ငှက်ပျောပင်မှတဆင့် လူသုံးကုန်အမျိုးမျိုးကို ထုတ်လုပ်လျှက်ရှိရာ အဆိုပါ လူသုံးကုန် ထုတ်လုပ်တဲ့သင်တန်းတွေကို မြန်မာနိုင်ငံတစ်ဝန်း ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ငှက်ပျောထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချတဲ့Green Banana Myanmar မှ သိရပါတယ်။
#Local_News
Published 16 June 2026
#ငှက်ပျောပင် #လူသုံးကုန်
#YMG/SW #Yangon_Times
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမာန်နေ့ မွန်းလွဲ (၁) နာရီက ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပခဲ့ပါတယ်။
#Local_News
Published 16 June 2026
#ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
#YMG/NN #Yangon_Times
#Daily_News
Published 16 June 2026
၁။ စွန့်ပစ်အသီးအနှံအမှိုက်များမှ သဘာဝမြေဩဇာထုတ်လုပ်ရောင်းချ
၂။ တရုတ်သို့ဝဥတင်ပို့ရန် MOUရေးထိုး၊သစ်သီးဝလံများတင်ပို့ရေးဆွေးနွေး
၃။ ငှက်ပျောပင်မှ လူသုံးကုန်များထုတ်လုပ်ရန် သင်တန်းပေးနေ
၄။ မက္ကဆီကို၌ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းပရိသတ်များကိုသယ်ယူပို့ဆောင်ပေးမည့် တရုတ်ပြည်ထုတ်ရထားများ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်တို့ ယနေ့ မွန်းလွဲပိုင်းအချိန်တွင်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
■ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အနေဖြင့် ယနေ့ နံနက် မှ မွန်းလွဲပိုင်းထိ
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ MOU ၁၈ ခုရေးထိုးခြင်းနှင့် တီယန်အန်မင်ရင်ပြင်တွင် လွမ်းသူပန်းခွေချ ဂုဏ်ပြုခြင်း။
■ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့်ပါ တွေ့ဆုံဆွေးနွေးခြင်းတို့ကိုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
Published_16 June 2026
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေး မှုကို ယနေ့ နံနက်က တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
The Great Hall ခန်းမသို့ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ရောက်ရှိလာသည့် သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုတပ်ဖွဲ့က အမြှောက် ၂၁ ချက် ပစ်ဖောက်၍ ဂုဏ်ပြုကြိုဆိုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကြိုဆိုပြီးနောက် တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှု ခံယူပြီးနောက် နှစ်နိုင်ငံသမ္မတများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုများကို YMG က ထပ်မံဖော်ပြမည် ဖြစ်ပါသည်။
Yangon_Times/PP
#Local_News
Published 16 June 2026
■ တရုတ်နိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ တီယန်အန်မင်ရင်ပြင် (Tiananmen Square) ရှိ သူရဲကောင်းဗိမာန်တွင် ယနေ့
မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့် အချိန်လွမ်းသူပန်းခွေချ၍ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
■ ရင်ပြင်သို့ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီးနောက် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ဂုဏ်ပြုခဲ့ကြကြောင်း။နိုင်ငံတော်သမ္မတက ကျဆုံးလေပြီးသော တရုတ်ပြည်သူ့ သူရဲကောင်းများအား လွမ်းသူပန်းခွေချ ဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။
■ တီယန်အန်မင်ရင်ပြင်ဆိုသည်မှာ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသမ္မတများနှင့် နိုင်ငံ့ခေါင်းဆောင်များ လာရောက်ပန်းခွေချကာ ဂုဏ်ပြုရသည့်နေရာလည်းဖြစ်ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 16 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် လ၁၆ ရက် နေ့လယ်ပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress - NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိ (Zhao Leji) အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံအကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
■ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သည် တရုတ်နိုင်ငံ၏ အမြင့်ဆုံးနိုင်ငံတော်အာဏာပိုင် ဥပဒေပြုအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်၏ အရေးကြီးသော ဥပဒေများ၊ မူဝါဒများနှင့် အမျိုးသားအဆင့် ဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်ပေးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
#YMG/PP #Yangon_Times
Page 70 of 2477