ရောင်းချတာတွေ မပြုလုပ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အသိပေးလိုက်ပါတယ်။
#Local_News
Published 13 June 2025
#အွန်လိုင်းရွှေရောင်းသူ #ကံစမ်းမဲဖောက်ရောင်းချခြင်းမပြုရန်အသိပေး
#YMG/NN #Yangon_Times
Page 68 of 2122