#Local_News
Published 16 June 2026
■ မြန်မာ – တရုတ်နှစ်နိုင်ငံအကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ ပူးတွဲမြှင့်တင်ရေး၊ အောင်ဆန်းအား ကစား ကွင်း ပြန်လည်တည်ဆောက်ရေးအကူအညီပေးမှု အပါအဝင် နားလည်မှုစာချွန်လွှာ ၁၈ ခု ကို ယနေ့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
■ ယင်းကို တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်တို့၏ ရှေ့မှောက်၌ နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ စာချွန်လွှာများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့အကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(Global Security Initiative-GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရများအကြား ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ (Global Civilization Initiative-GCI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative-GDI) အကောင်အထည်ဖော်ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(၂၀၂၆) အတွက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ပါဝင်ကြောင်း သိရသည်။
■ အလားတူ အောင်ဆန်းအားကစားကွင်းသစ် ပြန်လည်တည်ဆောက်ခြင်းစီမံကိန်းဆောင်ရွက်ရန်အတွက် အကူအညီပေး ရေးဆိုင်ရာစာလွှာ၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းသား ဆေးဖက်ဝင်အပင်များ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သော ငှက်ပျောသီးများ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသုံးရန် ရေထွက်တိရစ္ဆာန်များ တင်ပို့ခြင်းဆိုင်ရာ ကန့်သတ်စစ်ဆေးရေးနှင့် သန့်ရှင်းရေးလိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်၊ မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများလည်းပါဝင်ကြောင်း သိရသည်။
■ ယင်းနောက် တရုတ်-မြန်မာ သိပ္ပံနှင့် နည်းပညာ ပြည်သူချင်းဖလှယ်ရေးအစီအစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ် ယန္တရား နားလည်မှု စာချွန်လွှာ၊ ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနှင့် အွန်လိုင်းအသံ/ရုပ် ဝန်ဆောင်မှုများ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် နားလည်မှု စာချွန်လွှာ၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ယှဉ်ပြိုင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ လွတ်လပ်သော ကုန်သွယ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြေငလျင်ဘေးအရေးပေါ်လူသားချင်းစာနာထောက်ထားမှု နည်းပညာအကူအညီ လွှဲပြောင်းပေးအပ်ခြင်းနှင့် လက်ခံရေးဆိုင်ရာ စာချွန်လွှာ၊ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနှင့် အသိပညာဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာတို့လည်း ပါဝင်ကြောင်း သိရသည်။
■ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဇွန် ၁၆ ရက်(ယနေ့) ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ပေကျင်းမြို့ရှိ The Great Hall ခန်းမ၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုခဲ့ကာ အထူးဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းလည်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 16 June 2026
■ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲနှင့်အောင်လက်မှတ်ဆက်ကပ်ပွဲ ကို ဇွန်လ ၁၅ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုငိးမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၌ ကျင်းပခဲ့ရာ သီတဂူအဓိပတိ ဆရာတော်ကြီး ကြွရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
■ ကျေးဇူးတော်ရှင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ၊အဘိဓဇမဟာရဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၊သောဠသမရွှေကျင်သာသနာပိုင်၊သီတဂူအဓိပတိဆရာတော်ကြီးအမှူးပြုသော ပါမောက္ခကထိက သင်ကြားစီမံဆရာတော်များနှင့်တကွ
ကျောင်းသား၊ကျောင်းသူများ၊ဧည့်ပရိတ်သတ်အားလုံးတို့က နမောတသမဟာပဏာမ သုံးကြိမ်ရွတ်ဆိုဘုရားရှစ်ခိုး၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြကြောင်းသိရသည်။
■ ထို့နောက် ရတနာမြတ်သုံးပါးအမှူးထား၍ ကျေးဇူးတော်ရှင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ သီတဂူအဓိပတိဆရာတော်ကြီးအားပါမောက္ခကထိက သင်ကြားစီမံဆရာတော် များနှင့်တကွ တပည့်ဒါယိကာ ၊ဒါယိကာမများက ဩကာသကန်တော့ချိုးဖြင့် ညီညာဖျဖျရှိခိုးကန်တော့၍ အဓိပတိဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
■ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏သင်ကြားစီမံအဖွဲ့ဥက္ကဌ ပညာရေးမှုးဆရာတော် ဒေါက်တာအရှင်ပညောဘာသ -က သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဆိုင်ရာ နှင့်ကျောင်းသားစာရင်း အကျဉ်းချုပ်တို့ကို ရှင်းလင်းတင်ပြလျှောက်ထားခဲ့ပြီး ပညာသင်ယူနေကြသော ကျောင်းသားများလိုက်နာ သိရှိရန်စည်းမျဉ်းစည်းကမ်းများကိုသီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏သင်ကြားစီမံအဖွဲ့ဒုတိယ ဥက္ကဌ၊အုပ်ချုပ်ရေးမှုး ဆရာတော်ပါမောက္ခ ဒေါက်တာအရှင်ကောဝိဒ သိရီ-ကဖတ်ကြားလျှောက်ထားခဲ့သည်။
■ ထို့နောက်၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် Buddha-dhamma Diploma အောင်မြင်ခဲ့ကြသည့် ရဟန်းတော်များ ၊သီလရှင်ဆရာလေးများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာဗုဒ္ဓဓမ္မပါဒကဒီပလိုမာနှင့်အဆင့်မြင့်ဗုဒ္ဓဒီပလိုမာ အောင်မြင်ခဲ့ကြသည့် သင်တန်းသူ၊သင်တန်းသားများအား သီတဂူအဓိပတိဆရာတော်ကြီးမှ အောင်လက်မှတ်များချီးမြှင့်ပေးခဲ့ပြီး အလှူရှင်များ ကသီတဂူအဓိပတိဆရာတော်ကြီးအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကာ ဆရာတော်ကြီးမှ ကျပ်ငွေသိန်း၁၂၀တန်ဖိုးရှိ မိတ္တူကူးစက်အလှုရှင် ဦးဉာဏ်ဝင်း+ဒေါ်မြမြ၊သမီးမငယ်အား ဂုဏ်ပြုလွှာ
ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
■ ၎င်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ၊အဘိဓဇမဟာရဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ၊သောဠသမရွှေကျင်သာသနာပိုင်၊သီတဂူအဓိပတိဆရာတော်ကြီးထံမှ ဩဝါဒကထာနာကြားပြီး လှုဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကာ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၏၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲနှင့်အောင်လက်မှတ်ဆက်ကပ်ပွဲအောင်မြင်စွာပြီးဆုံးခဲ့ပြီး သီတဂူအဓိဌာန် ညီညာစွာရွတ်ဆိုလျှက်အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပြီး အလှူရှင်များမှ စာရေးကိရိယာများနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
■ အဆိုပါ အခမ်းအနားတွင်သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၏
Diploma in Buddha Dhamma Course (2024- 2026 Academic Year)
Diploma in Buddha's Teaching Course (2024-2026 Academic Year)
Advanced Study of Buddha Dhamma Course (2025-2026 Academic Year) ကို အောင်မြင်ပြီး ကျောင်းသား/သူတို့အား အောင်လက်မှတ် ဆက်ကပ်/ ချီးမြှင့်ခြင်း ဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 June 2026
■ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား စဉ်ဆက်မပြတ် ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
■ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။
■ ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချနေသော စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှုရှိ၊ မရှိ၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိ၊ မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ၊ မရှိတို့အား ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် လစဉ် ရှောင်တခင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်တွင် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်လေးဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အရည်အသွေးပြည့်မီမှု မရှိခြင်း၊ အခြင်အတွယ်ပြည့်မီမှုမရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုမရှိခြင်းများကို စစ်ဆေးတွေ့ရှိရပါကရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ပြည်တွင်းပဲမျိုးစုံဈေးကွက်မှာ မြေပဲဆံဈေးနှုန်းများတက်လာတယ်လို့ ကုန်စည်ဒိုင်များထံမှ သိရပါတယ်။
#Local_News
Published 14 June 2026
#ပဲမျိုးစုံ #မြေပဲဆံ
#YMG/SW #Yangon_Times
အမျိုးသားစီမံကိန်းဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းနိုင်ဖို အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ဒဿမ၁ ဘီလီယံလျာထားဆောင်ရွက်နေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်
တင်ရေးအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 13 June 2026
#အမျိုးသားစီမံကိန်းဥပဒေ
#YMG/NN #Yangon_Times
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့စားအုန်းဆီရည်ညွန်းဈေးမှာ တစ်ပိသာကို ကျပ် ၇၃၀၀ သာရှိသော်လည်း ပြင်ပပေါက်ဈေး ၁၃၀၀၀ကျပ်အထိရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
#Local_News
Published 13 June 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
တစ်နိုင်ငံလုံးတွင် ဒူးရင်းစိုက်ဧက ၂၇,၀၀၀ ကျော်စိုက်ပျိုးထားတယ်လို့ မြန်မာနိုင်ငံဒူးရင်းသီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း က
သိရပါတယ် ။
#Local_News
Published 13 June 2026
#ဒူးရင်း
#YMG/NN #Yangon_Times
Page 71 of 2477