ဧရာဝတီတိုင်းဒေသကြီး၌ ငါး/ပုစွန်မွေးမြူရေးကန် ဧက တစ်သိန်းခုနှစ်သောင်းကျော်ဖြင့် အများဆုံးမွေးမြူထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 09 August 2026
#ငါး_ပုစွန်မွေးမြူရေး
#YMG/NN #Yangon_Times
(၂၇) ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က အသိပေးထားပါတယ်။
#Local_News
Published 08 August 2026
#ဂျပန်ဘာသာ
#YMG/SW #Yangon_Times
ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတွေ သြဂုတ်လ(၁၂)ရက်ကနေ(၁၇)ရက်အတွင်းတက်လာနိုင်တာကြောင့်မြစ်ကမ်းနားနေသူထိုင်သူများ
ဘေးကင်းရာကြိုတင်ရွေ့သင့်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ်လ(၇)ရက်က အသိပေးထားပါတယ်။
#Local_News
Published 08 August 2026
#ရန်ကုန်မြစ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/NN #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဒေသတွေမှာရှိတဲ့ MPT သုံးစွဲသူတွေအတွက် အခမဲ့ဒေတာ 1GB၊ MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၀၀ နဲ့ SMS အစောင် ၁၀၀ ကို ပေးအပ်သွားမယ်လို့
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က သိရပါတယ်။
#Local_News
Published 08 August 2026
#MPT #ဧရာဝတီတိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Daily_News
Published 08 August 2026
၁။ ဧရာဝတီတိုင်း ရေဘေးသင့်ဒေသများရှိ MPT သုံးစွဲသူများကို အခမဲ့ဒေတာနှင့်ဖုန်းခေါ်ဆိုခွင့်ပေးမည်
၂။ ရန်ကုန်ထူးကဲဒီရေတက်နိုင်၍ မြစ်ကမ်းနားနေသူထိုင်သူများဘေးကင်းရာကြိုတင်ရွေ့သင့်ဟုဆို
၃။ (၂၇) ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကျင်းပမည်
၄။ (၂၀၂၆)နှစ်ဝက်အတွင်း တရုတ်၌လျှပ်စစ်ကားအားသွင်းနေရာပေါင်း(၂၃)သန်းကျော်အထိမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 August 2026
■ လာမည့်နိုဝင်ဘာလတွင်ဂျပန်နိုင်ငံတွင် ကျင်းပမည့် Lemino SHOOTO-8 ပြိုင်ပွဲတွင်
ချင်းတိုင်းရင်းသားဖိုက်တာ ထီရဲယ်ထန်သည် ဂျပန်ဖိုက်တာ ကာဝါနာမတ်စ် နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းသိရသည် ။
■ SHOOTO က ကျင်းပမည့် Lemino SHOOTO-8 ပြိုင်ပွဲသည် ဂျပန် MMA ၏ ပရိုမိုးရှင်းတစ်ခုလည်း ဖြစ်သည်။
■ အဆိုပါ Lemino SHOOTO-8 ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၂၄ ရက် နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကိုရာကူရင်ခန်းမ၌ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည် ။
■ လက်ရှိမှာ ဂျပန် MMA ပရိုမိုးရှင်း SHOOTO သည် Lemino SHOOTO-8 ပြိုင်ပွဲတွင် ပါဝင်မည့် တွဲဆိုင်းနှစ်ဆိုင်းကိုသာထုတ်ပြန်ထားပြီး ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နှင့် ထီရဲယ်ထန်တို့၏ တွဲဆိုင်းကို အစောဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။
■ ထီရဲယ်ထန် သည်အစောပိုင်းကာလများ၌ ONE Championship တွင် ထိုးသတ်ခဲ့ပြီး နောက်ပိုင်းတွင်မူ အခြား MMA ပရိုမိုးရှင်းများ၌ သွားရောက်ထိုးသတ်နေသူဖြစ်ကာ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘ၀ ၁၃ ပွဲ ထိုးသတ်ထားရာ ရှစ်ပွဲနိုင်၊ ငါးပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 August 2026
■ ရေကြီးရေလျှံမှုများ ကြောင့်သိုလှောင်ထားသည့် အစားအသောက်များသည် ကွဲအက်ပျက်စီးနိုင်ခြင်း ၊မိလ္လာ၊ အညစ်အကြေး၊ ဆီနှင့် အခြားဓာတုပစ္စည်းများ ရောနှောပါဝင်နိုင်သည့်အတွက် စနစ်တကျ စစ်ဆေးပြီးမှ စားသုံးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထားသည်။
■ ရေကြီးမှုနှင့် ထိစပ်ထားသည့် ချက်ပြုတ်ပြီး/မချက်ရသေးသည့် အစားအသောက်များ၊ ရေစိုခံနိုင်ခြင်းမရှိသည့် စက္ကူပုံးထုပ်ပိုးစာများ၊ ပေါက်ပြဲ ဖောင်းပွ သံချေးတက်နေသည့် စည်သွပ်ဘူးများနှင့် အနံ့အရောင် မကောင်းသည့် အစားအသောက်များကို မစားသုံးဘဲ စွန့်ပစ်ရန် ဖော်ပြထားသည်။
■ ထို့ပြင် လျှပ်စစ်မီးပြတ်တောက်၍ ရေခဲသေတ္တာအတွင်းရှိ အစားအသောက်များ အခန်းအပူချိန်တွင် ၄ နာရီကျော်ပါက ဆက်လက်စားသုံးရန် မသင့်တော့ကြောင်းသိရသည်။
■ ၎င်းအပြင်စားသောက်ရန် မသင့်သည့် အစားအသောက်များကို သီးခြားခွဲ၍ စနစ်တကျ စွန့်ပစ်ရန် ဖော်ပြထားသည်။
■ သို့သော် ရေနှင့်မထိစပ်သည့် အစားအသောက်များနှင့် ပျ-က်စီးမှုမရှိသည့် သန့်ရှင်းသော စည်သွပ်ဘူးများကို စားသုံးနိုင်ပြီး သောက်ရေအတွက် ရေကို ကျိုချက်ရန် သို့မဟုတ် အဖုံးမဖွင့်ရသေးသည့် သောက်ရေသန့်ဘူးနှင့် ရေသန့်ဆေးပြား (Water Tablet) များ အသုံးပြုရန်၊ မစားမီ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်အကြံပြုထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 66 of 2527