#Local_News
Published 29 August 2025
မန္တလေးမြေငလျင်လှုပ်ပြီး ငါးလအကြာ၌ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှ အမျိုးသားနှင့်အမျိုးသမီး ရုပ်အေ_လာင်း ငါးေ-လာင်း ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
အဆိုပါ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား NTL ကုမ္ပဏီ(Sky villa condo)၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာဩဂုတ် (၂၉) ရက်နေ့တွင် အဆောင် (A)၊ အခန်းအမှတ် A3 မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့၏ ရုပ်အလောင်းများအားမနက် ၁၀ နာရီ၂၅မိနစ် အချိန်တွင် လည်းကောင်း၊အဆောင် (A)၊ အခန်းအမှတ် A3 မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ကို ရုပ်အလောင်းများကို ၁၂ နာရီ ၅မိနစ်အချိန်တွင် ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထပ်မံထုတ်ယူနိုင်ခဲ့သည့်ရုပ်အေ-လာင်းများကို မြတ်သဒ္ဒါလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 29 August 2025
▪️ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများစက်တင်ဘာလ(၁)ရက်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀၀) ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝ၀) ကျပ် တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၅၂) နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရောင်းချပေးမည်ဖြစ်ကြောင်း၊ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို သက်ဆိုင်ရာကျောင်းများမှလည်းကောင်း၊ ပြင်ပမှဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှလည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်စေလွှတ်၍ လာရောက်ဝယ်ယူရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံများကို ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့်ပန်းရောင်အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
▪️ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား ကျောင်းသူများအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများသည် လျှောက်လွှာတစ်စောင်ချင်းစီတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများကိုကပ်၍ မိမိတို့ကျောင်းအလိုက် ဖြေဆိုခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့လည်းကောင်း၊ ပြင်ပမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့်သူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများနှင့် လျှောက်လွှာများဝယ်ယူပြီး ဖြေဆိုခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် အဆိုပါငွေသွင်းတံဆိပ်ခေါင်းကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင်လည်းကောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း တင်သွင်းကြရမည်ဖြစ်
ကြောင်း၊သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည်မဟုတ်ကြောင်းသိရသည်။
▪️ ထို့ပြင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားတို့တွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့် ပြုမည်မဟုတ်ပါသဖြင့် မိမိတို့ဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး ဖြေဆိုမည့်သူကိုယ်တိုင် ဖြည့်စွက်လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 28 August 2025
၁။ လုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကိုခွင့်ပြု
၂။ ယူနီဆက်နှင့်KOICA ပူးပေါင်း၍ မြန်မာကလေးများအရေးဆောင်ရွက်မည်
၃။ စစ်တောင်းမြစ်နှင့် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ
၄။ ဘင်္ဂလားဒေ့ရှ်အတွက်တရုတ်ဆောက်လုပ်ပေးသည့်မြို့ရှောင်အဝေးပြေးလမ်းမကြီးပထမအပိုင်းစတင်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး အတွင်းက စက်မှုဇုန်နဲ့ စက်မှုဇုန်ပြင်ပရှိ စက်ရုံ/အလုပ်ရုံတွေအနေနဲ့ စက်ရုံရှိ အလုပ်သမားတွေကို အချိန်ပိုခေါ်ယူ လုပ်ကိုင်ဖို အတွက် အလုပ်သမားဝန်ကြီးဌာနထံ အချိန်ပိုခွင့်ပြုမိန့်တောင်းခံရမယ်လို့သိရပါတယ်။
#Local_News
Published 28 August 2025
#ရန်ကုန်တိုင်းဒေသကြီး #စက်ရုံ/အလုပ်ရုံ
#YMG/SW #Yangon_Times
စစ်တောင်းမြစ်ရေနဲ့မယ်ဆိုင်ချောင်းရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို အနည်းငယ်စီ ကျော်လွန်ရောက်ရှိနေသလို တာချီလိတ်မြိုမှာလည်း ဒီကနေ့ မနက်ပိုင်းမှာ မိုးဆက်ရွာနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
#Local_News
Published 28 August 2025
#စစ်တောင်းမြစ်ရေ #မယ်ဆိုင်ချောင်းရေ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရှိ ကလေးသူငယ်၊ မိသားစုနဲ့အသိုက်အဝန်းများအတွက် ပိုမိုဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးနိုင်ဖိုအတွက် ယူနီဆက် နဲ့ ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) တို လက်တွဲဆောင်ရွက်သွားမယ်လို သိရပါတယ်။
#Local_News
Published 28 August 2025
#ယူနီဆက် #KOICA
#YMG/SW #Yangon_Times
ပြည်တွင်းလုပ်သား ၅,ဝဝ၂ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကို ခွင့်ပြုလိုက်တယ်လို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကသိရပါတယ်။
#Local_News
Published 28 August 2025
#ပြည်တွင်းလုပ်သား #ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ
#YMG/NN #Yangon_Times
Page 75 of 2220