#Local_News
Published 6 August 2026

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြိုရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်အရ သိရသည်။

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် (Anutin Charnvirakul) ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့နံနက်ပိုင်းက နေပြည်တော်မှ ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ဗန်ကောက်မြို့၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

■ လေဆိပ်သို့ရောက်ရှိစဉ် ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုခြင်းနှင့် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခြင်းတိုဖြင့် နိုင်ငံ့အကြီးအကဲတစ်ဦးအား ကြိုဆိုသည့် ထုံးစံအတိုင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

YMG/Yangon-Times