#Local_News
Published 9 April 2025
▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးမှ ရဟန်း ရှင်လူပြည်သူအများဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကိုးရက်တိုင်တိုင် ကျင်းပနေကြောင်းရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ကျင်းပပြုလုပ်သည့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကိုယမာန်နေ့ည ၇ နာရီတွင် ဆရာတော်၊သံဃာ့တော် ၁၈ ပါးမှစေတီတော်ရင်မြောက်ဘက်မုခ်အောင်မြေရှိ ချမ်းသာကြီးတန်းဆောင်၌အလှည့်ကျယမာန်နေ့ ဧပြီ၈ရက်နေ့ ည ၇နာရီမှ မှ ဧပြီ ၁၆ ရက်နေ့အထိ ၉ ရက်တိုင်တိုင်ရဟန်းရှင်လူ ပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန် ပရိတ်တရားတော်များကိုရွတ်ပွားသရဇ္ဈာယ်ပူဇော်လျှက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသည့် ဆရာတော်၊သံဃာ့တော်များကြွရောက်တော်မူကြပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များ၊ဘာသာရေးဝတ်အသင်းအဖွဲ့များတက်ရောက်ကြည်ညိုကြကြောင်း သိရသည်။
▪️ အခမ်းအနားတွင် ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
▪️ ထို့နောက်ဆရာတော်၊သံဃာ့တော်များ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များပရိတ်တရားတော်အားစုပေါင်းရွတ်ဖတ်ပူဇော်ကြသည်။
▪️ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါစရိယ၊ စေတီယင်္ဂဏပဝရသီရိ မဟာဓမ္မဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ) ပါဠိပါရဂူ လှရတနာဆရာတော်ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ် အဓိဌာန်ပြု ဆုတောင်း၍အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရား၊စေတီများတွင်လည်းဆရာတော်၊သံဃာ့တော်များဝတ်အသင်းအဖွဲ့များကလည်းရဟန်းရှင်လူ ပြည်သူအများဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 April 2025
▪️ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသများမှ ကျောင်းသားများအတွက် တောင်ကိုရီးယားအခြေစိုက် ဟန်ဆန်းတက္ကသိုလ် (Hansung University)က ပညာသင်ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ပေးအပ်ရာတွင် ငလျင်ဒဏ်သင့်နေရာများရှိ ပညာထူးချွန်ကျောင်းသားများ၊ ငလျင်ဒဏ်ကြောင့် မိသားစုအခြေအနေ အခက်အခဲဖြစ်သွားခဲ့ရသော ထူးချွန်ကျောင်းသားများ၊ ငလျင်ကြောင့် ဘဝရပ်တည်ရေးခက်ခဲသွားသော ထူးချွန်ကျောင်းသားများကို ပေးအပ်မည်ဖြစ်ပြီးအချက်အလက်များနှင့်ကိုက်ညီသောကျောင်းသားများသည်၎င်းတို့ကြုံတွေ့ခဲ့ရသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံဆုံရင်ဆိုင်ခဲ့ရမှုများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဘဝအခက်အခဲ ကြုံတွေ့ရမှုများနှင့် ပညာဆက်လက်သင်ကြားရန်အတွက် မည်သို့အခက်ကြုံနေရပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများနှင့် အမှန်တကယ်ရင်ဆိုင်ခဲ့ရသော မိသားစုဖြစ်ကြောင်းများကို အတည်ပြုစာရွက်စာတမ်းများဖြင့် ဧပြီလ ၁၀ ရက်မှ မေလ ၉ ရက်အတွင်း ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ ကျောင်းသားများ၏ တင်ပြသည့်အချက်အလက်မျာအပေါ်တွင်မူတည်၍ ဟန်ဆန်းတက္ကသိုလ်(Hansung University)ဘက်က ပညာသင်ဆု ပေးအပ်သင့်၊ မသင့်ကို အကဲဖြတ်ကာ ဆုံးဖြတ်ချက်ချမှတ်ပေးသွားမည်ဖြစ်ပြီးအသေးစိတ်အချက်အလက်များကို တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 9 April 2025
▪️ နေပြည်တော် ၊ရန်ကုန်နှင့် မန္တလေးမြို့နှင့်အနီးတဝိုက်တွင် ယနေ့ညနေပိုင်း၌ နေရာကွက်ကြားမိုးရွာနိုင်ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ၊မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မနက်ပိုင်းတွင်ထုတ်ပြန်ထားသည်။
▪️ ယနေ့ ဧပြီလ ၉ ရက်နေ့ မြန်မာစံတော်ချိန် မနက်၅ နာရီ ခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ ဧပြီလ ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင် ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
▪️ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ကြောင်း၊ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်ဖြစ်ပြီးရွာရန်ရာနှုန်း ၈ဝ ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်အရ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 April 2025
▪️ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး ရှိ စပါရှယ်တောင်အဆင်းတွင်ခရီးသည် ယာဉ် ချောက်ထဲကျ၍ ခုနှစ်ဦးေ-သဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့မှသိရသည်။
▪️ ဧပြီ၈ ရက်နေ့၊ ည ၁၀နာရီ ၄၀ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၆/၆-၇ကြား၊ စပါရှယ်တောင်အဆင်းတွင် Rozer ၆ဘီး(ခရီးသည်)ယာဉ်သည် လမ်း၏ယာဘက် ပေ(၅၀၀)ခန့်နက်သော ချောက်ထဲသို့ထိုးကျသွားကြောင်း သိရသည်။အဆိုပါသတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူ ၇ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 April 2025
▪️ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သည့် ဆွာချောင်းတံတားကို ယနေ့ဧပြီလ ၉ရက်မှ စတင်ကာ တန် ၂၀ မော်တော်ယာဉ်ကြီးများဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင်ဆွာချောင်းတံတား အား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရန်အတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူဆောင်ရွက် လျက်ရှိပြီးရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံ နှင့် ၁၆၅ မိုင် ၃ ဖာလုံကြား ရှိ ဆွာချောင်းတံတား ပြင်ဆင်မှု အခြေအနေအား ဧပြီလ ၇ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးစိုးဝင်းကသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့သို့ စစ်ဆေးရာတွင်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် အသွားလမ်း ပေ ၈၁၀ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ P7 ကို ဗဟိုထား၍ နှစ်လွှာ တစ်ထပ် ယာယီဘေလီတံတားပေ ၁၉၀ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပေ ၄၀
သုံးလွှာသုံးထပ် ဘေလီငြမ်း ထောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၈ ဧပြီ ၂၀၂၅
အမေရိကန်ပြည်ထောင်စု အခြေစိုက် အကျပ်အတည်းတုန့်ပြန်ရေး လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Samaritan's Purse ၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်တွင် ယာယီ ဆေးရုံ ဖွင့်လှစ်ကာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးဝါးကုသပေးလျက် ရှိပါတယ်။
Samaritan's Purse သည် နေပြည်တော် ရွှေကြာပင် ဘောလုံးကွင်းနှင့်အားကစားရုံအတွင်းတွင် ယာယီ ဆေးရုံတစ်ရုံဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
ထိုအဖွဲ့သည် ဧပြီ ၇ ရက်က ငလျင်ဘေးသင့် အရိုးလူနာ (၄) ဦးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုကဲ့သို့ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်းကို Samaritan's Purse ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ လူနာ ၁၀၀နီးပါးက ဆေးဝါးကုသခံဖို့စောင့်ဆိုင်းနေကြတဲ့အတွက် သူတို့ရဲ့ဆေးအဖွဲ့ဟာ ယာယီဆေးရုံ တည် ဆောက်မှုပြီးစီးအောင် မစောင့်ဘဲ အနီးနားက အဆောက်အဦတစ်ခုထဲမှာပဲ ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ Samaritan's Purse အဖွဲ့ကပြောပါတယ်။
မကြာမီမှာ ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိလာမှာဖြစ်ပြီး အဲဒီအထဲမှာ ကယ်ဆယ်ရေးပစ္စည်းတွေက ၁၀၄တန်ကျော်ပါဝင်တယ်လို့ အဖွဲ့ကပြောပါတယ်။ အဲဒါတွေက ရေသန့်စင် စက် (၆)ခု၊ ဆိုလာမီးများ၊စောင်များ၊ခြင်ထောင်များနှင့် အခြားသော အရေးကြီးလိုအပ်သော ပစ္စည်းများ ပါဝင်တယ်လို့ ဆိုပါတယ်။
Samaritan’s Purse အဖွဲ့ဟာ မြန်မာနိုင်ငံတွင် ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းကယ်ဆယ်တုန့်ပြန်ရေး လုပ်ငန်းတွေမှာ လာရောက်ကူညီလုပ်ဆောင်ခဲ့ဖူးပြီး ၂၀၁၇မှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ခဲ့တယ်လို့သိရှိရပါတယ်။
April 8, 2025
Nay Pyi Taw - Samaritan's Purse, a U.S.-based crisis response and humanitarian organization, has opened a temporary hospital in Nay Pyi Taw, Myanmar, to provide medical treatment for those injured in the Mandalay earthquake.
According to a press release from the Ministry of Health, Samaritan's Purse has set up a temporary hospital inside the Shwe Kyarpin football field and sports complex in Nay Pyi Taw.
The organization successfully performed surgeries on four earthquake victims with bone injuries on April 7, as stated in the release.
Samaritan's Purse also confirmed the successful surgeries in its own press statement. Since nearly 100 patients were waiting for medical treatment, their medical team began providing care in a nearby building without waiting for the full construction of the temporary hospital.
A second batch of relief supplies is expected to arrive soon, including over 104 tons of aid, such as six water purification systems, solar lights, blankets, mosquito nets, and other essential items.
Samaritan’s Purse has previously assisted in Myanmar during the 2008 Cyclone Nargis relief efforts and maintained an office in the country from 2017 to 2022.
#ymg/knl
Page 76 of 2049