#Local_News
Published 17 June 2025
▪️ မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒေသကြီးရှိမြို့နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲများကို ပြန်လည်ဖြေဆိုလျှက်ရှိရာ ယမန်နေ့က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၈၀၄၅ ဦး ပြန်လည်ဖြေဆိုနေကြောင်း သိရသည်။
▪️ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန ၂၅ ခု၊ စာရင်းရှိ ၈၂၀၅ ဦး၊ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၈၀၄၅ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ဒသမ ၀၅ ဖြစ်ပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း- အလုံတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၂၄၄ ဦးနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၄၉၆ ဦး ဖြေဆိုလျက်ရှိသည်။
▪️ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမာန် နေ့မနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း-အလုံနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ သတ်မှတ်ကျောင်းဆောင်များ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့အဖြစ် မြန်မာဘာသာရပ် ပြန်လည်ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 June 2025
▪️ အိန္ဒိယနိုင်ငံတွင် တတိယအကြိမ်မြောက် ဉတ္တာပရာဒေ့ရှ်ပြည်နယ်၏ နိုင်ငံတကာကုန်စည်ပြပွဲ (3rd Edition UP International Trade Show) ပြပွဲ ကျင်းပမည်ဖြစ်ရာ တက်ရောက်လိုသည့်လုပ်ငန်းရှင်များအနေဖြင့်ဇူလိုင်လ၁၅ရက်နောက်ဆုံးထားစာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
▪️ အိန္ဒိယနိုင်ငံ၊ ဉတ္တာပရာဒေ့ရှ်ပြည်နယ် (UP) အစိုးရ၏ဦးဆောင်မှုဖြင့် UP ပြည်နယ်၊ Greater Noida မြို့ရှိ အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲစင်တာတွင် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ “3rd Edition UP International Trade Show” ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း ၊လာရောက်မည့်ကုန်သည်ဝယ်လက်များအတွက် ကုမ္ပဏီတစ်ခုလျှင် တစ်ဦးနှုန်းဖြင့် လေယာဉ်စရိတ် (Economy Class)၊ ၂ ည တည်းခိုနေထိုင်စရိတ်၊ လေဆိပ်ကြိုဆို ပို့ဆောင်ခြင်းနှင့် ပြပွဲကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို ပြပွဲကျင်းပသူက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
▪️ ပြည်ပဝယ်လက်များအနေဖြင့် http://www.fieo.org/UPITS2025 တွင် အချက်အလက်ပြည့်စုံစွာဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသည့် ပြည်ပဝယ်လက်များအနက် ရွေးချယ်ခံ ရသူများစာရင်းကို စိစစ်ရွေးချယ်ရေးကော်မတီက သြဂုတ်လလယ်မတိုင်မီတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ UP ITS 2025 တွင် UP ပြည်နယ်၏ နိုင်ငံတကာဈေးကွက်တွင် အလားအလာရှိသော ထုတ်ကုန်ပစ္စည်းမျိုးစုံကို ပြသသွားမည်ဖြစ်ပြီးကုန်သွယ်မှုနှင့်နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း၊
▪️ ပြပွဲတွင် အဓိကပါဝင်မည်ကဏ္ဍများမှာ စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် ဆည်မြောင်းစနစ်ကဏ္ဍ၊ မော်တော်ယာဉ်၊ EV နှင့်မော်တော်ယာဉ်အစိတ်အပိုင်းများကဏ္ဍ၊ တိုင်းရင်းဆေးဝါးကဏ္ဍ၊ အီလက်ထရွန်နစ်ပစ္စည်းများကဏ္ဍ၊ အင်ဂျင်နီယာနှင့်ထုတ်ကုန်ပစ္စည်းများကဏ္ဍ၊ အရုပ်ထုတ်လုပ်မှုကဏ္ဍ၊ အထည်အလိပ်ကဏ္ဍ၊ လူသုံးကုန်ပစ္စည်းများကဏ္ဍ၊ အစားအစာနှင့်အဖျော်ယမကာကဏ္ဍ၊ မှန် ထည်လုပ်ငန်းကဏ္ဍ၊ လက်မှုပညာပစ္စည်းများကဏ္ဍ၊ အိုင်တီနည်းပညာနှင့်ဆော့ဝဲလ်များကဏ္ဍ၊ သားရေထုတ်ကုန်ပစ္စည်းများကဏ္ဍ၊ ဆေးဝါးများနှင့်ဆေးရုံသုံးပစ္စည်းများကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍနှင့်အားကစားပစ္စည်းများ စသည့်ကဏ္ဍ မျိုးစုံပါဝင်မည်ဖြစ်ပါကြောင်း သိရသည်။
▪️ အဆိုပါတတိယအကြိမ်မြောက် ဉတ္တာပရာဒေ့ရှ်ပြည်နယ်၏ နိုင်ငံတကာကုန်စည်ပြပွဲ (3rd Edition UP International Trade Show) သို့ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းရန် စိတ်ဝင်စားမှုရှိသော ကုန်သည်ဝယ်လက်များ၊ သွင်းကုန်လုပ်ငန်းရှင်များမှ ပါဝင်ပြသမည်ဆိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@ gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 June 2025
▪️ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာလေးဦးအားခြင်ဆီအစားထိုးကုသခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ထိုထဲတွင်တစ်ဦးမှာသွေးပြန်ရည်ကျိတ်ကင်ဆာ (lymphoma) ရောဂါခံစားနေရသူဖြစ်ပြီး အေးခဲခြင်ဆီ (Cryopreservation) ပြုလုပ်၍ ခြင်ဆီအစားထိုးကုသမှု ပထမဆုံးဆောင်ရွက်ခဲ့သည့် လူနာဖြစ်ကြောင်း သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ်ဆောင်သစ်၊ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) ၌ ပြီးခဲ့သည့် မေလအတွင်း ခြင်ဆီကင်ဆာလူနာသုံးဦးနှင့် သွေးပြန်ရေကျိတ်ကင်ဆာလူနာတစ်ဦး စုစုပေါင်း လူနာလေးဦးအား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ လူနာလေးဦးတွင် လူနာသုံးဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်လူနာတစ်ဦးမှာလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြု ကြီး/ငယ်များ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လေးဦးစုစုပေါင်း ၁၉ ဦးကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ်သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုးကုသခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 16 June 2025
၁။ ယခုဘဏ္ဍာနှစ်စောပိုင်းတွင်ပြည်ပသို့ဆန်၊ ဆန်ကွဲ တန်ချိန် ၄သိန်းကျော် တင်ပို့ထား
၂။ နှစ်လအတွင်း နေလှန်းဆားပိဿာချိန်တစ်သိန်းကျော်တင်ပို့ရောင်းချ
၃။ လေးရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာသွန်းနိုင်
၄။ အိန္ဒိယလေယာဉ်ပျက်ကျရသည့် ဖြစ်နိုင်ဖွယ်အကြောင်းအရင်းအား တရုတ်လေယာဉ်ပညာရှင်သုံးသပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 June 2025
▪️ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထား မှတ်သားနိုင်စေရန် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၄၀၀ ကျပ်တန် (၂၀၀ x ၁၂) စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ တံဆိပ်ခေါင်းသစ်အား ဇွန် (၂၀) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၀)ရက် (သောကြာနေ့) နံနက်(၉)နာရီခွဲ မှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတို က်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇွန် (၂၀) ရက် (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းကိုယ်စားပြုမြန်မာ့သိုင်းလက်ရွေးစင်တွေ ရွေးချယ်ဖို့ ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ရန်ကုန်မြို့မှာသုံးရက်ကြာ ကျင်းပပြုလုပ်နေရာ သိုင်းအားကစားသမား ၃၆၀ကျော် ဝင်ရောက် ယှဉ်ပြိင်နေတယ်လို့
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 16 June 2025
#သိုင်းလက်ရွေးစင်ရွေးချယ်ပြိုင်ပွဲ #သိုင်းသမား၃၆၀ကျော်ဝင်ရောက်ယှဉ်ပြိုင်
#YMG/NN #Yangon_Times
#Local_News
Published 16 June 2025
▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၌ ယခုမနက်အစောပိုင်း လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။
▪️ ဇွန်၁၆ ရက်နေ့၊ မနက်၇နာရီ ၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များပျက်စီးမှုဖြစ်ပွားကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ် အချို့၌လည်း ယနေ့ညပိုင်းအထိခန့်မှန်းချက်အရနေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေ ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့ မနက်ပိုင်းက
အကြံပြုထားသည်။
#YMG/NN #Yangon_Times
Page 65 of 2122