#Local_News
Published 13 June 2026
■ ဓာတ်အားလိုင်းကြိုး ကြံခိုင်ရေးအတွက် ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ စက်မှုဇုန်- လှိုင်းဘွဲ ဓာတ်အားလိုင်း များအား ယခုလ၁၄ရက်တွင် လိုင်းပိတ်ဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
■ အဆိုပါထုတ်ပြန်ချက်တွင် ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ခရိုင်၊ မြို့ ဧရိယာများတွင် စဉ်ဆက်မပြတ် ဓာတ်အားပို့ လွှတ်ဖြန့် ဖြူးပေး နိုင်ရေးအတွက် အရေး ပါသည့်ဓာတ်အားလိုင်းဖြစ်ပြီး၊ ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းအား အသေးစိတ်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျိုင်းတောင်းမြို့နယ်၊ ၁၉ မိုင် ကျေးရွာအနီး တာဝါတိုင်အမှတ် (၁၅၇ နှင့် ၁၅၈) အကြား A Phase ဓာတ်အားလိုင်းကြိုး ကြိုးလွန်းဖွာ နေခြင်း၊ တာဝါတိုင်အမှတ် (၁၁၉ နှင့် ၁၂၀) အကြား A Phase ဓာတ်အားလိုင်းကြိုး ကြိုးလွန်းပြတ်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဓာတ်အားပြတ်တောက်မှုလျော့နည်းပြီး ဓာတ်အားလွှတ်စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင် မည်ဖြစ်သည့်အတွက် ဖော်ပြပါလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်(တနင်္ဂနွေနေ့)၊ ၀၈:၀၀ နာရီမှ ၁၅:၀၀ နာရီ အထိလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကျိုင်းတောင်းဓာတ်အားပေးစက်ရုံမှ ဓာတ်အား ထုတ်လုပ်မှု (၃၄) မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်၍ ကျန်ဓာတ်အားပေးစက်ရုံ များမှ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ၁၃၂ ကေဗွီ ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်းအပြင် ၂၃၀/၆၆/၁၁ ကေဗွီ ဘားအံပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ စက်မှုဇုန်-လှိုင်းဘွဲဓာတ်အားလိုင်းကို လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေ ရေးနှင့် ဓာတ်အားကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ နံနက် (၀၈:၀၀) နာရီမှ (၁၇:၀၀) နာရီအထိ ဓာတ်အားပိတ်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆/၃၃/၁၁ ကေဗွီ လှိုင်းဘွဲ (ချမ်းသာ) ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် လှိုင်းဘွဲ ၊ ပိုင်ကျုံ၊ မြိုင်ကြီးငူ၊ ကမမောင်းမြို့တို့ရှိ မြို့ပေါ်ရပ်ကွက်အားလုံးနှင့် ကျေးရွာ(၈၃)ရွာတို့တွင် ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 13 June 2026
■ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကိုယမာန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
■ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
■ အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ကြပြီး
ကျန်းမာရေးဝန်ထမ်းများကသွေးလှူဒါန်းမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြုမှတ်တမ်းတင်နေမှုတို့ကိုကြည့်ရှုပြီး သွေးလှူရှင်များကိုအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 13 June 2026
၁။ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒဿမ ၁ ဘီလီယံ လျာထားဆောင်ရွက်နေ
၂။ စားအုန်းဆီရည်ညွန်းဈေး တစ်ပိသာကျပ်(၇၃၀၀)သတ်မှတ်သော်လည်း ပြင်ပပေါက်ဈေး ၁၃၀၀၀ကျပ်အထိရှိနေ
၃။ တစ်နိုင်ငံလုံးတွင် ဒူးရင်းစိုက်ဧက ၂၇,၀၀၀ ကျော်စိုက်ပျိုးထား
၄။ အရှေ့အလယ်ပိုင်းတင်းမာမှုများကြောင့် ဂျပန်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းလည်ပတ်မှုအခက်အခဲတိုးများစေသည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 June 2026
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မကြာမီတရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးသွားရောက် မည်ဖြစ် သည်။
■ အဆိုပါခရီးစဉ်သည် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်းလည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
#Local_News
Published 12 June 2026
■ မုတ်သုံရာသီ အတွင်း ရာသီဥတုဆိုးရွာချိန် ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသူများ ရာသီဥတုခိုလှုံနိုင်မည်နေရာများ အသိပေးထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ဦးစီးဌာနမှ အသိပေးထားသည်။
■ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်ပတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနင့် ကမ်းနီးငါးဖမ်းရေယာဉ်များအတွက် ရာသီဥတုခိုလှုံနိုင်သည့် နေရာ ၁၃ ခုကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
■ အဆိုပါနေရာများသည် ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မြို့နယ် ဧရာဝတီတိုင်း ငပုတော၊ ဘိုကလေး၊ မွန်ပြည်နယ်ရေး၊ တနင်္သာရီတိုင်း လောင်းလုံ၊မြိတ်၊ ကျွန်းစုမြို့နယ်အတွင်း၌ဖြစ်ကြောင်း သိရသည်။
■ မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒ-ဏ်လေဒ-ဏ်များ ခိုလှုံနိုင်ရန်အတွက်ရာသီဥတုခိုလှုံနိုင်သည့် နေရာများကို အသိပေးထားခြင်းဖြစ်ကာ ရာသီဥတုခိုလှုံခြင်းကိုအကြောင်းပြု၍ ကမ်းနီးဒေသအတွင်း ငါး၊ပုစွန်ဖမ်းဆီးနေသည်ကို စစ်ဆေးတွေ့ရှိပါကထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 June 2026
■ နိုင်ငံတော် လျှပ်စစ်ဓာတ်အားစနစ်၏ အစိတ်အပိုင်းဖြစ်သည့် ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှု အပိုင်းတို့တွင် ထုတ်လုပ်လျှပ်စစ်ဓါတ်အား၏ ၁၈ရာခိုင်နှုန်းကျော် ယူနစ် (၃၅၅၉ သန်း) သည် ပျှမ်းမျှအားဖြင့် နှစ်စဉ် ဆုံးရှုံးနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
■ အဆိုပါ ဆုံးရှုံးမှုများကြောင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြုးပေးနိုင်ခြင်းမရှိသည့်အပြင် နေ့စဉ်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်းဆိုထားသည်။
■ ထို့အပြင် နည်းပညာပိုင်းဆိုင်ရာ ဆုံးရှုံးမှု နှင့် လူတို့၏ မသမာမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆုံးရှုံးမှုများကို လျော့နည်းပပျောက်စေရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်နေ ကြောင်းလည်းသိရသည်။
■ နည်းပညာဆိုင်ရာဆုံးရှုံးမှုများကို နိုင်ငံတကာတွင် လက်ခံထားသည့် ပျောက်ဆုံးမှုရာခိုင်နှုန်း စံနှုန်းများအတိုင်း ရှိစေရေးအတွက် နည်းပညာပိုင်ဆိုင်ရာ မြှင့်တင်မှုများ၊ ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများကို ပုံမှန်ထိန်းသိမ်းခြင်း၊ smart မီတာများ တပ်ဆင်ခြင်းနင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အချိန်နှင့်တပြေးညီစောင့်ကြည့်သည့်စနစ်များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ထိုကြောင့် လူတို့၏ မသမာမှုများကြောင့် ဆုံးရှုံးမှုများကိုလည်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာဟန့်တားဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် မသမာပြုလုပ်သူများကို တွေ့ရှိပါကလည်း သတင်ပေးတိုင်ကြားနိုင်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 11 June 2026
၁။ အိန္ဒိယကရူပီး(၁၇)ဒသမ(၇၅)သန်းကျော် တန်ဖိုးရှိစက်ပစ္စည်းကိရိယာများပေးအပ်
၂။ သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်သည့် အကျိုးပြုဧရိယာဒေသအဖြစ်ဆယ်အိမ်တန်းကမ်းခြေကိုဖော်ဆောင်သွားမည်ဟုဆို
၃။ ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဆန်ဆိုင်များကိုအဖွဲ့စုံဖြင့်စစ်ဆေးနေ
၄။ ကမ္ဘာ့ဖလားပွဲမတိုင်မီဆန္ဒပြထုတ်ဖော်ရန် အမေရိကန်အလုပ်သမားများပြင်ဆင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 72 of 2477